Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 20, 2019

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို နှုတ်မိန့်ဖြင့် နှုတ်ထွက်စာတင်ခိုင်းဟုဆို

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို ၁၈.၁.၂၀၁၉ နေ့က နှုတ်ထွက်စာ တင်ခိုင်းခဲ့တယ် လို့ နှုတ်ထွက်စာတင်ဖို့ အကြောင်းကြားခံရတဲ့ ဝန်ကြီးက ပြောပါတယ်။

နှုတ်ထွက်စာတင်ဖို့ အကြောင်းကြားခံရတဲ့ ဝန်ကြီးကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းဖြစ်တယ်လို့ သိရပါတယ်။

“၁၈ ရက်နေ့မနက် ကျွန်တော့်ရုံးခန်းမှာ ထိုင်နေတုန်း ဝန်ကြီးချုပ်ခေါ်တယ်ဆိုလို့ သွားတွေ့တာ။ ဝန်ကြီးချုပ်ရုံးခန်းရောက်တော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖုန်းဆက်ပြီးတော့ နှုတ်ထွက်စာကို ယူခိုင်းလို့ ခေါ်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်" လို့ စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက News Watch ကို ပြောပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဟာ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ လုပ်ဆောင်ခြင်မရှိဘူးလို့ယူဆတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားခဲ့ဖူးတဲ့ မြစ်ကြီးနားခရိုင် NLD အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ယခုကိစ္စနဲ့ပတ်သက်လို့ ဦးတင်ထွန်းသိန်းက "ဖွဲ့စည်းပုံ အခြေဥပဒေနဲ့ တက်လာတဲ့အစိုးရဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီပဲ ဖြစ်စေချင်ပါတယ်။ ဝန်ကြီးတဦးကို စွပ်စွဲပြစ်တင်မယ်ဆိုရင် စွပ်စွဲတယ်ဆိုတာ နိုင်ငံတော်ပေါ် သစ္စာမစောင့်သိတာတို့၊ ကိုယ်ကျင့်တရား ပျက်ပြားတာတို့၊ ပေးအပ်ထားတဲ့ တာဝန်ကျေပွန်အောင် မထမ်းဆောင်တာတို့ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ အရပဲ စွပ်စွဲ ပြစ်တင်လို့ရပါတယ်။ နှုတ်ထွက်တယ်ဆိုတာ ခြေဥပုဒ်မ ၂၆၄ အရ ကာယကံရှင်ရဲ့သဘောဆန္ဒအရပဲ နှုတ်ထွက်လို့ ရပါတယ်။ တဦးတယောက်က ဖိအားပေးပြီး နှုတ်ထွက်စာ တင်ခိုင်းလို့ မရပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ဥပဒေနဲ့အညီပဲ ဖြစ်စေချင်တယ်"လို့ ပြောပါတယ်။

ကချင်ပြည်နယ် စိုက်/မွေး/ဆည်ဝန်ကြီး ဦးမြသိန်းအား နှုတ်ထွက်ခိုင်းခြင်းအပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် အခြားဝန်ကြီးနှစ်ဦးကိုလည်း နှုတ်ထွက်စာတင်ခိုင်းထားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် လတ်တလော အတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇော်မိုးထက်(ဖားကန့်)
News Watch

No comments:

Post a Comment