Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 26, 2019

ဇနီးမယား ဆိုတာ ပိုက္ဆံေပးစရာ မလိုတဲ့ ျပည့္တန္ဆာလား….။


ကေလးေမြးၿပီးသြားတဲ့ မိန္းမက ဘယ္ေလာက္ တန္သလဲ ?

ေလာကႀကီးမွာ မိန္းမ ေတာ္ေတာ္မ်ားမ်ားက မိမိရင္ေသြးေလးေတြ က်န္းမာေပ်ာ္႐ႊင္စြာ ေမြးဖြားႀကီးျပင္းလာဖို႔ အတြက္နဲ႔ ကိုယ္ဝန္ စေဆာင္ခ်ိန္ကစၿပီး လုပ္ေနၾက လုပ္ငန္းေတြ ရပ္ပစ္လိုက္ရတယ္…

သေႏၶသား အထိအခိုက္ မရွိရေအာင္ (၉) လေက်ာ္မွ် ဂ႐ုတစိုက္စိုက္နဲ႔ ထိန္းထိန္းသိမ္းသိမ္းေစာင့္ေရွာက္ရင္း ခက္ခက္ခဲခဲ ပင္ပင္ပန္းပန္း ေနထိုင္ရတယ္… ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက အေကာင္းမေျပာၾကဘူး… ခင္ပြန္းသည္ေတြ အပါအဝင္ေပါ့…

” အလုပ္လုပ္စရာ မလိုဘဲ အိမ္မွာ ကေလးထိန္းရင္း ေအးေအးေဆးေဆးေနလို႔ ရတာကို ပင္ပန္းတယ္လား ” တဲ့…

အိမ္သူ ဇနီးမယား ေတာ္ေတာ္မ်ားမ်ား ကိုယ့္ေယာက်ာ္းစီက ေဈးဖိုး မရွိလို႔ လက္ျဖန႔္ေတာင္းရတဲ့အခ်ိန္မွာ ဘယ္ေလာက္ သိမ္ငယ္ရသလဲ ဆိုတာ ဘယ္သူမွ မခံစားတတ္ဘူး… မသိရင္ဘဲ ေယာက်ာ္းက တစ္အိမ္လုံးအတြက္ ရွာေကြၽးေနၿပီး မိန္းမက ရသမွ် ပိုက္ဆံ ေအးေဆး ထိုင္ျဖဳန္းေနတဲ့ပုံပဲ…

အိမ္အလုပ္ လုပ္တာ ဝင္ေငြ မရွိဘူးတဲ့လား အေမ တစ္ေယာက္ရဲ႕ အလုပ္ တာဝန္နဲ႔ အလုပ္တန္ေၾကးကို တြက္ျပပါရေစ…

အေမတစ္ေယာက္ ဆိုတာ ျဖစ္လာရင္ ေအာက္ကအလုပ္ေတြ စၿပီး တာဝန္ယူရၿပီ…

၁) အိမ္အကူ – ေဈးဝယ္၊ ဟင္းခ်က္၊ အဝတ္ေလွ်ာ္၊ သန႔္ရွင္းေရး… (လခ – ၁သိန္း)

၂) ကေလးထိန္း – ထမင္းေကြၽး၊ ေရခ်ိဳး၊ ကေလးေခ်ာ့/ သိပ္၊ အႏၲရာယ္ မျဖစ္ရေအာင္ ေစာင့္ေရွာက္… (လခ – ၁သိန္း၅ေသာင္း)

၃) ဆရာမ – စာသင္၊ ပုံျပင္ေျပာ၊ အျပင္ထြက္လည္၊ မပ်က္စီးေအာင္ ပဲ့ျပင္ဆုံးမ… (လခ – ၂သိန္း)

၄) အိမ္ေတာ္ထိန္း – အိမ္ေစာင့္၊ ေတာက္တို မယ္ရ ခိုင္းသမွ်လုပ္၊ ေငြေၾကးစီမံ… (လခ – ၃သိန္း)

၅) ဆရာဝန္ – အိမ္သားေတြရဲ႕ က်န္းမာေရး ဂ႐ုစိုက္… (လခ – ၅သိန္း)

( ဒီလခ ပမာဏေတြက အျပင္မွာ လူေခၚရင္ ေပးရမယ့္ ေပါက္ေဈးကို ပ်မ္းမွ် တြက္ယူျပထားတာပါ… )

