Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

ျမန္မာေတြ ေသစမ္း


ကမာၻမွာပိုးသတ္ေဆးအသံုးဆံုးႏိုင္ငံက EU ႏိုင္ငံေတြပါ။ တစ္ကမာၻလံုးကထုတ္တဲ့ပိုးသတ္ေဆးရဲ႕ ၄၅ ရာခိုင္ႏႈန္း ကိုသံုးပါတယ္.
ဒုတိယက ၂၅ ရာခိုင္ႏႈန္း သံုးတဲ့ USA ပါ..
အိမ္နီးခ်င္းႏိုင္ငံေတြထဲ ပိုးသတ္ေဆးအသံုးမ်ားတဲ့အိႏၵိယေတာင္ ၃ %ပဲ႐ွိပါတယ္..
ျမန္မာႏိုင္ငံကပိုးသတ္ေဆးသံုးတာႏိုင္ငံတကာနဲ႔ယွဥ္ရင္ ၁ % ေတာင္မ႐ွိပါဘူး..
ဒါေပမဲ့ပိုးသတ္ေဆးဓာတ္ႂကြင္းေၾကာင့္ ကင္ဆာအပါအဝင္ေရာဂါရမႈမွာေတာ့ ျမန္မာႏိုင္ငံကထိပ္ဆံုးမွာ႐ွိေနတယ္..

“ကြၽန္မက အသီးအရြက္မ်ားမ်ားစားတယ္..”
ကြၽန္ေတာ္ ျပန္ေျပာလိုက္ပါတယ္..
” ဒါဆို အမ ျမန္ျမန္ေသမွာပဲ ” လို႔..
ကမာၻမွာ ကင္ဆာအျဖစ္ဆံုး အဆင့္ ၂ ေနရာကိုျမန္မာႏိုင္ငံက ရ႐ွိထားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔အားလံုးဟာ ေန႔တိုင္းေန႔တိုင္း အဆိပ္ေတြ စားအံုးဆီေတြ မိႈတတ္ေနတဲ့ အစားအစာေတြ စားသံုးေနၾကလို႔ပါ..
ထမင္းဝိုင္းကိုထိုင္လိုက္လို႔ ထမင္းဝိုင္းမွာ အသီးအရြက္တစ္မ်ိဳးမ်ိဳးေတြ႔လိုက္တာနဲ႔ သတိထားပါေတာ့..မိတ္ေဆြ အဆိပ္သင့္ပါေတာ့မယ္..

မိတ္ေဆြဟာ စိုက္ပ်ိဳးေရးျခံတစ္ျခံကို ဝင္လိုက္ရင္ေရာင္းဖို႔အပင္နဲ႔ သူတို႔စားဖို႔အပင္ဆိုၿပီး ၂ မ်ိဳးခြဲထားတာကိုေတြ႔ရပါလိမ့္မယ္.. ေရာင္းဖို႔အပင္ဆိုရင္ ပိုးသတ္ေဆးဖ်န္းၿပီး ကိုယ္စားမဲ့အပင္ဆို ပိုးသတ္ေဆးမဖ်န္းပါဘူး..
ႏိုင္ငံတကာမွာလံုးဝထိပ္တန္းအႏၱရာယ္အျဖစ္ ပိတ္ထားတဲ့ (ဥပမာမီသိုမိုင္း)လို ပိုးသတ္ေဆးမ်ိဳးကိုျမန္မာႏိုင္ငံမွာ အလြယ္တကူဝယ္လို႔ရပါတယ္..
ထိုင္းႏိုင္ငံကေန တရားမဝင္ ဝင္လာတာပါ..
ပိုးသတ္ေဆးဓာတ္ႂကြင္းပ်ယ္တဲ့အခ်ိန္ ၾကာလြန္းတာေၾကာင့္(ဆယ္စုႏွစ္နဲ႔ခ်ီၿပီး အဆိပ္မပ်ယ္လို႔ႏိုင္ငံတကာမွာပိတ္ထားတဲ့ေဆးမ်ိဳးေတြ )ကိုျမန္မာႏိုင္ငံမွာ တရားမဝင္လမ္းေၾကာင္းကေနေဖာေဖာသီသီ သံုးေနၾကတယ္..

