Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

သားကို အရွက္ေၾကာင့္ ပစ္ခဲ့တာလား အသက္ေၾကာင့္ ပစ္ခဲ့တာလား လြမ္းေရးေၾကာင့္ ပစ္ခဲ့တာလား ေျပာပါ ေမေမ


အမိမဲ့သား ေရနဲငါး ေသြးမပ်က္ပါ အေမ ေပးရက္တာ အေမ့ဆႏၵ သံသယ ဆိုတာမထားပါရေစနဲ႔ေတာ့ သားဟာ အေမ့သားပါ အေဖထားခဲ့တာ အေမပါ အေမထားရက္တာ သားပါအေမသားကို.. အရွက္ေၾကာင့္ ပစ္ခဲ့တာလား? အသက္ေၾကာင့္ ပစ္ခဲ့တာလား? လြမ္းေရးေၾကာင့္ ပစ္ခဲ့တာလား? ဝမ္းေရးေၾကာင့္ ပစ္ခဲ့တာလား?
နားလည္ပါရေစ အေမ ႏို႔ဘူးထဲက ႏို႔ခ်ိဳရည္ အေမ့ႏို႔ မဟုတ္မွန္းသားသိတယ္…ႏူးညံ့စြာေထြးထားတဲ့လက္ အေမ့လက္ မဟုတ္မွန္း သားသိတယ္ အသက္တစ္ေခ်ာင္းနဲ႔လူသား တန္ဘိုးထားပံုျခင္းမ်ား မွားေနသလားအေမ…ရယ္
ရင္နဲ႔လြယ္ထားရတဲ့ ကာလ ေမြးဖြားရတဲ့ ဒုကၡ အေမ့ကို သနားတယ္ ပစ္ပါအေမ.. စြန္႔ပါအေမ.. အေမ့ကို သားေဗြမယူပါဘူးအေမထက္သာတဲ့ ဂရုဏာရွင္တို႔လက္ အေမအပ္ခဲ့တာဘဲေလ… အေမတာဝန္ေက်ပါတယ္…အေမ
သားခံယူခ်င္တာ… အေမ့ဆီက ေမတၱာပါ သားခံယူခ်င္တာ… အေမ့ဆီက ဂရုဏာပါ..အေမ ဪ… သားဘဝမွာ ေမြးေက်းဇူးကို မေမ့သလို ေကၽြးေက်းဇူးေတြ ဆပ္ရပါဦးမယ္ ပုခက္တြင္းက ႏွလံုးသား ေရနဲငါး ျဖစ္ပါေစ… လူးလြန္႔ရင္း အသက္ရွင္ ရင္ခြင္မဲ့ေတြၾကားမွာ အားျဖစ္ သမိုင္းတေခတ္မွာ…
အေမ့သား..ဟာ ဘာျဖစ္ေနတယ္ဆိုတာေလးေတာ့ အေမသိေစခ်င္ပါေသးတယ္ဗ်ာ…
ေမြးေက်းဇူးဆပ္ခြင့္ေပးပါ..အေမ..

ဥတၱရမိုး(ေရနဲ ငါး)

Unicode ျဖင့္ဖတ္ရန္

အမိမဲ့သား ရေနဲငါး သွေးမပျက်ပါ အမေ ပေးရက်တာ အမေ့ဆန္ဒ သံသယ ဆိုတာမထားပါရစေနဲ့တော့ သားဟာ အမေ့သားပါ အဖေထားခဲ့တာ အမေပါ အမေထားရက်တာ သားပါအမေသားကို.. အရှက်ကြောင့် ပစ်ခဲ့တာလား? အသက်ကြောင့် ပစ်ခဲ့တာလား? လွမ်းရေးကြောင့် ပစ်ခဲ့တာလား? ဝမ်းရေးကြောင့် ပစ်ခဲ့တာလား?

နားလည်ပါရစေ အမေ နို့ဘူးထဲက နို့ချိုရည် အမေ့နို့ မဟုတ်မှန်းသားသိတယ်…နူးညံ့စွာထွေးထားတဲ့လက် အမေ့လက် မဟုတ်မှန်း သားသိတယ် အသက်တစ်ချောင်းနဲ့လူသား တန်ဘိုးထားပုံခြင်းများ မှားနေသလားအမေ…ရယ်

ရင်နဲ့လွယ်ထားရတဲ့ ကာလ မွေးဖွားရတဲ့ ဒုက္ခ အမေ့ကို သနားတယ် ပစ်ပါအမေ.. စွန့်ပါအမေ.. အမေ့ကို သားဗွေမယူပါဘူးအမေထက်သာတဲ့ ဂရုဏာရှင်တို့လက် အမေအပ်ခဲ့တာဘဲလေ… အမေတာဝန်ကျေပါတယ်…အမေ

သားခံယူချင်တာ… အမေ့ဆီက မေတ္တာပါ သားခံယူချင်တာ… အမေ့ဆီက ဂရုဏာပါ..အမေ ဪ… သားဘဝမှာ မွေးကျေးဇူးကို မမေ့သလို ကျေွးကျေးဇူးတွေ ဆပ်ရပါဦးမယ် ပုခက်တွင်းက နှလုံးသား ရေနဲငါး ဖြစ်ပါစေ… လူးလွန့်ရင်း အသက်ရှင် ရင်ခွင်မဲ့တွေကြားမှာ အားဖြစ် သမိုင်းတခေတ်မှာ…

အမေ့သား..ဟာ ဘာဖြစ်နေတယ်ဆိုတာလေးတော့ အမေသိစေချင်ပါသေးတယ်ဗျာ…

မွေးကျေးဇူးဆပ်ခွင့်ပေးပါ..အမေ..

ဥတ္တရမိုး(ရေနဲ ငါး)

No comments:

Post a Comment