CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 16, 2019
ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးအေလာင္းႏွစ္ေလာင္းေတြ႕
သပိတ္က်င္းျမိဳ႔နယ္တြင္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္အေလာင္း ႏွစ္ေလာင္းေတြ႔ ။ မႏၲေလး၊ သပိတ္က်င္းၿမိဳ႕နယ္၊ ၀ါးျဖဴ ေတာင္ေက်းရြာအုပ္စုတြင္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔၏ အေလာင္းမ်ားကို ဇန္နဝါရီလ ၁၄ ရက္ေန႔က ေတြ႔႐ွိခဲ့ေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။
၀ါးျဖဴ ေတာင္ေက်းရြာအုပ္စု၊ ၉ မိုင္ရြာ၏ ေျမာက္ဘက္႐ွိ ေတာအတြင္းမွ ၀ါးရံုပင္ေအာက္တြင္ အသက္ ၄၀ ႏွစ္အရြယ္႐ွိအမ်ိဳးသမီးအေလာင္းႏွင့္ ေပ ၁၀၀ ခန္႔အကြာတြင္ အမ်ိဳးသားတစ္ဦးအေလာင္းတို႔အား မ်က္ႏွာတို႔တြင္္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔႐ွိခ့ဲရေၾကာင္း သိရသည္။
ယင္းသို႔ေသဆံုးေနသည့္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးတို႔၏ မ်က္ႏွာတြင္ ေပါက္ျပဲဒဏ္ရာမ်ားအသီးသီးေတြ႔႐ွိရၿပီး အနီးတြင္ ဝါးဆစ္ပိတ္ တုတ္တစ္ေခ်ာင္း၊ အေအးဘူးတစ္ခု၊ မူးယစ္ေဆးဝါးသံုးရာတြင္ အသံုးျပဳသည္ဟုယူဆရသည့္ ထိပ္ပိုင္ျဖတ္ေတာက္ထားသည့္ အေအးဘူးခြံတစ္ခုႏွင့္ အေအးေသာက္သည့္ပိုက္ သံုးေခ်ာင္းတို႔ကိုလည္းေတြ႔ခဲ့ရေၾကာင္း သိရသည္။
ယင္းေသဆံုးေနသည့္အတြက္ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခ့ဲရာ ေသဆံုးေနသည့္အမ်ိဳးသားႏွင့္အမ်ိဳးသမီးႏွစ္ဦးသည္ ႏြားအေရာင္းအဝယ္လုပ္ငန္းအတြက္ လုပ္ငန္းအတူလုပ္ကိုင္ေနၾကသည့္ ကခ်င္ျပည္နယ္ ေကာင္းမႈရံရြာမွ အသက္ ၄၂ ႏွစ္အရြယ္႐ွိ မထုႏွင့္၊ စစ္ကိုင္းတိုင္း၊ တန္႔ဆည္ေက်းရြာမွ အသက္ ၄၅ ႏွစ္အရြယ္႐ွိ ဦးတင္ေမာင္ဝင္းတို႔ျဖစ္ၿပီး၊ ယင္းတို႔ႏွစ္ဦးသည္ လြန္ခဲ့သည့္တစ္ပတ္ခန္႔က တည္းခိုရာေနအိမ္မွာ ထြက္သြားခဲ့ၿပီး ျပန္ေရာက္မလာပဲ ေသဆံုးလ်က္ေတြ႔႐ွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပက္သက္ၿပီး ရဲတပ္ဖြ႔ဲကတရားလိုျပဳလုပ္ကာ သပိတ္က်င္း ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၇/၂၀၁၉ လူသတ္မႈပုဒ္မျဖစ္သည့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
ရတနာပုံ ေန႕စဥ္သတင္းစာ
..................
သပိတ်ကျင်းမြို့နယ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့်အလောင်း နှစ်လောင်းတွေ့ ။ မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူ တောင်ကျေးရွာအုပ်စုတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းများကို ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဝါးဖြူ တောင်ကျေးရွာအုပ်စု၊ ၉ မိုင်ရွာ၏ မြောက်ဘက်ရှိ တောအတွင်းမှ ဝါးရုံပင်အောက်တွင် အသက် ၄၀ နှစ်အရွယ်ရှိအမျိုးသမီးအလောင်းနှင့် ပေ ၁၀ဝ ခန့်အကွာတွင် အမျိုးသားတစ်ဦးအလောင်းတို့အား မျက်နှာတို့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းသို့သေဆုံးနေသည့် အမျိုးသားနှင့်အမျိုးသမီးတို့၏ မျက်နှာတွင် ပေါက်ပြဲဒဏ်ရာများအသီးသီးတွေ့ရှိရပြီး အနီးတွင် ဝါးဆစ်ပိတ် တုတ်တစ်ချောင်း၊ အအေးဘူးတစ်ခု၊ မူးယစ်ဆေးဝါးသုံးရာတွင် အသုံးပြုသည်ဟုယူဆရသည့် ထိပ်ပိုင်ဖြတ်တောက်ထားသည့် အအေးဘူးခွံတစ်ခုနှင့် အအေးသောက်သည့်ပိုက် သုံးချောင်းတို့ကိုလည်းတွေ့ခဲ့ရကြောင်း သိရသည်။
ယင်းသေဆုံးနေသည့်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ သေဆုံးနေသည့်အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးသည် နွားအရောင်းအဝယ်လုပ်ငန်းအတွက် လုပ်ငန်းအတူလုပ်ကိုင်နေကြသည့် ကချင်ပြည်နယ် ကောင်းမှုရံရွာမှ အသက် ၄၂ နှစ်အရွယ်ရှိ မထုနှင့်၊ စစ်ကိုင်းတိုင်း၊ တန့်ဆည်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ်ရှိ ဦးတင်မောင်ဝင်းတို့ဖြစ်ပြီး၊ ယင်းတို့နှစ်ဦးသည် လွန်ခဲ့သည့်တစ်ပတ်ခန့်က တည်းခိုရာနေအိမ်မှာ ထွက်သွားခဲ့ပြီး ပြန်ရောက်မလာပဲ သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပက်သက်ပြီး ရဲတပ်ဖွဲ့ကတရားလိုပြုလုပ်ကာ သပိတ်ကျင်း မြို့မရဲစခန်းတွင် (ပ)၁၇/၂၀၁၉ လူသတ်မှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ရတနာပုံ နေ့စဉ်သတင်းစာ
ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးအေလာင္းႏွစ္ေလာင္းေတြ႕
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 16, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 16, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment