Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 16, 2019

တုိက္ပြဲျဖစ္ပြားၿပီး AA တပ္ဖြဲ႕ နယ္စပ္ၿခံစည္းရုိးဖ်က္၍ ဘဂၤလားေဒ့ရွ္ထဲသုိ႔ ၀င္ေျပး

ရခုိင္တပ္မေတာ္( AA) ႏွင့္ တပ္မေတာ္အၾကား ယမန္ေန႔ ေန႔လယ္ပုိင္းက ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံနယ္စပ္ၿခံစည္းရုိးအနီးတြင္ တုိက္ပြဲျဖစ္ပြားၿပီး AA တပ္ဖြဲ႕၀င္မ်ားသည္ နယ္စပ္ၿခံစည္းရုိးကုိ ဖ်က္၍ ဘဂၤလားေဒ့ရွ္ႏုိင္ငံထဲသုိ႔ ထြက္ေျပးသြားေၾကာင္း တပ္မေတာ္က သတင္းထုုတ္ျပန္သည္။

အဆုုိပါတုုိက္ပြဲျဖစ္စဥ္တြင္ AA တပ္ဖြဲ႕က ေထာင္ထားသည့္ မုိင္းနင္းမိ၍ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕၀င္ ၂ ဦး ထိခုိက္ဒဏ္ရာရရွိေၾကာင္း၊ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္စပ္ ၿခံစည္း႐ုိး၊ နယ္စပ္မွတ္တုိင္အမွတ္၊ ဘီပီ-၅၆ လုံၿခံဳေရးစခန္းတြင္ နယ္ေျမလုံၿခံဳေရး ေဆာင္ရြက္လ်က္ရွိေသာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္အခ်ဳိ႕သည္ ဘီပီ-၅၆ စခန္း၏ ေတာင္ဘက္ မီတာ ၁၇ဝဝ သို႔အေရာက္၌ AA အဖြဲ႕မွ ေထာင္ထားေသာ နင္းမုိင္းတစ္လုံး နင္းမိေပါက္ကြဲခဲ့ၿပီး AA အဖြဲ႕မွအင္အားအခ်ဳိ႕ႏွင့္ ထိေတြ႕တုိက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊
အဆုိပါတုိက္ပြဲ ျဖစ္စဥ္ေနရာသို႔ တပ္မေတာ္ႏွင့္ရဲ ပူးေပါင္းအဖြဲ႕တုိ႔ သြားေရာက္ ပူးေပါင္းစဥ္ ျဖစ္စဥ္ေနရာသုိ႔ မေရာက္မီ မီတာ ၄ဝဝ ခန္႔အကြာသို႔အေရာက္၌ ခန္႔မွန္းအင္အား ၅ဝ ဦးခန္႔ရွိ AA အဖြဲ႕က အသင့္ေစာင့္ႀကိဳ ျဖတ္ေတာက္ တုိက္ခုိက္ခဲ့ေၾကာင္း၊ AA အဖြဲ႕၀င္မ်ားသည္ ႏွစ္ႏိုင္ငံ နယ္နိမိတ္ၿခံစည္း ႐ုိး၏အျပင္တစ္ဖက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အတြင္းသုိ႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း၊

ျဖစ္စဥ္ေနရာ အနီးတစ္ဝုိက္၌ AA အဖြဲ႕၀င္မ်ား အသင့္ေစာင့္ႀကိဳ ေနရာယူထားသည့္ ပစ္က်င္းမ်ားႏွင့္ ႏွစ္ႏုိင္ငံ နယ္စပ္ၿခံစည္း ႐ုိးတြင္ အက်ယ္ ၄ ေပ၊ အျမင့္ ၅ ေပခန္႔ရွိ ဖ်က္ဆီးထားေသာ ေနရာေလးေနရာအား ေတြ႕ရွိရေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုုပါသတင္းႏွင့္ပတ္သက္၍ ရန္ကုုန္ေခတ္သစ္က AA ျပန္ၾကားေရးတာ၀န္ခံ ဦးခုိင္သုခထံ ဆက္သြယ္ေသာ္လည္း အဆက္အသြယ္မရေသးေပ။ဓာတ္ပုံ- နယ္စပ္ၿခံစည္းရုုိးဖ်က္စည္းထားပုံႏွင့္ တိုုက္ပြဲျဖစ္ပြားရာ ေနရာျပပုံ။
khitthitnews

ေအာက္ပါပံုမ်ားမွာ AA မွထြက္ေျပးလာသည္ဆိုေသာ သူ၏အေကာင့္တြႈ္တင္ထားခဲ့ေသာဓာတ္ပံုမ်ားျဖစ္ပါတယ္။ေအာက္တြင္ေရးထားေသာစာအရ ပုံမ်ားမွာ ၂၀၁၆ ခုႏွစ္ခန့္ကျဖစ္မည္ဟုယူဆရပါသည္။









..............
Unicode

ရခိုင်တပ်မတော်( AA) နှင့် တပ်မတော်အကြား ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး AA တပ်ဖွဲ့ဝင်များသည် နယ်စပ်ခြံစည်းရိုးကို ဖျက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်တွင် AA တပ်ဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုး၊ နယ်စပ်မှတ်တိုင်အမှတ်၊ ဘီပီ-၅၆ လုံခြုံရေးစခန်းတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့သည် ဘီပီ-၅၆ စခန်း၏ တောင်ဘက် မီတာ ၁၇ဝဝ သို့အရောက်၌ AA အဖွဲ့မှ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ပြီး AA အဖွဲ့မှအင်အားအချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊

အဆိုပါတိုက်ပွဲ ဖြစ်စဉ်နေရာသို့ တပ်မတော်နှင့်ရဲ ပူးပေါင်းအဖွဲ့တို့ သွားရောက် ပူးပေါင်းစဉ် ဖြစ်စဉ်နေရာသို့ မရောက်မီ မီတာ ၄ဝဝ ခန့်အကွာသို့အရောက်၌ ခန့်မှန်းအင်အား ၅ဝ ဦးခန့်ရှိ AA အဖွဲ့က အသင့်စောင့်ကြို ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း၊ AA အဖွဲ့ဝင်များသည် နှစ်နိုင်ငံ နယ်နိမိတ်ခြံစည်း ရိုး၏အပြင်တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊

ဖြစ်စဉ်နေရာ အနီးတစ်ဝိုက်၌ AA အဖွဲ့ဝင်များ အသင့်စောင့်ကြို နေရာယူထားသည့် ပစ်ကျင်းများနှင့် နှစ်နိုင်ငံ နယ်စပ်ခြံစည်း ရိုးတွင် အကျယ် ၄ ပေ၊ အမြင့် ၅ ပေခန့်ရှိ ဖျက်ဆီးထားသော နေရာလေးနေရာအား တွေ့ရှိရကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခထံ ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပေ။ဓာတ်ပုံ- နယ်စပ်ခြံစည်းရိုးဖျက်စည်းထားပုံနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာပြပုံ။
khitthitnews

No comments:

Post a Comment