Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 16, 2019

နင့္ေနာက္မိန္းမေတြလိုက္လာတယ္ဟုေနာက္လိုက္သည္ကုိ မေက်နပ္၍ဓါးျဖင့္ထိုးသတ္


ပဲခူးတိုင္းေဒသၾကီး လက္ပံတန္းျမိဳ႕နယ္ လက္ပံတန္းျမိဳ႕မရဲစခန္းအပိုင္တြင္ အမ်ိဳးသမီးတစ္ဦးမွ ၄င္း၏ခင္ပြန္းျဖစ္သူကုိ နင့္ေနာက္မိန္းမေတြလိုက္လာတယ္ ဟု ေနာက္လိုက္သည္ကုိ မေက်နပ္၍ စကားမ်ားရန္ျဖစ္ၾကရာမွ ဓါးထိုးမႈ ျဖစ္ပြားခဲ႔ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ၂.၁.၂၀၁၉ရက္ေန႔ ညေန၅နာရီခြဲအခ်ိန္ခန္႔တြင္ လက္ပံတန္းျမိဳ႕ ျမိဳ႕မရပ္ကြက္ နယ္ေျမ ၁ ေညာင္ပင္သာလမ္းေနသူ မေအးေအးခိုင္ ၃၇ႏွစ္ဆိုသူသည္ ခင္ပြန္းျဖစ္သူ ကုိႏိုင္ထြန္း ၃၇ႏွစ္ႏွင့္အတူ ေနအိမ္တြင္ရွိစဥ္ တစ္ရပ္ကြက္တည္းေနသူ ေဒၚေအးေအးမူ ၄၁ႏွစ္ႏွင့္ ၄င္း၏တူမျဖစ္သူ မေအးေအးသင္း ၂၉ႏွစ္ တို႔ ေရာက္လာၾကသျဖင့္

မေအးေအးခိုင္မွ ၄င္း၏ ခင္ပြန္းျဖစ္သူ ကုိႏိုင္ထြန္းအား နင့္ေနာက္မိန္းမေတြလိုက္လာတယ္ ဟုေနာက္လိုက္သည္ကုိ ေဒၚေအးေအးမူမွမေက်မနပ္ျဖစ္ကာ စကားမ်ားရန္ျဖစ္ေနစဥ္ရာအိမ္မွဴးဦးျမင့္ေဌး ၅၅ႏွစ္ေရာက္ရွိလာျပီးေျဖရွင္းေပးခဲ႔သည္။

ထို႔ေနာက္ ကုိႏိုင္ထြန္းမွ မေအးမူ၏ခင္ပြန္းျဖစ္သူ ထြန္းထြန္းဝင္း ၄၁ ႏွစ္ႏွင့္ ထပ္မံစကားမ်ားမည္ကုိ စိုးရိမ္သျဖင့္ ေရွာင္တိမ္းသြားခဲ႔သည္။

သုိ ့ေပမယ့္မေက်မနပ္ျဖစ္ေနေသာ မေအးမူ၏ ခင္ပြန္း ထြန္းထြန္းဝင္းမွ ကုိႏိုင္ထြန္းထံလိုက္သြားျပီး အသင့္ပါလာေသာ ဓားေျမွာင္ျဖင့္ထိုးလိုက္ရာကုိႏိုင္ထြန္းတြင္ ယာဘက္ရင္အုံထိုးသြင္းဒဏ္ရာ ၁ ခ်က္ ယာလက္ေကာက္ဝတ္ျပတ္ရွ ၁ ခ်က္ ဝဲနထင္ဖူးေရာင္ညိဳမည္းဒဏ္ရာ ၁ ခ်က္ စိုးရိမ္ရ ဒဏ္ရာရရွိသြားခဲ႔သည္။

ခင္ပြန္းကုိႏိုင္ထြန္းအားနာက်င္ဒဏ္ရာရရွိေစေအာင္ ဓါးျဖင့္ထိုးသူ ထြန္းထြန္းဝင္း ခ ငထြန္း ဆိုသူအားအေရးယူေပးပါရန္ မေအးေအးခိုင္မွတရားလိုျပဳလုပ္တိုင္တန္းသျဖင့္ လက္ပံတန္ူျမိဳ႕မရဲစခန္းမွ (ပ)၄/၂၀၁၉ ရာဇသတ္ၾကီးပုဒ္မ၃၂၆ ျဖင့္အမႈဖြင့္အေရးယူထားျပီ ဒုရဲအုပ္ရာဇာမ်ိဳဦးမွ ဒဏ္ရာရရွိထားသူကုိႏိုင္ထြန္းအားေဆးကုသမႈခံယူႏိုင္ရန္ရဲေဆးစာျပဳလုပ္ျပီး လက္ပံတန္းေဆးရံုသို႔ပို႔ေဆာငိေသာ္လည္း စိုးရိမ္ရသျဖင့္ ရန္ကုန္ေဆးရံုၾကီးသို႔ လႊဲေျပာင္းပို႔ေဆာင္ေပးခဲ႔သည္။

ဒုရဲအုပ္ ရာဇာမ်ိဳးဦးမွ အခင္းျဖစ္အရပ္ရွိ သက္ေသတို႔ကုိစစ္ေဆးျခင္းတရားခံထြန္းထြန္းဝင္းအားအျမန္ဆုံးဖမ္းဆီးႏိုင္ေရးအတြက္ဆက္လက္ေဆာင္ရြက္ေနေၾကာင္းသတင္းရရွိသည္။

Credit

Unicode Version

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် လက်ပံတန်းမြို့မရဲစခန်းအပိုင်တွင် အမျိုးသမီးတစ်ဦးမှ ၄င်း၏ခင်ပွန်းဖြစ်သူကို နင့်နောက်မိန်းမတွေလိုက်လာတယ် ဟု နောက်လိုက်သည်ကို မကျေနပ်၍ စကားများရန်ဖြစ်ကြရာမှ ဓါးထိုးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၂.၁.၂၀၁၉ရက်နေ့ ညနေ၅နာရီခွဲအချိန်ခန့်တွင် လက်ပံတန်းမြို့ မြို့မရပ်ကွက် နယ်မြေ ၁ ညောင်ပင်သာလမ်းနေသူ မအေးအေးခိုင် ၃၇နှစ်ဆိုသူသည် ခင်ပွန်းဖြစ်သူ ကိုနိုင်ထွန်း ၃၇နှစ်နှင့်အတူ နေအိမ်တွင်ရှိစဉ် တစ်ရပ်ကွက်တည်းနေသူ ဒေါ်အေးအေးမူ ၄၁နှစ်နှင့် ၄င်း၏တူမဖြစ်သူ မအေးအေးသင်း ၂၉နှစ် တို့ ရောက်လာကြသဖြင့်

မအေးအေးခိုင်မှ ၄င်း၏ ခင်ပွန်းဖြစ်သူ ကိုနိုင်ထွန်းအား နင့်နောက်မိန်းမတွေလိုက်လာတယ် ဟုနောက်လိုက်သည်ကို ဒေါ်အေးအေးမူမှမကျေမနပ်ဖြစ်ကာ စကားများရန်ဖြစ်နေစဉ်ရာအိမ်မှူးဦးမြင့်ဌေး ၅၅နှစ်ရောက်ရှိလာပြီးဖြေရှင်းပေးခဲ့သည်။

ထို့နောက် ကိုနိုင်ထွန်းမှ မအေးမူ၏ခင်ပွန်းဖြစ်သူ ထွန်းထွန်းဝင်း ၄၁ နှစ်နှင့် ထပ်မံစကားများမည်ကို စိုးရိမ်သဖြင့် ရှောင်တိမ်းသွားခဲ့သည်။

သို ့ပေမယ့်မကျေမနပ်ဖြစ်နေသော မအေးမူ၏ ခင်ပွန်း ထွန်းထွန်းဝင်းမှ ကိုနိုင်ထွန်းထံလိုက်သွားပြီး အသင့်ပါလာသော ဓားမြှောင်ဖြင့်ထိုးလိုက်ရာကိုနိုင်ထွန်းတွင် ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက် ယာလက်ကောက်ဝတ်ပြတ်ရှ ၁ ချက် ဝဲနထင်ဖူးရောင်ညိုမည်းဒဏ်ရာ ၁ ချက် စိုးရိမ်ရ ဒဏ်ရာရရှိသွားခဲ့သည်။

ခင်ပွန်းကိုနိုင်ထွန်းအားနာကျင်ဒဏ်ရာရရှိစေအောင် ဓါးဖြင့်ထိုးသူ ထွန်းထွန်းဝင်း ခ ငထွန်း ဆိုသူအားအရေးယူပေးပါရန် မအေးအေးခိုင်မှတရားလိုပြုလုပ်တိုင်တန်းသဖြင့် လက်ပံတနူ်မြို့မရဲစခန်းမှ (ပ)၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၃၂၆ ဖြင့်အမှုဖွင့်အရေးယူထားပြီ ဒုရဲအုပ်ရာဇာမျိုဦးမှ ဒဏ်ရာရရှိထားသူကိုနိုင်ထွန်းအားဆေးကုသမှုခံယူနိုင်ရန်ရဲဆေးစာပြုလုပ်ပြီး လက်ပံတန်းဆေးရုံသို့ပို့ဆောငိသော်လည်း စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

ဒုရဲအုပ် ရာဇာမျိုးဦးမှ အခင်းဖြစ်အရပ်ရှိ သက်သေတို့ကိုစစ်ဆေးခြင်းတရားခံထွန်းထွန်းဝင်းအားအမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်နေကြောင်းသတင်းရရှိသည်။

No comments:

Post a Comment