အေမရိကန္မွာ 1985 …(EUမွာ1992) ..
ဝန္းက်င္ေလာက္ထဲက ပ်ားမ်ိဳးေတြတုံုးကုန္လို႔သဘာဝပတ္ဝန္းက်င္ထိခိုက္တယ္ဆိုၿပီး ပိတ္လိုက္တဲ့ Imidacloprid အမ်ိဳးအစားပိုးသတ္ေဆးဟာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာေတာ့တရားဝင္ခြင့္ျပဳထားတဲ့ ထိပ္တန္း အသံုးအမ်ားဆံုး ေတာင္သူႀကိဳက္ပိုးသတ္ေဆးပါပဲ..
ဒီႏွစ္ျမန္မာႏိုင္ငံမွာ ပိုးသတ္ေဆးအမ်ိဳးအစားေပါင္း700 ေက်ာ္ မွတ္ပံုတင္ဖို႔ စာရင္းတင္ထားၿပီးစုစုေပါင္း ပိုးသတ္ေဆးအမ်ဳိးအစားေပါင္း 4100 ေက်ာ္ျမန္မာႏိုင္ငံမွာ မွတ္ပံုတင္ထားၿပီးပါၿပီ..
(နယ္သာလန္မွာ ဒီႏွစ္ ပိုးသတ္ေဆး 20ေက်ာ္မွတ္ပံုတင္လို႔ဆိုၿပီး သူတို႔ႏိုင္ငံမွာအေတာ္ ပြက္ေလာ႐ိုက္သြားတယ္လို႔အင္တာနက္မွာေတြ႕လိုက္တယ္..)
ပိုးသတ္ေဆးကိုသံုးစြဲတဲ့ ေတာင္သူဦးႀကီးမ်ားပညာရည္ခ်ိဳ႕တဲ့မႈကလဲ အဓိကအားနည္းခ်က္ပါပဲ..
PHI လို႔ေခၚတဲ့ ပိုးသတ္ေဆးဖ်န္းၿပီး ဘယ္ႏွစ္ရက္ေနမွရိပ္သိမ္းခူးဆြတ္ပါဆိုတဲ့ အၫႊန္းစာကို ဘယ္ေတာ့မွမလိုက္နာၾကပါဘူး..လို္က္နာဖို႔ ေနေနသာသာ ဖတ္ေတာင္မၾကည့္ဘူး..

ႏိုင္ငံျခားမွာဆို ပိုးသတ္ေဆးဖ်န္းမယ့္လူရဲ႕ေျခတစ္လွမ္းအကြာအေဝး သူဖ်န္းမယ့္ဧရိယာအက်ယ္တစ္နာရီမွာ ေရာက္မယ့္ခရီးအကြာအေဝးေဆးပမာဏ ေရပမာဏ စတာေတြကိုသီအိုရီနဲ႔တြက္ၿပီး စနစ္တက်ေဆးဖ်န္းတာပါ.
ျမန္မာႏိုင္ငံမွာေတာ့ ပိုးသတ္ေဆးဗူးကိုကိုင္ၿပီး ေဆးဖ်န္းပံုးထဲေလာင္းထည့္ၿပီး လယ္ကြင္းထဲေလ်ာက္ဖ်န္းလိုက္တာပါပဲ..
ေရသန္႔ဗူး ၂၀ စာ ေရပမာဏေလာက္ကိုဟင္းခပ္ဇြန္း ၁ ဇြန္းေလာက္ပဲထည့္သံုးရေလာက္ေအာင္ျပင္းလွတဲ့ ပိုးသတ္ေဆးမ်ိဳးေတြ ေစ်းကြက္ထဲမွာအမ်ားႀကီး႐ွိပါတယ္..
ဒီလိုေဆးမ်ိဳး တစက္တေလေလာက္ ဓာတ္ႂကြင္းက်န္ေနတဲ့အသီးအႏွံကိုစားမိရင္ ဘယ္ေလာက္အႏၱရာယ္ႀကီးလိုက္မလဲ..ေၾကာက္စရာေကာင္းပါတယ္..
ဝမ္းနည္းစရာေကာင္းတာကသီးႏွံေတြမွာ ပိုးသတ္ေဆးဓာတ္ႂကြင္းစစ္ေဆးတဲ့စက္ဟာ ျမန္မာႏိုင္ငံမွာလက္ခ်ိဳးေရလို႔ရေလာက္ေအာင္ နည္းပါတယ္..
႐ွိတဲ့စက္ေတြကလဲ ေခတ္မမွီေတာ့ပါဘူး..