ပထမကာလ – သေႏၶစယူခ်ိန္

တာဝန္ – ကိုယ္ဝန္ေဆာင္ေပး၊ သေႏၶသားေစာင့္ေရွာက္၊ ေမြးဖြားဖို႔ ႀကိဳတင္ျပင္ဆင္၊ အနာဂတ္အတြက္ စီမံခန႔္ခြဲ… အခ်ိန္ (၁၀)လ

ဒုတိယကာလ – ေမြးဖြားခ်ိန္မွ ကေလးႏို႔ျပတ္ခ်ိန္ထိ

တာဝန္ – ႏို႔တိုက္မိခင္၊ သန႔္ရွင္းေရးသမား၊ ဆရာဝန္… အခ်ိန္ (၅)ႏွစ္

တတိယကာလ – ကေလးပညာ စသင္ခ်ိန္မွ ဘြဲ႕ရခ်ိန္ထိ

တာဝန္ – ေက်ာင္းပို႔/ႀကိဳ၊ ဆရာမ၊ လုံၿခဳံေရး… အခ်ိန္ (၁၅)ႏွစ္

စတုတၳကာလ – ကေလးအ႐ြယ္ေရာက္ၿပီး စီးပြားရွာခ်ိန္မွ က်င္ယာဖက္ ရခ်ိန္ထိ

တာဝန္ – ဘဏ္တိုက္၊ ေအာင္သြယ္… အခ်ိန္ (၁၀) ႏွစ္

ေနာက္ဆုံးကာလ – ေျမးရခ်ိန္မွ အသက္ေသဆုံးခ်ိန္ထိ

တာဝန္ – ကေလးထိန္း၊ အိမ္ေစာင့္… အခ်ိန္ မေသခင္အထိ

ဒါေတြက အေမ တစ္ေယာက္ျဖစ္ၿပီး လုပ္ရမယ့္ တာဝန္ေတြေနာ္… လခေတြေတာ့ မေပါင္းျပေတာ့ဘူး… အျပင္က လူေခၚၿပီး လုပ္ခိုင္းမယ္ ဆိုရင္ ခန႔္မွန္းၾကည့္ယုံနဲ႔တင္ ဒီတာဝန္ အားလုံးအတြက္ သိန္းေပါင္း ေျမာက္မ်ားစြာ ေပးရမယ္ဆိုတာ ေျပာစရာ မလိုေတာ့ဘူး…

အျပင္က ဝန္ထမ္းဆိုရင္ လခ မွန္မွန္ေပးေတာင္ ကာလ အားလုံးအတြက္ အားလပ္ရက္မရွိ bonus မရွိဘဲ ေသတဲ့အထိ လုပ္ရမယ္ဆို အေမ တစ္ေယာက္လို လခတစ္ျပားမွ မရတာေတာင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ မညည္းမညဴ လုပ္ႏိုင္တဲ့သူ ရွိမွာမဟုတ္ဘူး…

ဒါေၾကာင့္ ဒီဥပမာေလးနဲ႔ တြက္ခ်က္ျပထားတာကို ၾကည့္မိရင္ ဘယ္သူမွ မလုပ္ႏိုင္တဲ့ အလုပ္ေတြကို ပိုက္ဆံမရေတာင္ ၿပဳံးၿပဳံးႀကီးလုပ္ႏိုင္တဲ့ ကိုယ့္ရဲ႕ တန္ဖိုးႀကီးလွတဲ့ အိမ္သူသက္ထား ခ်စ္ဇနီးမယား ေနာင္မိခင္ေလာင္းအတြက္ ဂုဏ္ယူမိၾကမယ္လို႔ ေမွ်ာ္လင့္ရပါတယ္…

အိမ္ေထာင္ ျပဳထားၾကတဲ့ အမ်ိဳးေကာင္းသား အေပါင္းတို႔ ကိုယ္လက္ထပ္ ယူထားတဲ့ မိန္းမကို တန္ဖိုးထားၾကပါ… သူက သင့္အတြက္နဲ႔ အရာအားလုံးကို စြန႔္လႊတ္ၿပီး သင့္ေနာက္လိုက္ကာ သင့္အတြက္ ေပးဆက္ခဲ့သူပါ…

