Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

ေန႔တိုင္းနီးပါး ဂ်င္း ၁ လၾကာတဲ့အခါ ခံစားရမယ့္ အက်ိဳးမ်ား

ဂ်င္းကို ေန႔တိုင္းနီးပါးစားရင္ သင့္ႏွလံုးနဲ႔ ဦးေႏွာက္အတြက္ က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာက ဂ်င္းကို အစာေျခစနစ္နဲ႔ နာက်င္တာေတြ ေပ်ာက္ကင္းဖို႔ သံုးစြဲၾကပါတယ္။

ဒါေၾကာင့္ ဂ်င္းကို ေန႔တုိင္းစားၿပီး ၁လအၾကာမွာ ခံစားရမယ့္ အက်ိဳးေက်းဇူးမ်ားကို ေ၀မွ်ခ်င္ပါတယ္။

ဂ်င္းက အစာေျခစနစ္ကို ကူညီေပး

ဂ်င္းမွာ Gingerols နဲ႔ Shogaol ဓာတ္တုိ႔ပါ၀င္တာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။ အဲ့ဒီအျပင္ အာဟာရဓာတ္ စုပ္ယူမႈပိုေကာင္းေစၿပီး ေရာင္ရမ္းတာေတြကို ေလ်ာ့ခ်ေပးပါတယ္။

၀မ္းပိတ္တာ၊ အစာမေၾကတာ၊ ဗိုက္၀တာေတြကိုလည္း ကာကြယ္ေပးပါတယ္။

မူးေ၀ေအာ့အန္တာကို ကုသႏုိင္

မူးေ၀ ေအာ့အန္ရင္ ဂ်င္းကို စားလိုက္ရင္ ေပ်ာက္ကင္းႏိုင္ပါတယ္။ ဂ်င္း ၁ ဂရမ္ကို စားသံုးရင္ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးေတြေတာင္ မနက္ခင္းအန္တာကို သက္သာေစပါတယ္။

နာက်င္ကိုက္ခဲတာကို သက္သာ

ဂ်င္းက ေရာင္ကိုင္းတာ၊ နာက်င္ကိုက္ခဲတာေတြသက္သာေစပါတယ္။ အထူးသျဖင့္ ေလ့က်င့္ခန္းလုပ္တာေၾကာင့္ နာက်င္ကိုက္ခဲတာကိုလည္း ေပ်ာက္ကင္းေစပါတယ္။

ႏွလံုးေရာဂါ ျဖစ္ပြားႏိုင္ေခ်နည္းပါး

ဂ်င္းမွာပါ၀င္တဲ့ ဓာတ္ေတြက ေသြးေၾကာေတြထံုးတာ၊ ေသြးလြန္တာေတြကို ကာကြယ္ေပးပါတယ္း။ ေသြးတိုးတာေတြ၊ ေဆးလိပ္ေသာက္တာေတြေၾကာင့္ ႏွလံုးေရာဂါျဖစ္ပြားႏိုင္ေခ်ကိုလည္း ေလ်ွာ့ခ်ေပးပါတယ္။

ေသြးအတြင္း ကိုလက္စထေရာ ကိုက်ဆင္းေစ

ဂ်င္းက ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ေတြကို ေကာင္းမြန္ေစၿပီး ေသြးအတြင္း ကိုလက္စထေရာ ကိုလည္း က်ဆင္းေစပါတယ္။

တစ္ေန႔ကို ဂ်င္း ၃ ဂရမ္စားေပးၿပီး ၄၅ ရက္အၾကာမွာ ေသြးအတြင္း ကိုလက္စထေရာေတြ၊ Low Density Lipoprotein (LDL) တို႔ကို က်ဆင္းေစပါတယ္။

ကင္ဆာကို ကာကြယ္ႏိုင္

ဂ်င္းမွာပါ၀င္တဲ့ 6-Gingerol ကြန္ေပါင္းက ကင္ဆာကို ကာကြယ္ႏုိင္စြမ္းရွိပါတယ္။ အဲ့ဒီ ကြန္ေပါင္းက အႀကိတ္ေတြကို မျဖစ္ေပၚလာေအာင္ တားဆီးေပးပါတယ္။

အေရျပားကင္ဆာ၊ အဆုတ္ကင္ဆာ၊ ဆီးအိမ္ကင္ဆာ စတာေတြကို ကာကြယ္ေပ်ာက္ကင္းႏိုင္ပါတယ္။

ဦးေႏွာက္ကို ဖြံ႔ၿဖိဳးေစ

ဂ်င္းက ဦးေႏွာက္မွာ ေရာင္ရမ္းတာေတြကို ကာကြယ္ေပးပါတယ္။ တခ်ိဳ႕သုေတသနေတြရဲ႕ ရလဒ္အရ အယ္ဇိုင္းမားနဲ႔ တျခား ဦးေႏွာက္ဆိုင္ရာ ေရာဂါေတြကိုလည္း ကာကြယ္ေပးပါတယ္။

Evidence Based Complementary Alternative Medicine ကျပဳလုပ္ခဲ့တဲ့ သုေတသနအရ တစ္ေန႔ကို ဂ်င္း ၈၀၀ mg စားရင္ ၂ လၾကာတဲ့အခါမွာ အာရုံစိုက္မႈအား၊ ဦးေႏွာက္ရဲ႕ မွတ္ဥာဏ္ေတြပိုေကာင္းလာၿပီး ဥာဏ္ပိုေျပးလာတယ္လို႔ ဆိုပါတယ္။

