Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 16, 2019

ထာဝရထက်နှစ်ဆ ရုပ်ရှင်ဇတ်ကားကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ အရေးယူဖို့ အိန္ဒိယဒါရိုက်တာများထံ တိုင်ကြားသောစာ


ရုံမတင်ရသေးတဲ့ ထာဝရထက်နှစ်ဆရုပ်ရှင်ဇာတ်ကားကြီးဟာ ကမ္ဘာကျော် Radhika Rao & Vinay Sapru တို့ ရဲ့ Saanam Teri Kaasam ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်တာကြောင့်
ညာဏမူပိုင်ခွင့်ချိုးဖောက်မှုနဲ့ အရေးယူပေးဖို့ ဒါရိုက်တာRadhika Rao & Vinay Sapru တို့ ရဲ့ လူမှုကွန်ရက်မှာ သွားရောက် တိုင်တန်းထားတဲ့ ဓါတ်ပုံ(Screen Shoot ) တစ်ခုထွက်ပေါ်လာပါတယ်။

ရုပ်ရှင်ကြော်ငြာပိုစတာမှာ မူရင်းဘောလိဝုဒ်ဇာတ်ကားကို ရည်ညွှန်းဖော်ပြမထားခြင်း ၊ အနုပညာရှင် အချင်းချင်း လူသိရှင်ကြား ကော်ပီကူးထားမှုကို တရားဝင်ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် လက်ခံရုံတင်ဖို့ခွင့်ပြုလိုက်ခြင်း စတာတွေကြောင့် အရေးယူပေးဖို့ ပြောကြားထားတဲ့အပြင် ဘောလိဝုဒ်ရဲ့အရှိန်အ၀ါကို အသုံးပြုပြီး မြန်မာ့အနုပညာရှင် အမည်ခံ အမှိုက်သရိုက်များကိုရှင်းထုတ်ပေးပါ စသဖြင့် ရေးသားထားပါတယ်။
source:  မြန်မာပေါကားနှင့်ပေါကောင်များအားရှုတ်ချသူ များ ,
ref:Cele Gabar







No comments:

Post a Comment