သူ႔ကိုခ်စ္ခင္ပါ ၾကင္နာပါ… သူႀကိဳးစား အားထုတ္ခဲ့သမွ်ကို အေကာင္းမျမင္ႏိုင္ေတာင္ လုပ္ခဲ့သမွ်တိုင္းအတြက္ ေနာက္ဆုံးမွာ စကားတစ္ခြန္းေလးနဲ႔ပဲ အားေပးလိုက္ပါ…

” ခ်စ္!!! ကိုယ့္အတြက္ ေပးဆက္ခဲ့သမွ် အရာအားလုံးအတြက္ ေက်းဇူးပါ… ခ်စ္ ပင္ပန္းသြားၿပီ… ”

iCrystal – ကိုယ္ခ်စ္လို႔ယူထားတဲ့ မိန္းမကို တန္ဖိုးထားေစခ်င္တဲ့ အဘ…

Unicode

ကလေးမွေးပြီးသွားတဲ့ မိန်းမက ဘယ်လောက် တန်သလဲ ?

လောကကြီးမှာ မိန်းမ တော်တော်များများက မိမိရင်သွေးလေးတွေ ကျန်းမာပျော်ရွှင်စွာ မွေးဖွားကြီးပြင်းလာဖို့ အတွက်နဲ့ ကိုယ်ဝန် စဆောင်ချိန်ကစပြီး လုပ်နေကြ လုပ်ငန်းတွေ ရပ်ပစ်လိုက်ရတယ်…

သန္ဓေသား အထိအခိုက် မရှိရအောင် (၉) လကျော်မျှ ဂရုတစိုက်စိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်ရင်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း နေထိုင်ရတယ်… ဒါပေမယ့် လူတော်တော်များများက အကောင်းမပြောကြဘူး… ခင်ပွန်းသည်တွေ အပါအဝင်ပေါ့…

” အလုပ်လုပ်စရာ မလိုဘဲ အိမ်မှာ ကလေးထိန်းရင်း အေးအေးဆေးဆေးနေလို့ ရတာကို ပင်ပန်းတယ်လား ” တဲ့…

အိမ်သူ ဇနီးမယား တော်တော်များများ ကိုယ့်ယောကျာ်းစီက ဈေးဖိုး မရှိလို့ လက်ဖြန့်တောင်းရတဲ့အချိန်မှာ ဘယ်လောက် သိမ်ငယ်ရသလဲ ဆိုတာ ဘယ်သူမှ မခံစားတတ်ဘူး… မသိရင်ဘဲ ယောကျာ်းက တစ်အိမ်လုံးအတွက် ရှာကျွေးနေပြီး မိန်းမက ရသမျှ ပိုက်ဆံ အေးဆေး ထိုင်ဖြုန်းနေတဲ့ပုံပဲ…

အိမ်အလုပ် လုပ်တာ ဝင်ငွေ မရှိဘူးတဲ့လား အမေ တစ်ယောက်ရဲ့ အလုပ် တာဝန်နဲ့ အလုပ်တန်ကြေးကို တွက်ပြပါရစေ…

အမေတစ်ယောက် ဆိုတာ ဖြစ်လာရင် အောက်ကအလုပ်တွေ စပြီး တာဝန်ယူရပြီ…

၁) အိမ်အကူ – ဈေးဝယ်၊ ဟင်းချက်၊ အဝတ်လျှော်၊ သန့်ရှင်းရေး… (လခ – ၁သိန်း)

၂) ကလေးထိန်း – ထမင်းကျွေး၊ ရေချိုး၊ ကလေးချော့/ သိပ်၊ အန္တရာယ် မဖြစ်ရအောင် စောင့်ရှောက်… (လခ – ၁သိန်း၅သောင်း)

၃) ဆရာမ – စာသင်၊ ပုံပြင်ပြော၊ အပြင်ထွက်လည်၊ မပျက်စီးအောင် ပဲ့ပြင်ဆုံးမ… (လခ – ၂သိန်း)

၄) အိမ်တော်ထိန်း – အိမ်စောင့်၊ တောက်တို မယ်ရ ခိုင်းသမျှလုပ်၊ ငွေကြေးစီမံ… (လခ – ၃သိန်း)

၅) ဆရာဝန် – အိမ်သားတွေရဲ့ ကျန်းမာရေး ဂရုစိုက်… (လခ – ၅သိန်း)

( ဒီလခ ပမာဏတွေက အပြင်မှာ လူခေါ်ရင် ပေးရမယ့် ပေါက်ဈေးကို ပျမ်းမျှ တွက်ယူပြထားတာပါ… )

