Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 16, 2019

ဆင္းရဲၿပီး ဒုကၡေရာက္ေနသူမ်ား ဘယ္လုိကုသုိလ္မ်ိဳး ျပဳသင့္ပါသလဲ


အရွင္ဘုရား…

ဆင္းရဲႏြမ္းပါးျပီး ေဆးဖုိး၀ါးခ မတတ္ႏုိင္သူမ်ား၊ က်န္းမာေရးမေကာင္းလုိ႔ အလုပ္မလုပ္ႏုိင္ စား၀တ္ေနေရးပါ ဒုကၡေရာက္ရသူမ်ား ဘယ္လုိ ကုသုိလ္မ်ိဳး ျပဳသင့္ပါသလဲဘုရား။
.အဲဒီလုိအေျခအေနမ်ိဳးမွာ လုပ္ႏုိင္တဲ့ကုသုိလ္မ်ိဳးကုိ လုပ္ဖုိ႔လုိပါတယ္။ ဗုဒၶစာေပမွာ ပုညႀကိယ၀တၱဳဆယ္မ်ိဳး (ေကာင္းေသာအက်ိဳး၏ တည္ရာျဖစ္၍ ျပဳသင့္ျပဳထုိက္တဲ့ကုသိုလ္ဆယ္မ်ိဳး) ရွိေၾကာင္းေဖာ္ျပထားပါတယ္။ အဲဒီဆယ္မ်ိဳးကေတာ့…

၁။ ဒါန = ေပးကမ္းလွဴဒါန္းျခင္း
၂။ သီလ = ငါးပါး၊ ရွစ္ပါး၊ ဆယ္ပါးစေသာ သီလေဆာက္တည္ျခင္း…
၃။ ဘာ၀နာ = တရားဓမၼက်င့္ႀကံအားထုတ္ျခင္း….
၄။ အပစာယာန = အသက္သိကၡာ ဂုဏ္၀ါႀကီးသူအား အ႐ုိအေသျပဳျခင္း…
၅။ ေ၀ယ်ာ၀စၥ = သူမ်ားကုသိုလ္ေကာင္းမႈ၌ ကူညီေဆာင္ရြက္လုပ္ကုိင္ေပးျခင္း…
၆။ ပတိၱဒါန = မိမိရေသာ၊ မိမိလုပ္ေသာ ကုသုိလ္ေကာင္းမႈကုိ အမွ်ေပးေ၀ျခင္း…
၇။ ပတၱာႏုေမာဒနာ = မိမိသုိ႔ေရာက္လာေသာ ကုသုိလ္အဖုိ႔ တစ္နည္းအားျဖင့္ သူမ်ားျပဳေသာ ကုသုိလ္အဖုိ႔ကုိ ၀မ္းေျမာက္၀မ္းသာ သာဓုေခၚယူျခင္း
၈။ ဓမၼႆ၀န = တရားနာယူျခင္း…
၉။ ဓမၼေဒသနာ = လာဘ္လာဘကုိ မငဲ့ဘဲ တရားေဟာေျပာျခင္း…
၁၀။ ဒိ႒ိဇုကမၼ = အယူ၀ါဒကုိ ေျဖာင့္မတ္မွန္ကန္စြာ ျပဳျခင္းတုိ႔ျဖစ္ပါတယ္…

ဒီဆယ္မ်ိဳးထဲက မိမိတုိ႔လုပ္ႏုိင္တဲ့ကုသုိလ္မ်ိဳးကုိ လုပ္ေနပါကလည္း ကုသိုလ္ျဖစ္ေနၿပီး ဘာမွမလုပ္တာထက္စာရင္ အမ်ားႀကီးအက်ိဳးႀကီးပါတယ္။ ကုသုိလ္ဆုိတာ လုပ္တတ္ရင္ ယူတတ္ရင္ ရပါတယ္။ လွဴစရာမရွိလုိ႔ ကုသုိလ္မရဘူးဆုိတာ မရွိပါဘူး။

ဒါနလုပ္မွသာ ကုသုိလ္ျဖစ္တာမဟုတ္ပါဘူး။ ဒီမွာ ေဖာ္ျပထားတဲ့ ဆယ္မ်ိဳးထဲမွာ လုပ္လုိ႔ရတဲ့ကုသုိလ္ေတြ အမ်ားႀကီးပါ။ မိမိတုိ႔လုပ္ႏုိင္တဲ့ လုပ္လုိ႔ရတဲ့ ကုသိုလ္မ်ိဳး ႀကိဳးစားၿပီး လုပ္ေနမယ္ဆိုရင္ အဆုိးထဲကအေကာင္းဆုိသလုိ ကုသုိလ္တရား တုိးပြားေနမွာပါ။
မနာပဒါယီ အရွင္၀ိစိတၱ(ဒုိက္ဦး)

Unicode



ဆင်းရဲပြီး ဒုက္ခရောက်နေသူများ ဘယ်လိုကုသိုလ်မျိုး ပြုသင့်ပါသလဲ

===================

Q.အရှင်ဘုရား…

ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။

(အေးအေး)

A.အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယဝတ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…

၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း

၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း…

၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံအားထုတ်ခြင်း…

၄။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုခြင်း

၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း…

၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်း

၇။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ယူခြင်း

၈။ ဓမ္မဿဝန = တရားနာယူခြင်း

၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း

၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုခြင်း

တို့ဖြစ်ပါတယ်။

ဒီဆယ်မျိုးထဲက မိမိတို့လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ်ဖြစ်နေပြီး ဘာမှမလုပ်တာထက်စာရင် အများကြီးအကျိုးကြီးပါတယ်။ ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။ လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။

ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာမဟုတ်ပါဘူး။ ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ကုသိုလ်တွေ အများကြီးပါ။ မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုး ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အဆိုးထဲကအကောင်းဆိုသလို ကုသိုလ်တရား တိုးပွားနေမှာပါ။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

No comments:

Post a Comment