Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 16, 2019

ရာမညေဆာင္အနားက ႏွမခ်င္​းမစာနာတာ.​ေျပာဆိုတဲ႔ လူႀကီးႏွစ္ေယာက္ကိုသတိထားေစခ်င္


မိန္​းက​ေလး ​ေတြကို​ေနာက္​​ေျပာင္​တာ…ႏွမခ်င္​းမစာနာတာ.​ေျပာဆိုတာ​ေတြက ​ေအာက္​တန္​းက်တဲ့စိတ္​႐ွိသူ​ေတြလုပ္​ၾကတာပါ ။ရန္ကုန္တကၠသိ္ုလ္ရာမညေဆာင္ အေပါက္ေရွ႕မွာ မနက္ပိုင္းဆို အေအးေတြဘာေတြလာေရာင္းေနတဲ့ လူႀကီးႏွစ္ေယာက္ကိုသတိထားေစခ်င္ပါတယ္။

ညီမ ဒီေန႔မနက္ေက်ာင္းလာေတာ့ အဲ့အေပါက္ကေနျဖတ္ရပါတယ္။ ညီမလဲျဖတ္ေကာ အဲ့ထဲလူႀကီးတစ္ေယာက္က ညီမကို “ပူစီပူစီ” ဆိုၿပီး ကၽြတ္စုပ္တဲ့ အသံနဲ႔ေခၚပါတယ္။ အဲ့ဒါနဲ႔ ညီမ ရပ္လိုက္ၿပီး “ညီမကို ေျပာတာလား” ဆိုၿပီး အသံက်ယ္က်ယ္နဲ႔ေမးေတာ့ လန္႔သြားၿပီး အတင္းျငင္းပါတယ္။

အေရွ႕ကညီမေလးကို Taxi ေခၚေပးတာဘာညာဆိုၿပီးေျပာတယ္။ taxi ေခၚတာဘယ္သူက ေၾကာင္ေခၚသလို ကၽြတ္ ကၽြတ္နဲ႔ ေခၚပါသလဲ။ အဲ့နားပတ္ဝန္းက်င္မွာ ဘယ္ေကာင္မေလးမွလဲမရွိပါ။

အဲ့တာကို ညီမက ဘာမွေတာင္ ထပ္မေျပာရေသးခင္ အသံအက်ယ္ႀကီးနဲ႔ “နင့္လိုမ်ိဳးကို ေစာက္ဂ႐ုေတာင္မစိုက္ဘူး” ဆိူၿပီး တံေထြးနဲ႔ “ထြီ” ဆိုၿပီးျမည္တဲ့အထိကိုလွမ္းေထြးပါတယ္။

အဲ့ဒါနဲ႔ညီမက ဒါက ေက်ာင္းေရွ႕မွာလို႔ ဦးေလးတို႔ပံုကို႐ိုက္ၿပီးတင္လိုက္ရင္ ေစ်းမေရာင္းရပဲေနမယ္လို႔ ေျပာေတာ့ ႐ိုက္ခ်င္႐ိုက္ ဂ႐ုမစိုက္ဘူးလို႔ ျပန္ေျပာပါတယ္။

အဲ့ဒါနဲ႔ ႐ိုက္လာေပးလိုက္ပါတယ္။ 😄အဲ့တုန္းက လံုျခံဳေရးရွိေနမွန္းမသိလို႔ ဘာမွမလုပ္လိုက္ရပါဘူးျဖစ္ႏိုင္ရင္ေတာ့ ကိုယ့္ ေက်ာင္း ကို လံုလံုျခံဳျခံဳရွိေစခ်င္ပါတယ္။ဘယ္ကမွန္းမသိတဲ့ လူႀကီးေတြက လမ္းမွာေတြ႕တဲ့ ေက်ာင္းသူေတြကို မထိတထိ ၾကားေအာင္စ ႐ိုင္းျပတဲ့အျပဳအမႈေတြနဲ႔ တံေထြးလွမ္းေထြးတဲ့အထိေတာ့ သည္းမခံႏိုင္ပါဘူး။

ေက်ာင္းထဲလဲမဟုတ္ေတာ့ အေရးယူလို႔လဲမရဘူးေလ။ညီမဆိုပံုမွန္အိမ္ကလိုက္ပို႔လို႔ဒီလိုကိစၥေတြမျဖစ္ပါဘူး ။ဒီေန႔မွ bus စီးၿပီးလာလိုက္တာဒီလိုကိစၥျဖစ္တယ္။ေနာက္ဆိုရင္ေတာ့သတိထားၾကပါ ညီမ အစ္မတို႔အားလံုး 😁ဒီလို harassment လုပ္တာကလဲ ၾကားရလြန္းလို႔႐ိုးေနၿပီ ဘယ္သူမွလဲ မေရးမယူၾကတာ အံ့ၾသပါတယ္။
Victoria Thaw