ဂ်င္းကို ဟင္းခ်က္တဲ့ေနရာမွာ အသုတ္သုပ္တဲ့ေနရာမွာလည္း ထည့္သြင္းစားသံုးႏိုင္ပါတယ္။

ဂ်င္း လက္ဘက္ရည္

ဂ်င္းကို ပါးပါးေလး ၄ ခုကေန ၆ ခု ၾကားလွီးၿပီး ေရေႏြးပြက္ပြက္ဆူထည့္ထားတဲ့ ခြက္ထဲကိုထည့္ပါ။ ၁၀ မိနစ္ကေန ၁၅ မိနစ္ၾကားထားၿပီး ဂ်င္းကို ဖယ္ကာ ပ်ားရည္လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ကာ စားသံုးႏုိင္ပါၿပီ။

myfood

#Unicode Version#
ဂျင်းကို နေ့တိုင်းနီးပါးစားရင် သင့်နှလုံးနဲ့ ဦးနှောက်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဂျင်းကို အစာခြေစနစ်နဲ့ နာကျင်တာတွေ ပျောက်ကင်းဖို့ သုံးစွဲကြပါတယ်။

ဒါကြောင့် ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများကို ဝေမျှချင်ပါတယ်။

ဂျင်းက အစာခြေစနစ်ကို ကူညီပေး

ဂျင်းမှာ Gingerols နဲ့ Shogaol ဓာတ်တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အဲ့ဒီအပြင် အာဟာရဓာတ် စုပ်ယူမှုပိုကောင်းစေပြီး ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။

ဝမ်းပိတ်တာ၊ အစာမကြေတာ၊ ဗိုက်ဝတာတွေကိုလည်း ကာကွယ်ပေးပါတယ်။

မူးဝေအော့အန်တာကို ကုသနိုင်

မူးေ၀ အော့အန်ရင် ဂျင်းကို စားလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်။ ဂျင်း ၁ ဂရမ်ကို စားသုံးရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေတောင် မနက်ခင်းအန်တာကို သက်သာစေပါတယ်။

နာကျင်ကိုက်ခဲတာကို သက်သာ

ဂျင်းက ရောင်ကိုင်းတာ၊ နာကျင်ကိုက်ခဲတာတွေသက်သာစေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်တာကြောင့် နာကျင်ကိုက်ခဲတာကိုလည်း ပျောက်ကင်းစေပါတယ်။

နှလုံးရောဂါ ဖြစ်ပွားနိုင်ချေနည်းပါး

ဂျင်းမှာပါဝင်တဲ့ ဓာတ်တွေက သွေးကြောတွေထုံးတာ၊ သွေးလွန်တာတွေကို ကာကွယ်ပေးပါတယ်း။ သွေးတိုးတာတွေ၊ ဆေးလိပ်သောက်တာတွေကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

သွေးအတွင်း ကိုလက်စထရော ကိုကျဆင်းစေ

ဂျင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး သွေးအတွင်း ကိုလက်စထရော ကိုလည်း ကျဆင်းစေပါတယ်။

တစ်နေ့ကို ဂျင်း ၃ ဂရမ်စားပေးပြီး ၄၅ ရက်အကြာမှာ သွေးအတွင်း ကိုလက်စထရောတွေ၊ Low Density Lipoprotein (LDL) တို့ကို ကျဆင်းစေပါတယ်။

ကင်ဆာကို ကာကွယ်နိုင်

ဂျင်းမှာပါဝင်တဲ့ 6-Gingerol ကွန်ပေါင်းက ကင်ဆာကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ အဲ့ဒီ ကွန်ပေါင်းက အကြိတ်တွေကို မဖြစ်ပေါ်လာအောင် တားဆီးပေးပါတယ်။

အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ စတာတွေကို ကာကွယ်ပျောက်ကင်းနိုင်ပါတယ်။

ဦးနှောက်ကို ဖွံ့ဖြိုးစေ

ဂျင်းက ဦးနှောက်မှာ ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။ တချို့သုတေသနတွေရဲ့ ရလဒ်အရ အယ်ဇိုင်းမားနဲ့ တခြား ဦးနှောက်ဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

Evidence Based Complementary Alternative Medicine ကပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နေ့ကို ဂျင်း ၈၀၀ mg စားရင် ၂ လကြာတဲ့အခါမှာ အာရုံစိုက်မှုအား၊ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေပိုကောင်းလာပြီး ဉာဏ်ပိုပြေးလာတယ်လို့ ဆိုပါတယ်။

ဂျင်းကို ဟင်းချက်တဲ့နေရာမှာ အသုတ်သုပ်တဲ့နေရာမှာလည်း ထည့်သွင်းစားသုံးနိုင်ပါတယ်။

ဂျင်း လက်ဘက်ရည်

ဂျင်းကို ပါးပါးလေး ၄ ခုကနေ ၆ ခု ကြားလှီးပြီး ရေနွေးပွက်ပွက်ဆူထည့်ထားတဲ့ ခွက်ထဲကိုထည့်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားထားပြီး ဂျင်းကို ဖယ်ကာ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ စားသုံးနိုင်ပါပြီ။
myfood

No comments:

Post a Comment