CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 23, 2019
ဖျာပုံ အပိုင် ကဗျက် မှာ တရားဝင် လူသတ်နေကြတယ်....
ဖြစ်ပုံက ဒီလို..
ဖျာပုံနယ်က ပင်လယ်ငါးရှာ လုပ်ငန်း လုပ်ကြတာများတယ်
ငွေကြိုယူပြီးပင်လယ်တွင်းငါးဖမ်း လုပ်ငန်း နဲ့ အသက်မွေးသူတွေ ရှိတယ်..
လွန်ခဲ့တဲ့ ၂ ပတ်က မင်းသန့် (၄၀)နစ်ဝန်းကျင် သင်္ဘောပေါ်မှာ အရိုက်ခံနေရကြောင်း ဈေးသည်မှ တဆင့် အိမ်ကိုဆက်သွယ်တယ်..
အိမ်က ကြိုယူငွေ ၈ သိန်း နဲ့ ပြန်ရွေးပြီး ခေါ်တယ်
လွန်ခဲ့တဲ့ ၁ ပတ်ခန့်က အိမ်ပြန်ရောက်တယ် လူက စကားဟဟပဲ ပြောနိုင်တော့တယ် အောင့်တယ်ပဲ ပြောနေလို့ ဆေးရုံတင်တယ်
ဆေးရုံမှာ ဆရာဝန်က မသေခြာမရော စွဲ နှလုံးကျဉ်းတယ် အဆုတ်ရေဝင်တယ်ပြောပြီး ပြန်လွတ်တယ် ဒါပေမယ့် မကြာခင် ၃ နာရီအတွင်း ဆုံးသွားပါတယ်..
သေဆုံးသူ ပြောစကားများ
~~~~~~~~~~~~~~~~
_ ဖေါင်ပေါ်မှာ အလုပ်မနိုင်လို့ အကူတစ်ယောက် လိုကြောင်း ပြောမိတယ်
_ သဘောင်္ပေါ် ခေါ်ပြီး ဦးစီးလုပ်သူ ဇေါ်မင်း (ခေါ်) ကုလား မှ ပူလီကြိုးဖြင့် ရိုက်ကြောင်း/ ထိုးနှက် ကန်ကြောက်ကြောင်း
_ အစာမဝတဝဖြင့် ၂၈ ရက်ထားကြောင်း
_ ယခု ရင်ဘတ်ထဲမှာ အောင့်နေကြောင်း သာ လေသံတိုးတိုးဖြင့် အဒေါ်ဖြစ်သူ အား ပြောနိုင်ခဲ့တယ်...
လုပ်ငန်းပိုင်ရှင်
~~~~~~~~~
ဖျာပုံအပိုင်ရှိ ဗန်ဒါပင် တွင်နေထိုင်သူ ငါးဖမ်းသင်္ဘော ၃ စီးပိုင်ဆိုင်သူ ကိုကျော်နိုင် (ငွေအိမ်စံ)ဖြစ်ပါတယ်..
စုစုပေါင်း လုပ်သားအင်အား ၁၅၀ ခနှ့် ရှိပါတယ်
ဦးစီး လုပ်သူ ဇော်မင်း ဟာ မနစ်ကမှ ဦးစီးဖြစ်လာသူပါ..
အမူပွဲစားသံချောင်း
~~~~~~~~~~~
ဒီလို ပင်လယ်တွင်းက ရေလုပ်ငန်းသမားတွေ အမူအား
၅/၆/၇ သိန်းခန့် လျော်ကြေးပေးပြီး သေမူသေခင်းအဖြစ် ပြောင်းလဲ ပေးနေသူ အမူပွဲစားဖြစ်တယ်..
အရော်မရသူလဲ ရှိကြတယ်
သံချောင်းသည် စရဖ/ရဲ/တရားရေး အား အိပ်ထဲထည့်ထားသည့် မူးယစ်ကုန်သည် ခိုင်ထွန်း ၏ တပြည့် အရင်းဖြစ်ပါတယ်..
ကဗျက် မှ သုဘရာဇာ ပြောစကား
~~~~~~~~~~~~~~~
ပင်လယ်ထဲ မှာ မကျေနပ်တာ နဲ့ သတ်ပြစ်ကြတာပဲ
တွန်းချမယ် ပန်ကာဒလက်နဲ့ ခုတ်ဖြတ်ပြစ်တာပဲ
ကျုပ်လဲ လုပ်သည်မပေါ် တဲ့ လူသတ်မူမှန်း သိပေမယ့် သံချောင်း ကြောက်လို့ မြုပ်ရတဲ့ လူတွေ မနည်းဘူး ဟု ဆိုပါတယ်
အရော်မရသူ ဆင်းရဲသားတွေလဲ ရှိတယ်တဲ့
ဒီလို လုပ်သတ်နေတာ ကြာပါပြီ တဲ့
သက်ဆိုင်ရာမှတာဝန်ရှိသူများ စစ်ဆေးပေးလိုပါတယ်
ဆင်းရဲသားရေလုပ်ငန်းသမားများကိုကာကွယ်ပေးစေလိုပါတယ်
အမှန်တရားအတွက်ဘတိုး သက်သေတွေပေးနိုင်ပါတယ်
ဘတိုး
ဖျာပုံ အပိုင် ကဗျက် မှာ တရားဝင် လူသတ်နေကြတယ်....
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 23, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 23, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment