Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 26, 2019

ေဆးစြမ္းထက္တဲ႔ ေပါက္ပြင္႔ ေပါက္သီး



Item Name ——— Flame of the Forest (ေပါက္ပင္)
Category ———— Raw Material
Botany Term ——- Butea frondosa Roxb
Species Family —– Papilionaceae
ေတာင္တန္း ေဒသမ်ား မွအပ ျမန္မာႏုိင္ငံ ေျမျပန္႔ ေဒသ ေခ်ာင္းေျမာင္း အင္းအိုင္ ေဘးမ်ားတြင္ အမ်ားဆံုး ေပါက္ေရာက္သည္။
သဘာ၀ အေလ်ာက္ ေပါက္ေရာက္သည္။
• အပင္
ပင္စည္ ေျဖာင့္မတ္ေသာ ရြက္ေႀကြပင္ ႀကီးမ်ိဳး ျဖစ္၍ ၅၀ – ၈၀ ေပ အထိ ျမင့္မား သည္ ။ ပင္စည္ တြင္ အဆစ္ မ်ားရွိၿပီး အကိုင္းအခက္ မ်ား ေကာက္ေကြး ၍ ထြက္သည္။ အၫြန္႔ ႏွင့္ အရြက္ တို႔တြင္ ကတၱီပါ ကဲ့သို႔ ႏူးညံ့ေသာ အေမြးမ်ား ရွိ၏ ။ အေခါက္မွ အနီေရာင္ အေစးမ်ား ထြက္၏ ။

• အရြက္
သံုးရြက္ ျမႊာေပါင္း ျဖစ္သည္။ ရြက္ျမြာမ်ား ထိပ္ပိုင္း ၍ အရင္း က်ယ္သည္။ အရြက္ အေပၚ မ်က္ႏွာျပင္ သားေရကဲ့သို႔ ေျပာင္ေခ်ာ ေသာ္လည္း ေအာက္မ်က္ႏွာျပင္ တြင္ အေမြးႏုကေလး မ်ားရွိ၏ ။ ရြက္ေၾကာ ထင္ရွား၍ ရြက္နား ညီသည္။

• အပြင့္
လိေမၼာ္ေရာင္ ကဲ့သို႔ နီၾကန္႔ၾကန္႔ ရွိၿပီး ၾကက္တူေရြး ႏႈတ္သီး သ႑ာန္ ေကြးေန၏ ။ တပို႔တြဲ ၊ တေပါင္း တြင္ ပြင့္သည္။

• အသီး
အသီးေတာင့္ သည္ ၆ လက္မ မွ ၈ လက္မ ထိရွည္ၿပီး အနံ ၁၁/၂ လက္မ ခန္႔ ရွိသည္။ အသီးေတာင့္ ၏ အေပၚပိုင္း တြင္ အေစ့ တစ္ေစ့ သာပါ၏ ။ အေစ့တြင္ ရွည္လ်ားေသာ အေတာင္ပါ ရွိသည္။ တန္ခူး ၊ ကဆုန္ လ၌ သီး၏ ။

► အသံုးဝင္ပံု
အေစး ၊ အပြင့္ ၊ အေစ့ ၊ အရြက္ ၊ အေခါက္၊ ဥ ။

• အာနိသင္
ျမန္မာေဆးက်မ္းမ်ား အလိုအရ ေပါက္သည္ ။ ဖန္ခါး စပ္ေသာ အရသာ ရွိသည္။ ပူသည္၊ ၀မ္းမီးကို ေတာက္ေစသည္။ သုက္ကို ပြားေစသည္။ က်ိဳးေသာ အရိုးကို ဆက္ေစသည္။ ဆီးရႊင္ ေစသည္။ အပြင့္သည္ ဖန္ ခါး စပ္ ၏ ၊ ေအး၏ ၊ ေလကို ပြားေစ၏ ။သည္းေျခ သလိပ္ ကို ႏိုင္သည္။ ဆီးပူျခင္း ၊ ဆီးေအာင့္ ျခင္းႏွင့္ ႏူနာ ေရာဂါ တို႔ကို ေပ်ာက္ကင္း ေစသည္။



