Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ဒီအတိုင္းၾကည့္ရင္ တကယ့္ ကေလးေတြပါပဲ


ပဲခူးၿမိဳ႕အမွတ္(2)စခန္းမႈးရဲးအုပ္ခ်စ္ၾကည္(ခ)နာမည္ေၾကာ္ဒုစ႐ိုက္သမားဖမ္းစီးရာတြင္လက္စြမ္းထက္သူ ဆားပုလင္းကိုကိုခ်စ္၏လက္စြမ္း
ပဲခူးၿမိဳ႕ရွိ မဇင္းဆည္သို႔ လာေရာက္သူမ်ားထံမွ မၾကာခဏပစၥည္းလုယူမႈ က်ဴးလြန္သူ ၄ ဦးအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
၁။ ပဲခူးၿမိဳ႕ အမွတ္ (၂)နယ္ေျမရဲစခန္းအပိုင္ရွိ မဇင္းဆည္သို႔ လာေရာက္သူမ်ားထံမွ မၾကာခဏ ပစၥည္းလုယူမႈမ်ားျဖစ္ပြားလ်က္ရွိသျဖင့္ ဖမ္းဆီးရမိေရးအတြက္ အမွတ္(၂)နယ္ေျမရဲစခန္းမႉး ရဲအုပ္ ခ်စ္ၾကည္၏ ႀကီးၾကပ္မႈျဖင့္ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ သန္႔ဇင္ဝင္း ဦးစီးနယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သတင္းစံုစမ္းေထာက္လွမ္းေဆာင္ရြက္ေနစဥ္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁၈ ရက္ေန႔ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္ခန္႔တြင္ ပဲခူးၿမိဳ႕၊ မဇင္းဆည္ေျမာက္ဘက္ ရာဘာျခံအနီး မသကၤာဖြယ္ လူ ၃ ဦးအား ေတြ႕ရွိစစ္ေဆးေမးျမန္းခဲ့ရာ
နန္းေတာ္ရပ္ကြက္၊ ပဲခူးၿမိဳ႕တြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္းသိရွိရၿပီး ေအာင္ေထြး(ခ)ဖိုးေအာ္ (၁၈)ႏွစ္၊ (ဘ)ဦးဝင္းရီ ထံမွ ဓားေျမာင္(၁)ေခ်ာင္း၊ ေဝယံ(ခ)စိုင္းျမတ္သူ (၁၈)ႏွစ္၊ (ဘ)ဦးရင္ေမာင္ေအး ထံမွ သံုးေျမာင့္စေကဘာ (၁)ေခ်ာင္း၊ ေအာင္ကိုဦး (ခ)ေအာင္ၿငိမ္းခ်မ္း (၁၉)ႏွစ္၊ (ဘ)ဦးခ်စ္ကို ထံမွ ဓားဦးခၽြန္(၁)ေခ်ာင္း၊ သစ္သားေလးဂြ (၁)ခု၊ စတီးကုန္းသီး (၅)လံုး၊ ေလာက္စာလံုး (၇)လံုး တို႔အား ေတြ႕ရွိသိမ္းဆည္းရမိသျဖင့္ အမွတ္(၂)နယ္ေျမရဲစခန္းသို႔ ေခၚေဆာင္လာကာ ရဲစခန္း၌ ဆက္လက္စစ္ေဆးခဲ့ပါသည္။

၂။ ၎တို႔ ၃ ဦးအား စစ္ေဆးခ်က္အရ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁၄ ရက္ေန႔ ညေန ၃ နာရီခြဲအခ်ိန္ မဇင္းဆည္လမ္းၾကားတြင္ အမ်ိဳးသားႏွင့္အမ်ိဳးသမီး ထံမွ ေရႊဆြဲႀကိဳး(၁)ကံုး၊ ေရႊဟမ္းခ်ိန္း(၁)ခု၊ ေရႊလက္စြပ္ (၁)ကြင္းတို႔အား ဓားေထာက္ယူေဆာင္ထြက္ေျပးခဲ့ကာ သနပ္ပင္ၿမိဳ႕ေန ေအာင္ေထြး(ခ)ဖိုးေအာ္၏ ဦးေလး ေက်ာ္ေက်ာ္(ခ)ေက်ာ္ဇင္ထြန္း (၃၈)ႏွစ္ ထံ ေရာင္းခ်ထားေၾကာင္း ၊ လြန္ခဲ့ေသာ ၁၀ ရက္ခန္႔ကလည္း မဇင္းဆည္အဝင္လမ္းတြင္ အမ်ိဳးသားႏွင့္အမ်ိဳးသမီး ထံမွ ဆိုင္ကယ္ ၁ စီး၊ ဖုန္း ၂ လံုးတို႔အား ယူေဆာင္ထြက္ေျပးခဲ့ကာ သနပ္ပင္ၿမိဳ႕ေန ေအာင္ေထြး(ခ)ဖိုးေအာ္၏ ဦးေလး ေက်ာ္ေက်ာ္(ခ)ေက်ာ္ဇင္ထြန္း (၃၈)ႏွစ္ထံ ေရာင္းခ်ခဲ့ေျကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါသည္။