ထိုင္းလိုႏိုင္ငံမွာေတာင္ ျမန္မာႏိုင္ငံမွာ႐ွိတဲ့စက္ထက္ေနာက္တစ္ဆင့္ထက္ ေနာက္တစ္ဆင့္ ၂ ဆင့္ျမင့္တဲ့စက္ေတြဘံုးဘလေအာကို သံုးေနပါၿပီ..

တကယ္လို႔ မိတ္ေဆြဟာ တို႔စရာအစိမ္းစားတတ္ရင္ေတာ့ဘယ္တို႔စရာကိုမဆို ဆားေဖ်ာ္ေရနဲ႔ ေသေသခ်ာခ်ာေလးေဆးေပးပါ.ကန္စြန္းရြက္ကိုေတာင္ ေဆးဖ်န္းၾကတဲ့ေခတ္ထဲမွာ ဘယ္အသီးအႏွံကိုမဆို အစိမ္းမစားသင့္ေတာ့ပါဘူး..
ကြၽန္ေတာ္က ပညာ႐ွင္တစ္ေယာက္မဟုတ္လို႔ဒီေလာက္ေလးပဲ ေထာက္ျပေရးႏိုင္ပါတယ္..
ကြၽန္ေတာ္တို႔ႏိုင္ငံကိုတိုးတတ္ေအာင္ လုပ္စရာအလုပ္ေတြအမ်ားႀကီး..အဆင့္ေပါင္းအမ်ားႀကီး..
က႑ေပါင္းအမ်ားႀကီးျဖတ္သန္းရအံုးမွာပါ..
ဒါေပမဲ့ ဝမ္းနည္းစရာေကာင္းတာကအစိုးရႏွစ္ပိုင္း အာဏာႏွစ္ပိုင္းျပည္သူႏွစ္ပိုင္းလက္နက္ကိုင္ၾကသူႏွစ္ပို္င္းနဲ႔ဘုန္းႀကီးေတာင္မွႏွစ္ပုိင္းကြဲၿပီးအခ်င္းခ်င္းရန္ျဖစ္ေနၾကၿပီဆိုေတာ့ဘာမွဆက္လုပ္လို႔မရေတာ့ပါဘူး..

ေနာက္ဆံုး fb ေပၚမွာေတာင္ ရန္ျဖစ္ေနရတာနဲ႔တင္ကြၽန္ေတာ္တို႔ေတြ ဘာဗဟုသုတ ဘာအက်ိဳးအျမတ္ မွမရဘဲOoredoo Telenor နဲ႔ Mpt ကို အလဟႆ ဖုန္းေဘလ္လုပ္ေကြၽးရင္း(သူမ်ားႏိုင္ငံသားေတြ သူတို႔ႏိုင္ငံအတြက္ ႀကိဳးစားေနၾကခ်ိန္မွာ)ကြၽန္ေတာ္တို႔ေတြကေတာ့အခ်င္းခ်င္း ရန္ျဖစ္ရင္း အခ်ိန္ေတြကုန္ ကုန္ ကုန္သြားၾကၿပီ..
KoSoeHtike
Via : Delicious food page
ေမတၲာျဖင့္@@ Zaw Zaw Moe
============================

မြန်မာတွေ သေစမ်း

ကမ္ဘာမှာပိုးသတ်ဆေးအသုံးဆုံးနိုင်ငံက EU နိုင်ငံတွေပါ။ တစ်ကမ္ဘာလုံးကထုတ်တဲ့ပိုးသတ်ဆေးရဲ့ ၄၅ ရာခိုင်နှုန်း ကိုသုံးပါတယ်.

ဒုတိယက ၂၅ ရာခိုင်နှုန်း သုံးတဲ့ USA ပါ..

အိမ်နီးချင်းနိုင်ငံတွေထဲ ပိုးသတ်ဆေးအသုံးများတဲ့အိန္ဒိယတောင် ၃ %ပဲရှိပါတယ်..

မြန်မာနိုင်ငံကပိုးသတ်ဆေးသုံးတာနိုင်ငံတကာနဲ့ယှဉ်ရင် ၁ % တောင်မရှိပါဘူး..

ဒါပေမဲ့ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် ကင်ဆာအပါအဝင်ရောဂါရမှုမှာတော့ မြန်မာနိုင်ငံကထိပ်ဆုံးမှာရှိနေတယ်..

“ကျွန်မက အသီးအရွက်များများစားတယ်..”

