Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 24, 2018
လမ်းခွဲတော့မယ်လို့ပြောတဲ့ချစ်သူ ထွန်းထွန်းကို တောင်းပန်လိုက်တဲ့ ဆုစန္ဒီဦး
အခုလိုအမှားကိုသိပြီး တောင်းပန်လိုက်တဲ့ ချစ်သူကောင်မလေးဆုစန္ဒီဦးကိုထွန်းထွန်းကခွင့်လွှတ်ပြီး ခ်ျစသူနှစ်ဦးပြန်လည်အဆင်ပြေကြသွားမယ်လို့မျှော်လင့်ရပါကြောင်း။
  •  ချစ်သူဖြစ်ခဲ့ဖူးသူ မင်းသားသူထူးစံနဲ့ အိမ်ထောင်ပြုသွားခြင်းနှင့်ပတ်သတ်၍ ခွန်းဆင့်နေခြည်မှ Media များနှင့်ပရိသတ်များသို့အသိပေးစာ
  • နှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ လူပျိုကြီး သူထူးစံ
  •  နေရွှေသွေးအောင်နဲ့ ရွှေမှုန်ရတီတို့ရဲ့ Hero သီချင်း cover song
  •   ကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ ထွန်းထွန်း
  • ကလေးမုဒိန်းသမားတွေကို အဆိုတော်လင်းလင်းက ဒီလိုပဲပြတ်ပြတ်သားသားပြောတယ်။
  • မိုးအောင်ရင်နဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတထံသို့ အိတ်ဖွင့်ပေးစာ
  • unicode
    ချစ်သူကောင်မလေးနဲ့ သဘောထားချင်း မတိုက်ဆိုင်တော့လို့ လမ်းခွဲလိုက်ပြီလို့ 
    အဆိုတော်သရုပ်ဆောင် ထွန်းထွန်းကေ
    သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားခဲ့တာကြောင့်
    ပရိသတ်တွေအားလုံးအံ့အားသင့်ခဲ့ရပါတယ်။
    ......ကျွန်တော့် မွေးနေ့မှာ အခုလိုတွေပြောပြရတော့ စိတ်မကောင်းပါဘူးဗျာ။
    ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး သဘောထားချင်းမတိုက်ဆိုင်တော့လမ်းခွဲလိုက်ကြပါပြီ။
    အင်တာဗျူးဆရာ/ဆရာမများလည်း ကျွန်တော့်အချစ်ရေးကို ဘာမှ မမေးဖို့ တောင်းဆိုပါတယ်ဗျာ။...
    ဒီဇင်ဘာ(၂၄) ရက်နေ့ မနက်(၁၀)နာရီခွဲဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။သူတို့နှစ်ဦးကြားမှာ အဆင်မပြေတဲ့အကြောင်း ဘာတစ်ခုမှ မကြားခဲ့ဖူးတာကြောင့်
    ပရိတ်သတ်ကတော့ ဒီသတင်းကိုမယုံနိုင်အောင်ဖြစ်နေကြပါတယ်။
    အဆိုတော်သရုပ်ဆောင် ထွန်းထွန်းကေ သူ့ရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့မှာ
    ထွန်းထွန်းရဲ့ ချစ်သူကောင်မလေး ဆုစန္ဒီဦးက
    “အရမ်းတောင်းပန်ပါတယ် ကိုရယ် …”
    ကိုကို့ကိုထိခိုက်စေလိုတဲ့အလုပ်…သိက္ခာချမိသလို ဖြစ်သွားတဲ့ အပြုအမူတွေ.. မစောင့်ထိန်းမိတဲ့စည်းတွေအတွက်.. အရမ်းတောင်းပန်ပါတယ်…
    အခုအချိန်မှာဆိုးသွားမိရင်တောင် အရင်ကပျော်စရာအချိန်လေးတွေ ချစ်ခဲ့ကျတာတွေကို စဉ်းစားပြီး အခွင့်အရေးတခါလောက်ပေးပါ.. ၂ ယောက်လုံးဘယ်လောက်ချစ်လဲ
    ဘယ်လောက်သံယောဇဉ်ရှိလဲ အသိဆုံးပဲလေ..လူတိုင်းအမှားနဲ့မကင်းကျပါ ဘူး..
    ခွင့်မလွှတ်နိုင်စရာအမှားဆိုပေမဲ့…ကိုကိုအရမ်းချစ်တဲ့ သဲကို အခွင့်အရေးတခါလောက်ပြန်ပေးပါ.. တောင်းပန်ပါတယ်ကိုရယ်..”    လို့ရေးသားကာ သူမတို့ချစ်သူနှစ်ယောက်ရဲ့ စုံတွဲပုံလေးတင်ပြီး  
    ထွန်းထွန်းကို တောင်းပန်လိုက်ပါတယ်။
    သိပ်ချစ်ခဲ့ကြတဲ့ချစ်သူတွေ ဖြစ်တာကြောင့်
    အခုလိုအမှားကိုသိပြီး တောင်းပန်လိုက်တဲ့ ချစ်သူကောင်မလေးဆုစန္ဒီဦးကိုထွန်းထွန်းကခွင့်လွှတ်ပြီး ချ်စသူနှစ်ဦးပြန်လည်အဆင်ပြေကြသွားမယ်လို့မျှော်လင့်ရပါကြောင်း။
    No comments:
    Post a Comment