Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 19, 2019

ဘုန္းႀကီးေတြကို သူေတာင္းစားလို႔ေျပာတဲ့ မိန္းမတစ္ေယာက္ေၾကာင့္ ဦးဇင္းေလးတစ္ပါးက ျပန္ေရးထားတာေလးပါ။


(က်ဳ ဳ ပ္​တို႔ကသူ​ေတာင္​းစား​ေတြပါ)

ဘုန္းႀကီးေတြကို သူေတာင္းစားလို႔ေျပာတဲ့ မိန္းမတစ္ေယာက္ေၾကာင့္ ဦးဇင္းေလးတစ္ပါးက ျပန္ေရးထားတာေလးပါ။
ဟုတ္​ပါတယ္​ ဘုန္းႀကီးဆိုတာ သူ​ေတာင္​းစားေတြပါ
မိုးမလင္​း​ေသးဘူးသူမ်ားအိမ္​​ေ႐ွ႕ တံစက္​ၿမိတ္​​ေအာက္​မွာခြက္​အမည္​းႀကီး ပိုက္​ၿပီးတန္​းစီးၿပီး ​ေတာင္​းစား​ေနတာ က်ဳပ္​တို႔​ေတြပါ။
ဒီသာသနာထဲ ၀င္​လာရင္​ဒီလို ကဲ့ရဲ ျပစ္​တင္​ ​ေ၀ဖန္​မယ္​ဆိုတာ သိ​ေနပါလ်က္​ဇြတ္​ထိုးၿပီး ကတုံးတုံး သကၤန္​း၀တ္​ခဲ့ၾကတာ ဒီ သူ​ေတာင္​းစား​ေတြ​ေပါ့။
ကိုယ္​ပိုင္​ စီးပြား​ေရးက မရိွ၊တစ္​လတစ္​ခါ လစာရတဲ့ ၀န္​ထမ္​း​ေတြလည္​း မဟုတ္​လုိ႔​ေတာင္​းစားမိတာ ခြင္​့လြတ္​ပါဗ်ာ။
ဘုရား႐ွင္​ရဲ႕ သား​ေတာ္​​ေတြမို႔​ေ႐ွ႕​ေ႐ွ႕ဘုရား႐ွင္​တို္႔ ပညတ္​ထား​ေတာ္​မူသည္​့ ၀ိနည္​းစည္​းကမ္​း​ေတြထဲ ​ေတာင္းစားရမယ္​လို႔ ပညတ္​ထား​ေတာ့က်ဳပ္​တို႔လည္း ​ေတာင္​းစားရတာေပါ့။
အမ်ားထင္​သလို သာသနာ့​ေဘာင္​ကအ​ေနလည္​းမ​ေခ်ာင္​၊ အစားလည္​းမ​ေခ်ာင္​ပါဘူး။
ဒါကုိ ကိုယ္​တိုင္​း၀တ္​ဖူးမွ စာနာ နားလည္​ပါလိမ္​့မယ္​။
ဦးဇင္​းတို႔လည္​း ဘယ္​​ေတာင္​းစားခ်င္​ပါ့မလဲ၊အထင္​​ေသးတဲ့ မ်က္​၀န္​း​ေတြကို ရင္​ဆိုင္​ဖို႔ အင္​အား​ေတြလည္​း ခ်ိဳ႕တဲ့​ေနပါၿပီ။
ဒီသာသနာမွာ ဒီသူ​ေတာင္​းစား​ေတြသာ မရိွခ့ဲရင္​ဒီဘုရားသာသနာ ​ေပ်ာက္​ကြယ္​တာ ၾကာ​ေရာ​ေပါ့
ခုလည္​း သူ​ေတာင္​းစား​ေတြ မမ်ား​ေတာ့ပါဘူး။​ေနာက္​ဆို ခင္​မ်ားတို႔ ​ေပးခ်င္​ကမ္​းခ်င္​တယ္​​ဆိုရင္​​​ေတာင္​​ေနပူပူ မိုးရြာရြာ အိမ္​​ေ႐ွ႕မွာ လာ​ေတာင္​းၾကတဲ့ဒီသူ​ေတာင္​းစား​ေတြကို ​ေနာက္​ဆို ခင္​မ်ားတို႔ ျမင္ရေတာ့မွာ မဟုတ္​ပါဘူး။
အ႐ွင္​ဥတၱမသာရ [ ကသစ္​ကန္​ ]

#Unicode Version# ျဖင့္ဖတ္ပါ ။

(ကျု ု ပ်တို့ကသူတောင်းစားတွေပါ)

ဘုန်းကြီးတွေကို သူတောင်းစားလို့ပြောတဲ့ မိန်းမတစ်ယောက်ကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ။

ဟုတ်ပါတယ် ဘုန်းကြီးဆိုတာ သူတောင်းစားတွေပါ

မိုးမလင်းသေးဘူးသူများအိမ်ရှေ့ တံစက်မြိတ်အောက်မှာခွက်အမည်းကြီး ပိုက်ပြီးတန်းစီးပြီး တောင်းစားနေတာ ကျုပ်တို့တွေပါ။

ဒီသာသနာထဲ ဝင်လာရင်ဒီလို ကဲ့ရဲ ပြစ်တင် ဝေဖန်မယ်ဆိုတာ သိနေပါလျက်ဇွတ်ထိုးပြီး ကတုံးတုံး သင်္ကန်းဝတ်ခဲ့ကြတာ ဒီ သူတောင်းစားတွေပေါ့။

ကိုယ်ပိုင် စီးပွားရေးက မရှိ၊တစ်လတစ်ခါ လစာရတဲ့ ဝန်ထမ်းတွေလည်း မဟုတ်လို့တောင်းစားမိတာ ခွင့်လွတ်ပါဗျာ။

ဘုရားရှင်ရဲ့ သားတော်တွေမို့ရှေ့ရှေ့ဘုရားရှင်တို့် ပညတ်ထားတော်မူသည့် ဝိနည်းစည်းကမ်းတွေထဲ တောင်းစားရမယ်လို့ ပညတ်ထားတော့ကျုပ်တို့လည်း တောင်းစားရတာပေါ့။

အများထင်သလို သာသနာ့ဘောင်ကအနေလည်းမချောင်၊ အစားလည်းမချောင်ပါဘူး။

ဒါကို ကိုယ်တိုင်းဝတ်ဖူးမှ စာနာ နားလည်ပါလိမ့်မယ်။

ဦးဇင်းတို့လည်း ဘယ်တောင်းစားချင်ပါ့မလဲ၊အထင်သေးတဲ့ မျက်ဝန်းတွေကို ရင်ဆိုင်ဖို့ အင်အားတွေလည်း ချို့တဲ့နေပါပြီ။

ဒီသာသနာမှာ ဒီသူတောင်းစားတွေသာ မရှိခဲ့ရင်ဒီဘုရားသာသနာ ပျောက်ကွယ်တာ ကြာရောပေါ့

ခုလည်း သူတောင်းစားတွေ မများတော့ပါဘူး။နောက်ဆို ခင်များတို့ ပေးချင်ကမ်းချင်တယ်ဆိုရင်တောင်နေပူပူ မိုးရွာရွာ အိမ်ရှေ့မှာ လာတောင်းကြတဲ့ဒီသူတောင်းစားတွေကို နောက်ဆို ခင်များတို့ မြင်ရတော့မှာ မဟုတ်ပါဘူး။
အရှင်ဥတ္တမသာရ [ ကသစ်ကန် ]

No comments:

Post a Comment