ကျွန်တော် ပြန်ပြောလိုက်ပါတယ်..

” ဒါဆို အမ မြန်မြန်သေမှာပဲ ” လို့..

ကမ္ဘာမှာ ကင်ဆာအဖြစ်ဆုံး အဆင့် ၂ နေရာကိုမြန်မာနိုင်ငံက ရရှိထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ နေ့တိုင်းနေ့တိုင်း အဆိပ်တွေ စားအုံးဆီတွေ မှိုတတ်နေတဲ့ အစားအစာတွေ စားသုံးနေကြလို့ပါ..

ထမင်းဝိုင်းကိုထိုင်လိုက်လို့ ထမင်းဝိုင်းမှာ အသီးအရွက်တစ်မျိုးမျိုးတွေ့လိုက်တာနဲ့ သတိထားပါတော့..မိတ်ဆွေ အဆိပ်သင့်ပါတော့မယ်..

မိတ်ဆွေဟာ စိုက်ပျိုးရေးခြံတစ်ခြံကို ဝင်လိုက်ရင်ရောင်းဖို့အပင်နဲ့ သူတို့စားဖို့အပင်ဆိုပြီး ၂ မျိုးခွဲထားတာကိုတွေ့ရပါလိမ့်မယ်.. ရောင်းဖို့အပင်ဆိုရင် ပိုးသတ်ဆေးဖျန်းပြီး ကိုယ်စားမဲ့အပင်ဆို ပိုးသတ်ဆေးမဖျန်းပါဘူး..

နိုင်ငံတကာမှာလုံးဝထိပ်တန်းအန္တရာယ်အဖြစ် ပိတ်ထားတဲ့ (ဥပမာမီသိုမိုင်း)လို ပိုးသတ်ဆေးမျိုးကိုမြန်မာနိုင်ငံမှာ အလွယ်တကူဝယ်လို့ရပါတယ်..

ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်လာတာပါ..

ပိုးသတ်ဆေးဓာတ်ကြွင်းပျယ်တဲ့အချိန် ကြာလွန်းတာကြောင့်(ဆယ်စုနှစ်နဲ့ချီပြီး အဆိပ်မပျယ်လို့နိုင်ငံတကာမှာပိတ်ထားတဲ့ဆေးမျိုးတွေ )ကိုမြန်မာနိုင်ငံမှာ တရားမဝင်လမ်းကြောင်းကနေဖောဖောသီသီ သုံးနေကြတယ်..

အမေရိကန်မှာ 1985 …(EUမှာ1992) ..

ဝန်းကျင်လောက်ထဲက ပျားမျိုးတွေတုုံးကုန်လို့သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုပြီး ပိတ်လိုက်တဲ့ Imidacloprid အမျိုးအစားပိုးသတ်ဆေးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့တရားဝင်ခွင့်ပြုထားတဲ့ ထိပ်တန်း အသုံးအများဆုံး တောင်သူကြိုက်ပိုးသတ်ဆေးပါပဲ..

ဒီနှစ်မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးအမျိုးအစားပေါင်း700 ကျော် မှတ်ပုံတင်ဖို့ စာရင်းတင်ထားပြီးစုစုပေါင်း ပိုးသတ်ဆေးအမျိုးအစားပေါင်း 4100 ကျော်မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားပြီးပါပြီ..

(နယ်သာလန်မှာ ဒီနှစ် ပိုးသတ်ဆေး 20ကျော်မှတ်ပုံတင်လို့ဆိုပြီး သူတို့နိုင်ငံမှာအတော် ပွက်လောရိုက်သွားတယ်လို့အင်တာနက်မှာတွေ့လိုက်တယ်..)

ပိုးသတ်ဆေးကိုသုံးစွဲတဲ့ တောင်သူဦးကြီးများပညာရည်ချို့တဲ့မှုကလဲ အဓိကအားနည်းချက်ပါပဲ..

PHI လို့ခေါ်တဲ့ ပိုးသတ်ဆေးဖျန်းပြီး ဘယ်နှစ်ရက်နေမှရိပ်သိမ်းခူးဆွတ်ပါဆိုတဲ့ အညွှန်းစာကို ဘယ်တော့မှမလိုက်နာကြပါဘူး..လို်က်နာဖို့ နေနေသာသာ ဖတ်တောင်မကြည့်ဘူး..

