Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

အ၀လြန္သူမ်ား ဗိုက္ေခါက္ထူလာ သူမ်ားအတြက္ ေရွာက္ရြက္၏ အစြမ္း


အ၀လြန္သူမ်ား၊ ဗိုက္ေခါက္ ထူျပီး လာေသာ အမ်ိဳးသမီးမ်ား အတြက္ ပထမဦးစြာ ေရွာက္ရြက္ ၾကမ္းမ်ားကို ရွာထားပါ။
ေရွာက္ရြက္မ်ား ရလာပါက ပုလင္း တစ္လုံးစီတြင္ ရိုးရိုး သၾကားသံုးဇြန္း (ဟင္းစားဇြန္း) စီထည္႔ ရပါမည္။ ပုလင္းမ်ား တစ္လံုးစီတြင္ ေရွာက္၉ရြက္ စီ ထည္႔ေပးပါ။
ေ၇က်က္ေအးမ်ား ပုလင္းထဲသို႔ အျပည္႔ ထည္႔ျပီး အဆို႔ ပိတ္လ်က္ ေနပူတြင္ ကုိးရက္ လွန္းေပးပါ။ ကုိးရက္ေစ႔လွ်င္ ေဆး၀ါးအျဖစ္ သုံးနိုင္ျပီ။
နံနက္ တစ္ၾကိမ္၊ ညတစ္ၾကိမ္ အဆိုပါ ေ၇ွာက္၇ြက္ ေဆးရည္ ပုလင္းကုိ လွဳပ္ျပီး လက္ဖက္ရည္ အၾကမ္းပန္းကန္ တစ္၀က္ခန္႔ကုိ မွန္မွန္ ေသာက္သံုး သြားေပးပါ။
တစ္လ နွစ္လ ရွိေသာအခါ အမ်ိဳးသမီးမ်ား ခါးေသး ရင္ခ်ီျပီး အဆီပုိ ဗိုက္ရႊဲမွဳမ်ား က်သြား၍ အသားအေရ စစ္သြား ပါမည္။
အဆီက် ဓာတ္စာ ေဆးမ်ား စားျခင္းထက္ စိတ္ခ်ရေသာ ရုိးရာ ေဆးနည္း ျဖစ္ပါသည္။
မွန္မွန္ ေသာက္သံုး ျခင္းျဖင္႔ အသည္း အဆီဖုံးျခင္းနွင္႔ နွလုံးအဆီ ပိတ္ျခင္း တို႔မွလည္း သက္သာ ေပ်ာက္ကင္း ေစပါသည္။
လစဥ္ ျမန္မာ လဆန္း တစ္ရက္ေန႔၌ ေရွာက္ရြက္ နွစ္ရြက္၊ သံုးရြက္ ကုိရွာျပီး စားျဖစ္ေအာင္ စားထားရန္ အမွာရိွသည္။
ထို႔သုိ႔ စားေပးျခင္းျဖင္႔ ေလေရာဂါမ်ား မ၀င္ေရာက္နုိင္၊ ေလ ထိုး၊ ေလေအာင္႔၊ ေလငန္းေရာဂါမ်ား မ၀င္ေရာက္နုိင္ ေၾကာင္း သိရပါသည္။
ေလငန္း ေရာဂါရွင္မ်ား ေရွာက္ရြက္၊ ငရုတ္ေကာင္းနွင္႔ ၾကက္သြန္ျဖဴ တုိ႔ျဖင္႔ ဟင္းခါးခ်က္ ကာ ေန႔စဥ္ ေသာက္သံုး ေပးျခင္းျဖင္႔ ေလငန္း ေရာဂါမွ သက္သာ ေပ်ာက္ကင္း ေစသည္။

Credit to original

Unicode

အဝလွန်သူများ ဗိုက်ခေါက်ထူလာ သူများအတွက် ရှောက်ရွက်၏ အစွမ်း
အဝလွန်သူများ၊ ဗိုက်ခေါက် ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ရှောက်ရွက်များ ရလာပါက ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီ ထည့်ပေးပါ။
ရေကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။
နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါ ရှောက်ရွက် ဆေးရည် ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။
တစ်လ နှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေး ရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွား ပါမည်။
အဆီကျ ဓာတ်စာ ဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။
မှန်မှန် သောက်သုံး ခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။
လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။
ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မဝင်ရောက်နိုင်၊ လေ ထိုး၊ လေအောင့်၊ လေငန်းရောဂါများ မဝင်ရောက်နိုင် ကြောင်း သိရပါသည်။
လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူ တို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။

Credit to original

No comments:

Post a Comment