Unicode

မိန်​းက​လေး ​တွေကို​နောက်​​ပြောင်​တာ…နှမချင်​းမစာနာတာ.​ပြောဆိုတာ​တွေက ​အောက်​တန်​းကျတဲ့စိတ်​ရှိသူ​တွေလုပ်​ကြတာပါ ။ရန်ကုန်တက္ကသိ်ုလ်ရာမညဆောင် အပေါက်ရှေ့မှာ မနက်ပိုင်းဆို အအေးတွေဘာတွေလာရောင်းနေတဲ့ လူကြီးနှစ်ယောက်ကိုသတိထားစေချင်ပါတယ်။

ညီမ ဒီနေ့မနက်ကျောင်းလာတော့ အဲ့အပေါက်ကနေဖြတ်ရပါတယ်။ ညီမလဲဖြတ်ကော အဲ့ထဲလူကြီးတစ်ယောက်က ညီမကို “ပူစီပူစီ” ဆိုပြီး ကျွတ်စုပ်တဲ့ အသံနဲ့ခေါ်ပါတယ်။ အဲ့ဒါနဲ့ ညီမ ရပ်လိုက်ပြီး “ညီမကို ပြောတာလား” ဆိုပြီး အသံကျယ်ကျယ်နဲ့မေးတော့ လန့်သွားပြီး အတင်းငြင်းပါတယ်။

အရှေ့ကညီမလေးကို Taxi ခေါ်ပေးတာဘာညာဆိုပြီးပြောတယ်။ taxi ခေါ်တာဘယ်သူက ကြောင်ခေါ်သလို ကျွတ် ကျွတ်နဲ့ ခေါ်ပါသလဲ။ အဲ့နားပတ်ဝန်းကျင်မှာ ဘယ်ကောင်မလေးမှလဲမရှိပါ။

အဲ့တာကို ညီမက ဘာမှတောင် ထပ်မပြောရသေးခင် အသံအကျယ်ကြီးနဲ့ “နင့်လိုမျိုးကို စောက်ဂရုတောင်မစိုက်ဘူး” ဆိူပြီး တံထွေးနဲ့ “ထွီ” ဆိုပြီးမြည်တဲ့အထိကိုလှမ်းထွေးပါတယ်။

အဲ့ဒါနဲ့ညီမက ဒါက ကျောင်းရှေ့မှာလို့ ဦးလေးတို့ပုံကိုရိုက်ပြီးတင်လိုက်ရင် ဈေးမရောင်းရပဲနေမယ်လို့ ပြောတော့ ရိုက်ချင်ရိုက် ဂရုမစိုက်ဘူးလို့ ပြန်ပြောပါတယ်။

အဲ့ဒါနဲ့ ရိုက်လာပေးလိုက်ပါတယ်။ 😄အဲ့တုန်းက လုံခြုံရေးရှိနေမှန်းမသိလို့ ဘာမှမလုပ်လိုက်ရပါဘူးဖြစ်နိုင်ရင်တော့ ကိုယ့် ကျောင်း ကို လုံလုံခြုံခြုံရှိစေချင်ပါတယ်။ဘယ်ကမှန်းမသိတဲ့ လူကြီးတွေက လမ်းမှာတွေ့တဲ့ ကျောင်းသူတွေကို မထိတထိ ကြားအောင်စ ရိုင်းပြတဲ့အပြုအမှုတွေနဲ့ တံထွေးလှမ်းထွေးတဲ့အထိတော့ သည်းမခံနိုင်ပါဘူး။

ကျောင်းထဲလဲမဟုတ်တော့ အရေးယူလို့လဲမရဘူးလေ။ညီမဆိုပုံမှန်အိမ်ကလိုက်ပို့လို့ဒီလိုကိစ္စတွေမဖြစ်ပါဘူး ။ဒီနေ့မှ bus စီးပြီးလာလိုက်တာဒီလိုကိစ္စဖြစ်တယ်။နောက်ဆိုရင်တော့သတိထားကြပါ ညီမ အစ်မတို့အားလုံး 😁ဒီလို harassment လုပ်တာကလဲ ကြားရလွန်းလို့ရိုးနေပြီ ဘယ်သူမှလဲ မရေးမယူကြတာ အံ့သြပါတယ်။
Victoria Thaw

No comments:

Post a Comment