ပထမကာလ – သန္ဓေစယူချိန်

တာဝန် – ကိုယ်ဝန်ဆောင်ပေး၊ သန္ဓေသားစောင့်ရှောက်၊ မွေးဖွားဖို့ ကြိုတင်ပြင်ဆင်၊ အနာဂတ်အတွက် စီမံခန့်ခွဲ… အချိန် (၁၀)လ

ဒုတိယကာလ – မွေးဖွားချိန်မှ ကလေးနို့ပြတ်ချိန်ထိ

တာဝန် – နို့တိုက်မိခင်၊ သန့်ရှင်းရေးသမား၊ ဆရာဝန်… အချိန် (၅)နှစ်

တတိယကာလ – ကလေးပညာ စသင်ချိန်မှ ဘွဲ့ရချိန်ထိ

တာဝန် – ကျောင်းပို့/ကြို၊ ဆရာမ၊ လုံခြုံရေး… အချိန် (၁၅)နှစ်

စတုတ္ထကာလ – ကလေးအရွယ်ရောက်ပြီး စီးပွားရှာချိန်မှ ကျင်ယာဖက် ရချိန်ထိ

တာဝန် – ဘဏ်တိုက်၊ အောင်သွယ်… အချိန် (၁၀) နှစ်

နောက်ဆုံးကာလ – မြေးရချိန်မှ အသက်သေဆုံးချိန်ထိ

တာဝန် – ကလေးထိန်း၊ အိမ်စောင့်… အချိန် မသေခင်အထိ

ဒါတွေက အမေ တစ်ယောက်ဖြစ်ပြီး လုပ်ရမယ့် တာဝန်တွေနော်… လခတွေတော့ မပေါင်းပြတော့ဘူး… အပြင်က လူခေါ်ပြီး လုပ်ခိုင်းမယ် ဆိုရင် ခန့်မှန်းကြည့်ယုံနဲ့တင် ဒီတာဝန် အားလုံးအတွက် သိန်းပေါင်း မြောက်များစွာ ပေးရမယ်ဆိုတာ ပြောစရာ မလိုတော့ဘူး…

အပြင်က ဝန်ထမ်းဆိုရင် လခ မှန်မှန်ပေးတောင် ကာလ အားလုံးအတွက် အားလပ်ရက်မရှိ bonus မရှိဘဲ သေတဲ့အထိ လုပ်ရမယ်ဆို အမေ တစ်ယောက်လို လခတစ်ပြားမှ မရတာတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ မညည်းမညူ လုပ်နိုင်တဲ့သူ ရှိမှာမဟုတ်ဘူး…

ဒါကြောင့် ဒီဥပမာလေးနဲ့ တွက်ချက်ပြထားတာကို ကြည့်မိရင် ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်တွေကို ပိုက်ဆံမရတောင် ပြုံးပြုံးကြီးလုပ်နိုင်တဲ့ ကိုယ့်ရဲ့ တန်ဖိုးကြီးလှတဲ့ အိမ်သူသက်ထား ချစ်ဇနီးမယား နောင်မိခင်လောင်းအတွက် ဂုဏ်ယူမိကြမယ်လို့ မျှော်လင့်ရပါတယ်…

အိမ်ထောင် ပြုထားကြတဲ့ အမျိုးကောင်းသား အပေါင်းတို့ ကိုယ်လက်ထပ် ယူထားတဲ့ မိန်းမကို တန်ဖိုးထားကြပါ… သူက သင့်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး သင့်နောက်လိုက်ကာ သင့်အတွက် ပေးဆက်ခဲ့သူပါ…

သူ့ကိုချစ်ခင်ပါ ကြင်နာပါ… သူကြိုးစား အားထုတ်ခဲ့သမျှကို အကောင်းမမြင်နိုင်တောင် လုပ်ခဲ့သမျှတိုင်းအတွက် နောက်ဆုံးမှာ စကားတစ်ခွန်းလေးနဲ့ပဲ အားပေးလိုက်ပါ…

” ချစ်!!! ကိုယ့်အတွက် ပေးဆက်ခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးပါ… ချစ် ပင်ပန်းသွားပြီ… ”

iCrystal – ကိုယ်ချစ်လို့ယူထားတဲ့ မိန်းမကို တန်ဖိုးထားစေချင်တဲ့ အဘ…

No comments:

Post a Comment