► အေစးအသံုးျပဳပံု
၁ ။ လတ္ဆတ္သည့္ ေပါက္ေစးကို လိမ္းေပးလွ်င္ အနာ အဖု အပိမ့္မ်ား ေပ်ာက္ကင္းသည္။
၂ ။ ေပါက္ေစးကို ၀မ္းသြား ေပ်ာက္ေဆး အျဖစ္ ေဖာ္စပ္ အသံုးျပဳ ႏိုင္သည္။

► အပြင့္အသံုးျပဳပံု
၁ ။ ေပါက္ပြင့္ကို ေရေအးတြင္ တစ္ညလံုး စိမ္၍ နံနက္တြင္ သၾကား အနည္းငယ္ ထည့္၍ ေသာက္လွ်င္ စအို၀နာ ျခင္း ၊ ဆီးႏွင့္ ေရာ၍ ေသြးပါျခင္း ၊ ႏွာေခါင္း ေသြးယို ျခင္း တို႔ကို ေပ်ာက္ကင္းေစသည္။

၂။ ေပါက္ပြင့္ကို ေရႏွင့္ က်ိဳ၍ ခပ္ေႏြးေႏြး ခ်က္တြင္ အံုေပး လွ်င္ ဆီးခ်ဳပ္ျခင္း ၊ ဆီးအိမ္ေရာင္ျခင္း မ်ား ေပ်ာက္ကင္းသည္။
၃ ။ ေပါက္ပြင့္ ေျခာက္ကို ေရေႏြးတြင္ လက္ဖက္ေျခာက္ ကဲ့သို႔ ခတ္၍ ေသာက္ေသာ္ ေမာပန္းျခင္းကို ေျပေစ၍ ေသြးသား သန္႔ရွင္းေစသည္။

► အေစ့အသံုးျပဳပံု
၁ ။ ေပါက္ေစ့ကို သံပရာေရႏွင့္ ႀကိတ္၍ လိမ္းေပလွ်င္ အတြင္း အဆံကို အေျခာက္ လွန္းကာ ႀကိတ္၍ နံနက္ ည တစ္ေန႔ ၂ ႀကိ္မ္ ဆက္စားၿပီး ၄ ရက္ေျမာက္ ေသာအခါ ၀မ္းႏုတ္ေဆး စားပါက ၀မ္းတြင္းရွိ သန္ေကာင္မ်ား က်ဆင္းလာ မည္။
► အရြက္အသံုးျပဳပံု

၁ ။ အရြက္ကို အားတိုးေဆး တြင္ အသံုးျပဳသည္။
► အေခါက္အသံုးျပဳပံု
၁ ။ အေခါက္ ႏွင့္ အေစ့ကို ေျမြဆိပ္ ေျဖေဆး ေဖာ္စပ္ ရာတြင္ သံုးသည္။



► ဥအသံုးျပဳပံု
၁ ။ ေပါက္ဥမႈန္႔ ကို ပ်ားရည္ႏွင့္ ေတ၍ စားေသာ္ အားအင္ ျပည့္ၿဖိဳး၍ အသက္ရွည္ ေစသည္။

ျမန္မာ႔ေဆးဖက္ဝင္အပင္မ်ား
ပဥၥငါးပါးကို သံုးရ၏။ ဖန္၊ ခါး၊ စပ္ ၏။ ဝိပါက စပ္၏။ ဝမ္းမီးကို ေတာက္ေစ၏။ သုတ္ကို ပြားေစ၏။ ဆီး၊ ဝမ္းကို ရႊင္ေစ၏။ ေျပျပစ္၏။ က်ိဳးေသာအရိုးကို ဆက္ေစ၏။ ဝမ္းေအာင့္၊ ျမင္းသရိုက္၊ ပိုးနာ၊ အနာေပါက္၊ ဂူလံုးေရာဂါမ်ားကို ေပ်က္ကင္းေစတတ္၏။

အပြင့္သည္ ဖန္ ခါး စပ္ ၏။ ေအး၏။ ေလကို ပြားေစတတ္၏။ သလိပ္ သည္းေျခကို ႏိုင္၏။ ပူျခင္း၊ ပါဒရက္၊ ဆီးေအာင့္၊ ႏူနာ၊ ေရငတ္ေရာဂါတို ့ကို ေပ်ာက္ကင္းေစတတ္၏။

