Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 14, 2018

ဖင်ယားတယ်ဆိုတာ


ဖင်ယားတယ်ဆိုတာ ဖင်နားတစ်ဝိုက် ယားယံနေတာ ဖြစ်တယ်။
ဖင်ယားတဲ့အခါ မကုတ်ဘဲ နေဖို့ အတော်အောင့်ရ ခက်ပါတယ်။
ဒါပေမဲ့ ကုတ်လိုက်ရင်လည်း ပြဿနာက ပိုဆိုးသွားတတ်ပါတယ်။
ဆရာဝန်တွေကတော့ ဖင်ယားခြင်းရဲ့ အကြောင်းရင်းကို မရှာနိုင်သေးပါဘူး။
ဒါပေမဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအားနည်းရင်တော့ ဖင်ယားတတ်တယ်။
ချီးပါပြီး ဖင်သေချာမဆေးရင်လည်း ဖင်ယားတတ်တယ်။
ဒါကြောင့် သင်ဟာ ချီးပါပြီး ဖင်ကို သေချာစင်ကြယ်အောင် ဆေးသင့်ပါတယ်။
သေချာအောင် စင်ကြယ်အောင် ဆေးတဲ့အခါမှာလည်းကိုယ့်ဖင် ကိုယ်နာနာပွတ်မှ ပြောင်မယ်ဆိုတဲ့ အယူလည်း မစွဲစေချင်ပါဘူး။
အဓိကက သန့်ရှင်းသွားရင် ရပါပြီ။
တကယ်လို့ ဖင်က သိပ်ယားနေတာဆိုရင်တော့Hair Dryer လေးနဲ့ ဖင်ကို မှုတ်နိုင်ပါတယ်။
ဒါပေမဲ့ ဖင်နဲ့ သိပ်တော့ မနီးကပ်စေပါနဲ့။ ရှော့ခ်ရှိပါတယ်။
ဖင်မယားအောင် ဖင်ကို အသန့်လွန်အောင် ဆေးနေရင်လည်းဖင်က ယားလာတတ်ပြန်ပါတယ်။

အဓိကကတော့ ဖင်ကို သိပ်ပွတ်နေရင်းနဲ့ အရေပြားပွန်းပဲ့မှုဖြစ်ပြီးယားယံလာရတာပါ။ ဒါကြောင့် ဖင်ကို ဆေးတဲ့အခါမှာ အနုပညာလိုပါတယ်။
ဖင်ဆေးခြင်း အနုပညာအရ ဖင်ကို ရေနွေးနဲ့ မဆေးရသလို ဆပ်ပြာလည်း မသုံးရပါဘူး။
ဆေးပေါင်ဒါတွေလည်း ရှောင်ရမှာ ဖြစ်သလို ဖင်မွှေးအောင် ဆိုပြီး အမွှေးရနံ့ပါတဲ့ စပရေးတွေ၊ဒက်ဒေါရန့်တွေလည်း အသုံးမပြုရပါဘူး။
ဘာကြောင့် အသုံးမပြုခိုင်းတာလည်း ဆိုတော့ သင့်ဖင်ပေါ်က နူးညံ့တဲ့ အလွှာကို ဖုံးထားတဲ့ အဆီအလွှာကို ဒင်းတို့က ပျက်စီးအောင် လုပ်နိုင်တာမို့ပါပဲ။
နောက်တစ်ခုကတော့ သင်ဟာ ကော်ဖီကြိုက်နှစ်သက်တဲ့သူတစ်ဦးဆိုရင်သင်ဟာ ဖင်ယားဖို့ အလားအလာ အများကြီး ရှိပါတယ်။
ကော်ဖီအပြင်၊ လက်ဖက်ရည်၊ ကိုလာ၊ Energy Drinks ၊ ဘီယာ၊ ချောကလတ်၊ခရမ်းချဉ်သီး၊ အစပ်ပါသော အစားအစာများ၊ နို့ထွက်ပစ္စည်းများဒါတွေဟာ သင့်ကို ဖင်ယားအောင် လုပ်စေတဲ့ အစားအသောက်တွေပါပဲ။
အစားမတော် ဖင်တစ်ချက်မယားစေဖို့ ဒါတွေကို သင်ဟာ ရှောင်ရပါမယ်။
သင်ဟာ အစားမတော်ရင် ဖင်ယားနိုင်သလို အနေမတတ်ရင်လည်း ဖင်ယားနိုင်ပါတယ်။
အတွင်းခံဘောင်းဘီ ၀တ်တဲ့အခါမှာ ပေါင်ကြားက ဒွါရပေါက် အသက်ရှုကျပ်တဲ့အထိ ၀တ်တာတွေဟာ ဖင်ကို စိုထိုင်းစဖြစ်စေပြီး ဖင်ယားလာအောင် နိုးဆွပေးလာပါတော့တယ်။
ဒါကြောင့် သင်ဟာ ချွေးထွက်များစေတဲ့အလုပ်တွေ လုပ်မယ်ဆိုရင် ချောင်ချိပြီး အနေတော်တဲ့ ဘောင်းဘီတွေ ၀တ်မှ သင့်ဖင်အတွက် ဘေးကင်းပါလိမ့်မယ်။ ယားယံခြင်းမှ ကင်းဝေးခြင်းကို ဆိုလိုခြင်းဖြစ်။
နောက်တစ်ချက်ကတော့ သင့်ဖင်မှာ ၀ဲပေါက်နေရင်လည်း ဖင်ယားတတ်ပါသေးတယ်။
ဒါပေမဲ့ သိပ်မစိုးရိမ်ပါနဲ့။ ဒီအမှုဟာ လူကြီးထက် ကလေးတွေမှာပဲ ပိုအဖြစ်များတာမို့ပါ။
အရိပ်ပြတာနဲ့ အကောင်မြင်တဲ့စကားအရ သင့်ဖင်နဲ့သင့်ရှုးရှုးအပေါက်နားမှာ ကြွက်နို့တွေ ပေါက်ချင်လာရင် ဖင်စတင်ယားယံခြင်း လက္ခဏာကို ခံစားရပါတယ်။
ဒါကြောင့် ဖင်ယားတိုင်း သတိမပေါ့ဖို့ ဂရုပြုရပါ့မယ်။
သင့်ကျန်းမာရေးကြောင့်လည်း ဖင်ယားလာနိုင်ပါသေးတယ်။
ဆီးချို၊ သွေးကင်ဆာ၊ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းရောဂါ၊ သွေးအားနည်းခြင်းတို့လို့ သူဌေးရောဂါတွေကအစ လူတန်းစားမရွေး ဖြစ်ကြတဲ့ စိုးရိမ်ကြောင့်ကြမှုများခြင်း၊ စိတ်ဖိစီးမှုများခြင်းကြောင့်လည်း သင်ဟာ ဖင်ယားလာနိုင်ပါသေးတယ်။
ဒီတော့ သတ္တုချုပ်ကြည့်ရင် ယနေ့ခေတ်ကြီးမှာ လူတွေဟာ အလွယ်တကူ ဖင်ယားလာနိုင်တဲ့ ကပ်ဘေးအခြေအနေမှာရှိနေတာမို့ အကျွန်ုပ်မှ သင်တို့ဖင် ရှေ့ရေး မျှော်တွေးကာ အလေးပေး၍ ရေးသားတင်ပြလိုက်ရပါကြောင်း။

No comments:

Post a Comment