နိုင်ငံခြားမှာဆို ပိုးသတ်ဆေးဖျန်းမယ့်လူရဲ့ခြေတစ်လှမ်းအကွာအဝေး သူဖျန်းမယ့်ဧရိယာအကျယ်တစ်နာရီမှာ ရောက်မယ့်ခရီးအကွာအဝေးဆေးပမာဏ ရေပမာဏ စတာတွေကိုသီအိုရီနဲ့တွက်ပြီး စနစ်တကျဆေးဖျန်းတာပါ.

မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေးဗူးကိုကိုင်ပြီး ဆေးဖျန်းပုံးထဲလောင်းထည့်ပြီး လယ်ကွင်းထဲလျောက်ဖျန်းလိုက်တာပါပဲ..

ရေသန့်ဗူး ၂၀ စာ ရေပမာဏလောက်ကိုဟင်းခပ်ဇွန်း ၁ ဇွန်းလောက်ပဲထည့်သုံးရလောက်အောင်ပြင်းလှတဲ့ ပိုးသတ်ဆေးမျိုးတွေ စျေးကွက်ထဲမှာအများကြီးရှိပါတယ်..

ဒီလိုဆေးမျိုး တစက်တလေလောက် ဓာတ်ကြွင်းကျန်နေတဲ့အသီးအနှံကိုစားမိရင် ဘယ်လောက်အန္တရာယ်ကြီးလိုက်မလဲ..ကြောက်စရာကောင်းပါတယ်..

ဝမ်းနည်းစရာကောင်းတာကသီးနှံတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးတဲ့စက်ဟာ မြန်မာနိုင်ငံမှာလက်ချိုးရေလို့ရလောက်အောင် နည်းပါတယ်..

ရှိတဲ့စက်တွေကလဲ ခေတ်မမှီတော့ပါဘူး..

ထိုင်းလိုနိုင်ငံမှာတောင် မြန်မာနိုင်ငံမှာရှိတဲ့စက်ထက်နောက်တစ်ဆင့်ထက် နောက်တစ်ဆင့် ၂ ဆင့်မြင့်တဲ့စက်တွေဘုံးဘလအောကို သုံးနေပါပြီ..

တကယ်လို့ မိတ်ဆွေဟာ တို့စရာအစိမ်းစားတတ်ရင်တော့ဘယ်တို့စရာကိုမဆို ဆားဖျော်ရေနဲ့ သေသေချာချာလေးဆေးပေးပါ.ကန်စွန်းရွက်ကိုတောင် ဆေးဖျန်းကြတဲ့ခေတ်ထဲမှာ ဘယ်အသီးအနှံကိုမဆို အစိမ်းမစားသင့်တော့ပါဘူး..

ကျွန်တော်က ပညာရှင်တစ်ယောက်မဟုတ်လို့ဒီလောက်လေးပဲ ထောက်ပြရေးနိုင်ပါတယ်..

ကျွန်တော်တို့နိုင်ငံကိုတိုးတတ်အောင် လုပ်စရာအလုပ်တွေအများကြီး..အဆင့်ပေါင်းအများကြီး..

ကဏ္ဍပေါင်းအများကြီးဖြတ်သန်းရအုံးမှာပါ..

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကအစိုးရနှစ်ပိုင်း အာဏာနှစ်ပိုင်းပြည်သူနှစ်ပိုင်းလက်နက်ကိုင်ကြသူနှစ်ပို်င်းနဲ့ဘုန်းကြီးတောင်မှနှစ်ပိုင်းကွဲပြီးအချင်းချင်းရန်ဖြစ်နေကြပြီဆိုတော့ဘာမှဆက်လုပ်လို့မရတော့ပါဘူး..

နောက်ဆုံး fb ပေါ်မှာတောင် ရန်ဖြစ်နေရတာနဲ့တင်ကျွန်တော်တို့တွေ ဘာဗဟုသုတ ဘာအကျိုးအမြတ် မှမရဘဲOoredoo Telenor နဲ့ Mpt ကို အလဟဿ ဖုန်းဘေလ်လုပ်ကျွေးရင်း(သူများနိုင်ငံသားတွေ သူတို့နိုင်ငံအတွက် ကြိုးစားနေကြချိန်မှာ)ကျွန်တော်တို့တွေကတော့အချင်းချင်း ရန်ဖြစ်ရင်း အချိန်တွေကုန် ကုန် ကုန်သွားကြပြီ..
KoSoeHtike

No comments:

Post a Comment