၃။ မသကၤာတရားခံ မ်ားျဖစ္ေသာ ေအာင္ေထြး(ခ)ဖိုးေအာ္၊ ေဝယံ(ခ)စိုင္းျမတ္သူ၊ ေအာင္ကိုဦး(ခ)ေအာင္ၿငိမ္းခ်မ္း တို႔ ၃ ဦးႏွင့္ ပစၥည္းလက္ခံေရာင္းခ်သူ ေက်ာ္ေက်ာ္(ခ)ေက်ာ္ဇင္ထြန္းတို႔ (၄)ဦးအား က်ဴးလြန္ခဲ့သည့္ ျဖစ္စဥ္မ်ားမွ သက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ၿပီးျဖစ္၍ ၎တို႔ ၃ ဦးအား ပဲခူးအမွတ္(၂)နယ္ေျမရဲစခန္း၌ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရပါသည္။

သခင္သန္းဝင္းနိင္





Unicode

ပဲခူးမြို့အမှတ်(2)စခန်းမှုးရဲးအုပ်ချစ်ကြည်(ခ)နာမည်ကြော်ဒုစရိုက်သမားဖမ်းစီးရာတွင်လက်စွမ်းထက်သူ ဆားပုလင်းကိုကိုချစ်၏လက်စွမ်း

ပဲခူးမြို့ရှိ မဇင်းဆည်သို့ လာရောက်သူများထံမှ မကြာခဏပစ္စည်းလုယူမှု ကျူးလွန်သူ ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

၁။ ပဲခူးမြို့ အမှတ် (၂)နယ်မြေရဲစခန်းအပိုင်ရှိ မဇင်းဆည်သို့ လာရောက်သူများထံမှ မကြာခဏ ပစ္စည်းလုယူမှုများဖြစ်ပွားလျက်ရှိသဖြင့် ဖမ်းဆီးရမိရေးအတွက် အမှတ်(၂)နယ်မြေရဲစခန်းမှူး ရဲအုပ် ချစ်ကြည်၏ ကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန့်ဇင်ဝင်း ဦးစီးနယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းစုံစမ်းထောက်လှမ်းဆောင်ရွက်နေစဉ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ပဲခူးမြို့၊ မဇင်းဆည်မြောက်ဘက် ရာဘာခြံအနီး မသင်္ကာဖွယ် လူ ၃ ဦးအား တွေ့ရှိစစ်ဆေးမေးမြန်းခဲ့ရာ

နန်းတော်ရပ်ကွက်၊ ပဲခူးမြို့တွင် နေထိုင်သူများဖြစ်ကြောင်းသိရှိရပြီး အောင်ထွေး(ခ)ဖိုးအော် (၁၈)နှစ်၊ (ဘ)ဦးဝင်းရီ ထံမှ ဓားမြောင်(၁)ချောင်း၊ ဝေယံ(ခ)စိုင်းမြတ်သူ (၁၈)နှစ်၊ (ဘ)ဦးရင်မောင်အေး ထံမှ သုံးမြောင့်စကေဘာ (၁)ချောင်း၊ အောင်ကိုဦး (ခ)အောင်ငြိမ်းချမ်း (၁၉)နှစ်၊ (ဘ)ဦးချစ်ကို ထံမှ ဓားဦးချွန်(၁)ချောင်း၊ သစ်သားလေးဂွ (၁)ခု၊ စတီးကုန်းသီး (၅)လုံး၊ လောက်စာလုံး (၇)လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အမှတ်(၂)နယ်မြေရဲစခန်းသို့ ခေါ်ဆောင်လာကာ ရဲစခန်း၌ ဆက်လက်စစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့ ၃ ဦးအား စစ်ဆေးချက်အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မဇင်းဆည်လမ်းကြားတွင် အမျိုးသားနှင့်အမျိုးသမီး ထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေဟမ်းချိန်း(၁)ခု၊ ရွှေလက်စွပ် (၁)ကွင်းတို့အား ဓားထောက်ယူဆောင်ထွက်ပြေးခဲ့ကာ သနပ်ပင်မြို့နေ အောင်ထွေး(ခ)ဖိုးအော်၏ ဦးလေး ကျော်ကျော်(ခ)ကျော်ဇင်ထွန်း (၃၈)နှစ် ထံ ရောင်းချထားကြောင်း ၊ လွန်ခဲ့သော ၁၀ ရက်ခန့်ကလည်း မဇင်းဆည်အဝင်လမ်းတွင် အမျိုးသားနှင့်အမျိုးသမီး ထံမှ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံးတို့အား ယူဆောင်ထွက်ပြေးခဲ့ကာ သနပ်ပင်မြို့နေ အောင်ထွေး(ခ)ဖိုးအော်၏ ဦးလေး ကျော်ကျော်(ခ)ကျော်ဇင်ထွန်း (၃၈)နှစ်ထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၃။ မသင်္ကာတရားခံ များဖြစ်သော အောင်ထွေး(ခ)ဖိုးအော်၊ ဝေယံ(ခ)စိုင်းမြတ်သူ၊ အောင်ကိုဦး(ခ)အောင်ငြိမ်းချမ်း တို့ ၃ ဦးနှင့် ပစ္စည်းလက်ခံရောင်းချသူ ကျော်ကျော်(ခ)ကျော်ဇင်ထွန်းတို့ (၄)ဦးအား ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီးဖြစ်၍ ၎င်းတို့ ၃ ဦးအား ပဲခူးအမှတ်(၂)နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သခင်သန်းဝင်းနိင်

No comments:

Post a Comment