Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 19, 2019

တေးသံရှင်တသသ မေတ္တာရပ်ခံလိုက်တဲ့စာ



မိန်းမတစ်ယောတ်

တသသ.......
ကျွန်မကိုဝေဖန်းပာတိုက်ခိုက်ပာ
ဆရာတော်ကိုတော့မတိုက်ခိုက်စေချင်ဘူး
ကျွန်မတောင်းပန်ပါတယ်
ကျွန်မအခုရှယ်တဲ့ပိုစ့်ကစာလေးကိုလည်း
ဆုံးအောင်ဖက်ပေးပါဒါဆိုကျွန်မဘာလို့အဲလို
သီချင်းဆိုကလည်းသိမှာပါ
ပရိတ်သတ်ကြီးအားလုံးလည်းစာဆုံးအောင်ဖက်ပေးပါ
အပြစ်ပြောချင်ရင်ကျွန်မကိုပြောခဲ့ပါနော်

ဒီသီချင်းလေးပြန်တွေ့တော့ဆုံးသွားတဲ့ကျွန်မအကိုကိုယ်
ပြန်သတိရမိတယ်အဲဒီအချိန်ကကျွန်မအိုးဘိုထောင်မှာ
အချုပ်ကျနေတာအာမခံနဲ့ပြန်လွတ်လာတာငါးရက်မြောက်တဲ့နေ့ပေါ့
တစ်နှစ်လောက်ဝရမ်းပြေပြီးအဖမ်ခံခဲ့တယ်
အာမခံနဲ့ပြန်လွတ်လာတယ်ကျွန်မအကိုဆုံးသွားတယ်
သင်္ဂြိုစရာဘုန်းကြီးပင့်ဘို့ငွေတစ်သောင်းတောင်လက်ထဲမရှိ့ဘူး ကျွန်မကိုချစ်ကြတဲ့တပည့်တွေကတရားပွဲလုပ်ပေးတယ် ကြွပေးတဲ့ဆရာတော်ကငွေတပြားမှမယူဘူး
တရားပွဲရက်ရောက်တော့အကိုဆုံးသွားတယ်
ကျွန်မငွေလိုတယ်ကိုတွေသူဌေးဘဝတုန်းက
ငွေသိန်းထောင်ချီးလုပ်ငန်းတူတွေဆီကဘယ်ချိန်ချေးချေး
ရနိုင်ပေမယ့်ဘာမှမရှိ့တော့တဲ့ဘဝမှာအကိုသေတာ
မြေချတဲ့အခါဘုန်းကြီးပင့်ရက်လည်လုပ်ချင်လို့
ငွေဆယ်သိန်းလောက်သွားချေဘူးတယ်
အဲဒီလူကငွေတော့မချေနိုင်ပါဘူး ညတရားပွဲပြီးရင်
သီချင်းဆိုပြပါဆုချမယ်ဆိုတော့ အကိုသေတဲ့အပူနဲ့
ဘာမှမမြင်နိုင်ပါဘူး ကျွန်မဘုန်းဘုန်းကိုလျှောက်တယ်
တရားပွဲပြီးရင်သီချင်းဆိုချင်ပါတယ်ဘုရားဆိုတော့
အပူတွေများလှတဲ့ကျွန်မကို ဆိုပါဆိုပြီး
ဘုန်းဘုန်းကခွင့်ပြုခဲ့ပါတယ် ကျွန်မတရားဆင်အောက်မှာ
သီချင်းစဆိုတာပါ ကျမ္မာရေးမကောင်းတဲ့ကျွန်မကိုစင်ပေါ်
တက်ဆိုပါဆိုပြီးဘုန်းဘုန်းကခွင့်ပြုတယ်
ကျွန်မစင်ပေါ်တက်ဆိုခဲ့ပါတယ်
တရားပွဲနဲ့သီချင်းဆိုတာမဆိုင်ပါဘူး ကျွန်မသိပါတယ်
သကြားနဲ့ ဆားလိုပေါ့သက်သက်ဆီပါ ဒါပေမယ့်
ကျွန်မအပူကိုဝိုင်းကူပေသလိုသဘောထားပြီး
ဘုန်းဘုန်းကဆိုခွင့်ပေးတာပါ ကျွန်မအဲဒီပွဲမှာ
သီချင်းဆိုတာ ဆယ်ရှစ်သိန်းဆုချရခဲ့ပါတယ်
အဲဒီငွေနဲ့ ကျွန်မအကိုကိုယ် မြေချခဲ့တယ်ရက်လည်နိုင်ခဲ့ပါ
တယ် တရားစင်ပေါ်ကဘုန်းဘုန်းမဆင်းတာသေချာ
မဆင်းပဲကျွန်မရဲ့သောကတွေကိုအားပေးခဲ့တာပါ
လူတွေကဝေဖန်ပါအကျန်ပေးပါဒါပေမယ့်
မဝေဖန်ခင်မြန်မာလူမျိုးခြင်းသူဘာကြောင့်အခုလို
လုပ်ရသလည်းအရင်တော့လေ့လာပါ ကျွန်မလည်း
ဗုဓ္ဒဘာသာမြန်မာလူမျိုးပါ
မိန်းမတစ်ယောတ်
တရားစင်ပေါ်တက်လို့သာသနာဖျက်တယ်ဆို
ဘုရားဘယ်သူကဖွားလည်း မိန်းမဖြစ်တဲ့အမိမယ်တော်
မာယာကဖွားခဲ့တာပဲလေ မိန်းမတိုင်းမိခင်တွေပါ
မိန်းမကောင်းမိန်းမမြတ်မိန်းမယုတ်ဘယ်လိုမိန်းမက
မွေးမွေး အမေဆိုတါအမေတွေပါပဲ
သီးချင်းလောက်နားထောင်ပြီးဝေဖန်မစောစေချင်ဘူး
တရားခွေစဆုံးရှိ့ပါတယ်ခုဝေဖန်နေတဲ့သူတွေရော
ကျွန်မတရားခွေစဆုံးအကုန်ကြည့်ပြီးကြပြီလား

ပြောချင်တာကဆန်အိပ့်ပေါက်တာ
ကြားနေကြတာက ဆင်အီးပေါက်တာ
အဲလိုပဲကြားရင်တော့အီပေါက်တဲ့အနံပဲရမယ်
ဆန်အိပ့်ပေါက်တာမမြင်မိ့တော့ဆန်တွေကုန်တာပေါ့
မှန်ကြည့်ပါ မှန်ကြည့်တော့ကို့ကိုယ်ကိုယ်ပြန်မြင်တာပေါ့
မှန်ပြောင်းနဲ့ကြည့်တော့သူများပဲမြင်နေရမှာပေါ့
ဒါကြောင့်အခုဝေဖန်နေတဲ့သူတွေကိုပြောချင်ပါတယ်
မှန်များများကြည့်ပေးပါလို့
ကျွန်မကတော့ကျွန်မကိုမုန်းနေသူရော
ချစ်ပေးကြသူတွေရောပရိတ်သတ်ကြီးအားလုံးကို
ချစ်ပါတယ်ရှင့် သေချာလေ့လာပါဝေဖန်ပါအကျန်ပေးပါ
ကိုယ်ချင်းစာတက်ပေးပါ (တသသ) 

No comments:

Post a Comment