Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 21, 2019

မင္မဲ့စရိုက္ ဆန္လိုက္တာ ေၾကာက္စရာႀကီးပါ မေသမျခင္းသတ္တာ ရက္စက္လြန္းတယ္..


ေတာင္ငူၿမိဳ႕သစ္ ၂ ေလာင္ၿပိဳင္လူသတ္မႈ ေနာက္ဆက္တြဲ (သတင္း အျပည့္အစံု)

ေတာင္ငူၿမိဳ႕နယ္၊ ေကတုမတီၿမိဳ႕သစ္၊ မင္းႀကီးညိဳရပ္ကြက္တြင္ ေဖေဖာ္ဝါရီ ၂၁ ရက္၊ နံနက္၈နာရီခန္႔က တပ္မေတာ္ဗုိလ္မွဴးအၿငိမ္းစား ဦးစုိးလင္းသန္းႏွင့္ ဇနီး ေဒၚေခ်ာစုလင္းဆုိသူတုိ႔ႏွစ္ဦးအသတ္ခံခဲ့ရၿပီး ၎တုိ႔၏သမီး နဝမတန္းေက်ာင္းသူမွာလည္း ဒဏ္ရာရ၍ ေဆးကုထားရေၾကာင္း ေကတုမတီၿမိဳ႕သစ္အုပ္ခ်ဳပ္ေရးမွဴးရုံးထံမွ သိရွိရသည္။

ေသဆံုးသူႏွစ္ဦးႏွင့္ သမီးျဖစ္သူတုိ႔သည္ မင္းႀကီးေဆြရပ္ကြက္ေန ဦးရဲဝင္း (၅၁ ႏွစ္) ႏွင့္ ဖခင္ျဖစ္သူ ဦးတုိးၾကည္ (၇၆ ႏွစ္) ေနအိမ္သို႔ ကားျဖင့္ေရာက္လာၿပီး ဦးရဲဝင္းထံမွဝယ္ထားသည့္ ၿခံေျမဂရန္ကို သက္တမ္းတုိးရန္ ၎၏မွတ္ပံုတင္၊ သန္းေခါင္စာရင္းမိတၱဴကို လာေရာက္ေတာင္းခံသည့္ ကိစၥႏွင့္ပတ္သက္ၿပီး စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ မႈခင္းမွတ္တမ္းတြင္ေဖာ္ျပထားသည္။

ေနအိမ္ၿခံဝင္းထဲမွျပန္ထြက္လာစဥ္ ဦးရဲဝင္းႏွင့္၎၏ ဖခင္ျဖစ္သူတုိ႔က အိမ္ထဲမွထြက္လာၿပီး လမ္းေဘး႐ွိ လွ်ပ္စစ္ဓာတ္တုိင္ေႂကြသီးေဟာင္း ႏွင့္လိုက္ထုခဲ့ေၾကာင္း၊ ခုိက္ရန္ျဖစ္မႈတြင္ ေက်ာင္းသူမွာ သာမန္ဒဏ္ရာသာရၿပီး ဗုိလ္မွဴးေဟာင္းႏွင့္ဇနီးမွာေတာင္ငူေဆးရံုႀကီးတြင္ နံနက္ ၁၀ နာရီခန္႔က ေသဆံုးခဲ့ေၾကာင္း ေကတုမတီၿမိဳ႕သစ္ နယ္ေျမရဲစခန္း မႈခင္းမွတ္တမ္းမ်ားအရ သိရွိရသည္။