အျမစ္ရည္သည္ အေရာင္အဆင္းတို ့ကို ပြားေစတတ္၏။ မ်က္ေစ့အိမ္ေရာင္ျခင္း၊ ညအခါမ်က္ေစ့မျမင္ျခင္း၊ စသည္တို ့ကို ေပ်ာက္ကင္းေစ၏။ မလတို ့ကို ခ်ဳပ္ေစ၏။



ေရာဂါအလိုက္အသံုးျပဳနည္း။

ဆီးခ်ဳပ္ျခင္း
ေပါက္ပြင့္ကို ႀကိဳ၍ ခပ္ေႏြးေႏြးခ်က္တြင္ အံုေပးမူ ဆီးခ်ဳပ္ျခင္း၊ ဆီးအိမ္ေရာင္ျခင္း၊ ကိုက္ခဲျခင္း ေပ်ာက္ကင္း၏။

ေသြးအန္၊ ေသြးက်
ေပါက္ပြင့္ကို ေရေအးတြင္ တညလံုးစိမ္ထား၍ နံနက္အခ်ိန္တြင္ သၾကားခဲ အနည္းငယ္ထည့္၍ေသာက္မူ စအိုဝနာျခင္း၊ ဆီးႏွင့္ေရာ၍ ေသြးပါျခင္း၊ ႏွာေခါင္းေသြးယိုစီးျခင္းတို ့ကို ေပ်ာက္ကင္း၏။

အတိသာရဝမ္း
ေပါက္ေစး ၅- ေရြးမွ ၁၅- ေရြးမ်ွတြင္ သစ္ၾကပိုးအပါးႏွင့္ ဘိန္းအနည္းငယ္ေရာ၍ ေသာက္မူ အတိသာရဝမ္းသြားေရာဂါ ေပ်ာက္ကင္း၏။

အနာ၊ အဖု၊ အပိန္ ့မ်ား
လတ္ဆတ္ေသာ ေပါက္ေစးကို လိမ္းေပးမူ အနာ၊ အဖုမ်ား ေပ်ာက္ကင္း၏။

သန္က်ေဆး
၄င္းအေစ့ကို ေရတြင္စိမ္၍ အခြံကို ခြာျပီးလ်ွင္ အတြင္းအဆံကို အေျခာက္လွန္းပါ။ ထို ့ေနာက္ ၄င္းအဆံကိုႀကိတ္၍ ၁ဲ-သားမ်ွကိို နံနက္တစ္ႀကိမ္ ညတစ္ႀကိမ္အားျဖင့္ တေန ့ ၂-ႀကိမ္က် ၃-ရက္ဆက္ေကြ်း၍ ၄-ရက္ေျမာက္ေသာေန ့အခါ ဝမ္းႏုတ္ေဆးေကြ်းပါက ဝမ္းတြင္းရွိ သန္ေကာင္မ်ား က်လာပါလိမ့္မည္။

ေပြးနာ၊ ယားနာ
ေပါက္၏ အေစ့ကို သံပုရာရည္ႏွင့္ႀကိတ္၍ လိမ္းမူ ယားနာ၊ ေပြးနာမ်ား ေပ်ာက္ကင္း၏။
T.H.A
ျမန္္မာေဆးစြမ္းေကာင္းမ်ား

Unicodeဖြင့်ဖတ်ရန်

Zawgyi ဖြင့်ဖတ်၇န်

Item Name ——— Flame of the Forest (ပေါက်ပင်)
Category ———— Raw Material
Botany Term ——- Butea frondosa Roxb

Species Family —– Papilionaceae
တောင်တန်း ဒေသများ မှအပ မြန်မာနိုင်ငံ မြေပြန့် ဒေသ ချောင်းမြောင်း အင်းအိုင် ဘေးများတွင် အများဆုံး ပေါက်ရောက်သည်။
သဘာ၀ အလျောက် ပေါက်ရောက်သည်။

• အပင်
ပင်စည် ဖြောင့်မတ်သော ရွက်ကြွေပင် ကြီးမျိုး ဖြစ်၍ ၅၀ – ၈၀ ပေ အထိ မြင့်မား သည် ။ ပင်စည် တွင် အဆစ် များရှိပြီး အကိုင်းအခက် များ ကောက်ကွေး ၍ ထွက်သည်။ အညွန့် နှင့် အရွက် တို့တွင် ကတ္တီပါ ကဲ့သို့ နူးညံ့သော အမွေးများ ရှိ၏ ။ အခေါက်မှ အနီရောင် အစေးများ ထွက်၏ ။

