Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 19, 2019

တစ်ချိန်ကပတ်သက်ခဲ့ဖူးသူနဲ့ ပတ်သက်ပြီးတိုက်ခိုက်နေတဲ့သူတွေကို ဒဲ့ပဲပြောလိုက်တဲ့ နန္ဒာလှိုင်



Thutasone
Source : Nandar Hlaing
#Unicode Version#
ပရိတ်သတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းက တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ နေရာယူခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။နန္ဒာလှိုင်က အပြစ်ပြောစရာမရှိတဲ့ ကျော့ရှင်းတဲ့ အလှတရားအစစ်ကို ပိုင်ဆိုင်ထားတဲ့အပြင် သူမရဲ့ စကားမပီတဲ့ဟန်လေးကလည်း ပရိတ်သတ်ကို တစ်မျိုးလေးဆွဲဆောင်ပါတယ်နော်။နန္ဒာလှိုင်က ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်လို့ သူမရဲ့ ဇာတ်ကားတွေကို ပရိတ်သတ်တွေက တစ်ခဲနက် အားပေးကြည့်ရှုကြပါတယ်။

နန္ဒာလှိုင်က အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး အိမ်ရဲ့ဝေယျာဝစ္စတွေကိုသာ မလစ်ဟင်းအောင် ဆောင်ရွက်နေတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပါနော်။ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို မွေးဖွားထားပြီး နန္ဒာလှိုင်ရဲ့ မိသားစုဘဝလေးကတော့ စိုစိုပြေပြေလေးပဲဖြစ်ပါတယ်။နန္ဒာလှိုင်ကလည်း တစ်သားမွေးတစ်သွေးလှဆိုသလို သမီးလေးသုံးယောက်မွေးဖွားပြီးတာတောင် နုဖတ်ပျိုမျစ်ခြင်းတွေက အရင်တိုင်းပဲရှိလို့နေပါတယ်။

ဒီနေ့မှာတော့ နန္ဒာလှိုင်က တစ်ချိန်ကပတ်သက်ဖူးသူဆိုတာကိုပြောပြလာပါတယ်။ နန္ဒာလှိုင်က ” တချိန်ကပတ်သက်ခဲ့ဖူးတဲ့သူဆိုတာရန်သူမဟုတ်သလိုချစ်သူလဲမဟုတ်တော့ပါဘူး သူငယ်ချင်းလဲမဖြစ်နိုင်တော့သလိုတိုက်ခိုက်နေစရာလဲမလိုပါဘူး ပြီးတော့ကိုယ်အဲလောက်မအားပါဘူးကွယ်”ဆိုပြီး ပြတ်ပြတ်သားသား ရေးတင်ထားတာပဲဖြစ်ပါတယ်။ တိုက်ခိုက်နေသူတွေ ဘယ်လိုပဲတိုက်ခိုက်ပါစေ အဲ့ဒါတွေ အတွက် မအားဘူးဆိုပြီးပြောထားပါတယ်။
Thutasone
Source : Nandar Hlaing

No comments:

Post a Comment