လူမႈကြန္ရက္တြင္တက္ေနသည့္ အဆိုပါခုိက္ရန္ျဖစ္မႈ႐ုပ္သံဖုိင္မွာ အခင္းျဖစ္ေနရာအနီး႐ွိ ကေလးတစ္ဦးက ႐ိုက္ကူးထားျခင္းျဖစ္သည္ဟု ကနဦးသိရၿပီး ေသဆံုးသူ ဗုိလ္မွဴးေဟာင္းႏွင့္ ျပစ္မႈက်ဴးလြန္သူဟုယူဆရသည့္ သားအဖႏွစ္ဦးအနက္တစ္ဦးႏွင့္ လံုးေထြးသတ္ပုတ္ေနသည္ကို ျမင္ေတြ႔ရၿပီး ပတ္ဝန္းက်င္က ဆြဲလြဲျဖန္ေျဖၿပီးခ်ိန္ လွ်ပ္စစ္ေႂကြသီးျဖင့္ လိုက္ထုသည့္ အေနအထားျမင္ေတြ႔ရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ေကတုမတီၿမိဳ႕သစ္နယ္ေျမရဲစခန္းမွဴးထံ ဖုန္းဆက္သြယ္ေမးျမန္းေသာ္လည္း ေမးျမန္း၍မရေပ။ အမႈႏွင့္ပတ္သက္၍မူ ဦးရဲဝင္းႏွင့္ ၎၏ဖခင္ျဖစ္သူ ဦးတုိးၾကည္တုိ႔ကုိ ေကတုမတီၿမိဳ႕သစ္နယ္ေျမရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

မင္းမဲ့စရိုက္ဆန္ဆန္ ေတာင္ငူၿမိဳ႕မွာ ၂ ေလာင္းၿပိဳင္လူသတ္မႈ ဗြီဒီယိုဖိုင္ထြက္ေပၚလာ.. (ဒီေန႔ မနက္မွာျဖစ္တာ)

ဒီေန႔မနက္မွာတင္ျဖစ္သြားတာတဲ့.. ေတာင္ငူၿမိုဳ႕သစ္ ေတာင္ငူျမိဳ႕သစ္ ပိုင္အိုးနီးယားစားေသာက္ဆိုင္အနီး ယေန႕ နံနက္ ၉ နာရီဝန္းက်င္ ၂ေလာင္းျပိဳင္ လူသတ္မႈ VIDEO ဖိုင္

မင္မဲ့စရိုက္ ဆန္လိုက္တာ ေၾကာက္စရာႀကီးပါ မေသမျခင္းသတ္တာ ရက္စက္လြန္းတယ္..
လက္ရွိမွာေတာ့ ကနဦးသတင္းအျဖစ္ပဲ သိထားရပါေသးတယ္ ..။ အေသးစိတ္ကိုေတာ့ သိရွိၿပီးတာနဲ႔ ဆက္လက္တင္ေပးသြားပါမည္။ မင္းမဲ့စရိုက္ဆန္လြန္းလွတဲ့ အခုလိုျဖစ္ရပ္မ်ိဳးေတြလည္း ေနာက္ထပ္ေနာက္ထပ္ ထပ္မျဖစ္ၾကပါေစနဲ႔လို႔ ဆုေတာင္းပါတယ္ဗ်ာ.. ေၾကာက္စရာေကင္းလြန္းလို႔ပါ.. ။

tawthu





ဒီေန႔ ေတာင္ငူမွာ အသတ္ခံရတဲ့ လင္မယားႏွစ္ေယာက္ရဲ႕ မိသားစုေလးပါ...
#Unicode Version#
တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ မင်းကြီးညိုရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက်၈နာရီခန့်က တပ်မတော်ဗိုလ်မှူးအငြိမ်းစား ဦးစိုးလင်းသန်းနှင့် ဇနီး ဒေါ်ချောစုလင်းဆိုသူတို့နှစ်ဦးအသတ်ခံခဲ့ရပြီး ၎င်းတို့၏သမီး နဝမတန်းကျောင်းသူမှာလည်း ဒဏ်ရာရ၍ ဆေးကုထားရကြောင်း ကေတုမတီမြို့သစ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

သေဆုံးသူနှစ်ဦးနှင့် သမီးဖြစ်သူတို့သည် မင်းကြီးဆွေရပ်ကွက်နေ ဦးရဲဝင်း (၅၁ နှစ်) နှင့် ဖခင်ဖြစ်သူ ဦးတိုးကြည် (၇၆ နှစ်) နေအိမ်သို့ ကားဖြင့်ရောက်လာပြီး ဦးရဲဝင်းထံမှဝယ်ထားသည့် ခြံမြေဂရန်ကို သက်တမ်းတိုးရန် ၎င်း၏မှတ်ပုံတင်၊ သန်းခေါင်စာရင်းမိတ္တူကို လာရောက်တောင်းခံသည့် ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။