• အရွက်
သုံးရွက် မြွှာပေါင်း ဖြစ်သည်။ ရွက်မြွာများ ထိပ်ပိုင်း ၍ အရင်း ကျယ်သည်။ အရွက် အပေါ် မျက်နှာပြင် သားရေကဲ့သို့ ပြောင်ချော သော်လည်း အောက်မျက်နှာပြင် တွင် အမွေးနုကလေး များရှိ၏ ။ ရွက်ကြော ထင်ရှား၍ ရွက်နား ညီသည်။

• အပွင့်
လိမ္မော်ရောင် ကဲ့သို့ နီကြန့်ကြန့် ရှိပြီး ကြက်တူရွေး နှုတ်သီး သဏ္ဍာန် ကွေးနေ၏ ။ တပို့တွဲ ၊ တပေါင်း တွင် ပွင့်သည်။

• အသီး
အသီးတောင့် သည် ၆ လက်မ မှ ၈ လက်မ ထိရှည်ပြီး အနံ ၁၁/၂ လက်မ ခန့် ရှိသည်။ အသီးတောင့် ၏ အပေါ်ပိုင်း တွင် အစေ့ တစ်စေ့ သာပါ၏ ။ အစေ့တွင် ရှည်လျားသော အတောင်ပါ ရှိသည်။ တန်ခူး ၊ ကဆုန် လ၌ သီး၏ ။

► အသုံးဝင်ပုံ
အစေး ၊ အပွင့် ၊ အစေ့ ၊ အရွက် ၊ အခေါက်၊ ဥ ။

• အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ပေါက်သည် ။ ဖန်ခါး စပ်သော အရသာ ရှိသည်။ ပူသည်၊ ဝမ်းမီးကို တောက်စေသည်။ သုက်ကို ပွားစေသည်။ ကျိုးသော အရိုးကို ဆက်စေသည်။ ဆီးရွှင် စေသည်။ အပွင့်သည် ဖန် ခါး စပ် ၏ ၊ အေး၏ ၊ လေကို ပွားစေ၏ ။သည်းခြေ သလိပ် ကို နိုင်သည်။ ဆီးပူခြင်း ၊ ဆီးအောင့် ခြင်းနှင့် နူနာ ရောဂါ တို့ကို ပျောက်ကင်း စေသည်။

► အစေးအသုံးပြုပုံ
၁ ။ လတ်ဆတ်သည့် ပေါက်စေးကို လိမ်းပေးလျှင် အနာ အဖု အပိမ့်များ ပျောက်ကင်းသည်။
၂ ။ ပေါက်စေးကို ဝမ်းသွား ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု နိုင်သည်။

► အပွင့်အသုံးပြုပုံ
၁ ။ ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံး စိမ်၍ နံနက်တွင် သကြား အနည်းငယ် ထည့်၍ သောက်လျှင် စအိုဝနာ ခြင်း ၊ ဆီးနှင့် ရော၍ သွေးပါခြင်း ၊ နှာခေါင်း သွေးယို ခြင်း တို့ကို ပျောက်ကင်းစေသည်။

၂။ ပေါက်ပွင့်ကို ရေနှင့် ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေး လျှင် ဆီးချုပ်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း များ ပျောက်ကင်းသည်။
၃ ။ ပေါက်ပွင့် ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက် ကဲ့သို့ ခတ်၍ သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသား သန့်ရှင်းစေသည်။

► အစေ့အသုံးပြုပုံ
၁ ။ ပေါက်စေ့ကို သံပရာရေနှင့် ကြိတ်၍ လိမ်းပေလျှင် အတွင်း အဆံကို အခြောက် လှန်းကာ ကြိတ်၍ နံနက် ည တစ်နေ့ ၂ ကြိမ် ဆက်စားပြီး ၄ ရက်မြောက် သောအခါ ဝမ်းနုတ်ဆေး စားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်းလာ မည်။
► အရွက်အသုံးပြုပုံ