နေအိမ်ခြံဝင်းထဲမှပြန်ထွက်လာစဉ် ဦးရဲဝင်းနှင့်၎င်း၏ ဖခင်ဖြစ်သူတို့က အိမ်ထဲမှထွက်လာပြီး လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်ကြွေသီးဟောင်း နှင့်လိုက်ထုခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်မှုတွင် ကျောင်းသူမှာ သာမန်ဒဏ်ရာသာရပြီး ဗိုလ်မှူးဟောင်းနှင့်ဇနီးမှာတောင်ငူဆေးရုံကြီးတွင် နံနက် ၁၀ နာရီခန့်က သေဆုံးခဲ့ကြောင်း ကေတုမတီမြို့သစ် နယ်မြေရဲစခန်း မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

လူမှုကွန်ရက်တွင်တက်နေသည့် အဆိုပါခိုက်ရန်ဖြစ်မှုရုပ်သံဖိုင်မှာ အခင်းဖြစ်နေရာအနီးရှိ ကလေးတစ်ဦးက ရိုက်ကူးထားခြင်းဖြစ်သည်ဟု ကနဦးသိရပြီး သေဆုံးသူ ဗိုလ်မှူးဟောင်းနှင့် ပြစ်မှုကျူးလွန်သူဟုယူဆရသည့် သားအဖနှစ်ဦးအနက်တစ်ဦးနှင့် လုံးထွေးသတ်ပုတ်နေသည်ကို မြင်တွေ့ရပြီး ပတ်ဝန်းကျင်က ဆွဲလွဲဖြန်ဖြေပြီးချိန် လျှပ်စစ်ကြွေသီးဖြင့် လိုက်ထုသည့် အနေအထားမြင်တွေ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကေတုမတီမြို့သစ်နယ်မြေရဲစခန်းမှူးထံ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း မေးမြန်း၍မရပေ။ အမှုနှင့်ပတ်သက်၍မူ ဦးရဲဝင်းနှင့် ၎င်း၏ဖခင်ဖြစ်သူ ဦးတိုးကြည်တို့ကို ကေတုမတီမြို့သစ်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ The Voice

မင်းမဲ့စရိုက်ဆန်ဆန် တောင်ငူမြို့မှာ ၂ လောင်းပြိုင်လူသတ်မှု ဗွီဒီယိုဖိုင်ထွက်ပေါ်လာ.. (ဒီနေ့ မနက်မှာဖြစ်တာ)

ဒီနေ့မနက်မှာတင်ဖြစ်သွားတာတဲ့.. တောင်ငူမြိုု့သစ် တောင်ငူမြို့သစ် ပိုင်အိုးနီးယားစားသောက်ဆိုင်အနီး ယနေ့ နံနက် ၉ နာရီဝန်းကျင် ၂လောင်းပြိုင် လူသတ်မှု VIDEO ဖိုင်

မင်မဲ့စရိုက် ဆန်လိုက်တာ ကြောက်စရာကြီးပါ မသေမခြင်းသတ်တာ ရက်စက်လွန်းတယ်..

လက်ရှိမှာတော့ ကနဦးသတင်းအဖြစ်ပဲ သိထားရပါသေးတယ် ..။ အသေးစိတ်ကိုတော့ သိရှိပြီးတာနဲ့ ဆက်လက်တင်ပေးသွားပါမည်။ မင်းမဲ့စရိုက်ဆန်လွန်းလှတဲ့ အခုလိုဖြစ်ရပ်မျိုးတွေလည်း နောက်ထပ်နောက်ထပ် ထပ်မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်ဗျာ.. ကြောက်စရာကေင်းလွန်းလို့ပါ.. ။
tawthu

No comments:

Post a Comment