၁ ။ အရွက်ကို အားတိုးဆေး တွင် အသုံးပြုသည်။
► အခေါက်အသုံးပြုပုံ
၁ ။ အခေါက် နှင့် အစေ့ကို မြွေဆိပ် ဖြေဆေး ဖော်စပ် ရာတွင် သုံးသည်။

► ဥအသုံးပြုပုံ
၁ ။ ပေါက်ဥမှုန့် ကို ပျားရည်နှင့် တေ၍ စားသော် အားအင် ပြည့်ဖြိုး၍ အသက်ရှည် စေသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ
ပဉ္စငါးပါးကို သုံးရ၏။ ဖန်၊ ခါး၊ စပ် ၏။ ဝိပါက စပ်၏။ ဝမ်းမီးကို တောက်စေ၏။ သုတ်ကို ပွားစေ၏။ ဆီး၊ ဝမ်းကို ရွှင်စေ၏။ ပြေပြစ်၏။ ကျိုးသောအရိုးကို ဆက်စေ၏။ ဝမ်းအောင့်၊ မြင်းသရိုက်၊ ပိုးနာ၊ အနာပေါက်၊ ဂူလုံးရောဂါများကို ပျေက်ကင်းစေတတ်၏။

အပွင့်သည် ဖန် ခါး စပ် ၏။ အေး၏။ လေကို ပွားစေတတ်၏။ သလိပ် သည်းခြေကို နိုင်၏။ ပူခြင်း၊ ပါဒရက်၊ ဆီးအောင့်၊ နူနာ၊ ရေငတ်ရောဂါတို့ကို ပျောက်ကင်းစေတတ်၏။

အမြစ်ရည်သည် အရောင်အဆင်းတို့ကို ပွားစေတတ်၏။ မျက်စေ့အိမ်ရောင်ခြင်း၊ ညအခါမျက်စေ့မမြင်ခြင်း၊ စသည်တို့ကို ပျောက်ကင်းစေ၏။ မလတို့ကို ချုပ်စေ၏။

ရောဂါအလိုက်အသုံးပြုနည်း။

ဆီးချုပ်ခြင်း
ပေါက်ပွင့်ကို ကြို၍ ခပ်နွေးနွေးချက်တွင် အုံပေးမူ ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ ကိုက်ခဲခြင်း ပျောက်ကင်း၏။

သွေးအန်၊ သွေးကျ
ပေါက်ပွင့်ကို ရေအေးတွင် တညလုံးစိမ်ထား၍ နံနက်အချိန်တွင် သကြားခဲ အနည်းငယ်ထည့်၍သောက်မူ စအိုဝနာခြင်း၊ ဆီးနှင့်ရော၍ သွေးပါခြင်း၊ နှာခေါင်းသွေးယိုစီးခြင်းတို့ကို ပျောက်ကင်း၏။

အတိသာရဝမ်း
ပေါက်စေး ၅- ရွေးမှ ၁၅- ရွေးမျှတွင် သစ်ကြပိုးအပါးနှင့် ဘိန်းအနည်းငယ်ရော၍ သောက်မူ အတိသာရဝမ်းသွားရောဂါ ပျောက်ကင်း၏။

အနာ၊ အဖု၊ အပိန့်များ
လတ်ဆတ်သော ပေါက်စေးကို လိမ်းပေးမူ အနာ၊ အဖုများ ပျောက်ကင်း၏။

သန်ကျဆေး
၎င်းအစေ့ကို ရေတွင်စိမ်၍ အခွံကို ခွာပြီးလျှင် အတွင်းအဆံကို အခြောက်လှန်းပါ။ ထို့နောက် ၎င်းအဆံကိုကြိတ်၍ ၁ဲ-သားမျှကို နံနက်တစ်ကြိမ် ညတစ်ကြိမ်အားဖြင့် တနေ့ ၂-ကြိမ်ကျ ၃-ရက်ဆက်ကျွေး၍ ၄-ရက်မြောက်သောနေ့အခါ ဝမ်းနုတ်ဆေးကျွေးပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျလာပါလိမ့်မည်။

ပွေးနာ၊ ယားနာ
ပေါက်၏ အစေ့ကို သံပုရာရည်နှင့်ကြိတ်၍ လိမ်းမူ ယားနာ၊ ပွေးနာများ ပျောက်ကင်း၏။
T.H.A
မြန်မာဆေးစွမ်းကောင်းများ

No comments:

Post a Comment