Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

လႏွင့္ခ်ီၿပီး ျဖစ္လာေသာ က်ီးေပါင္းႏွင့္ အဆစ္ေရာင္ ေရာဂါေတြအတြက္

ေသဘၤာသီးသည္ ျမန္မာသာမက တစ္ကမ႓ာလံုးတြင္ စားသံုးၾကေသာ အသီးျဖစ္သည္။ အရသာေကာင္းသည္။ ဝမ္းမွန္ေစသည့္ အစာအျဖစ္ စားသံုး ေ႐ွးျမန္မာ လူႀကီးမ်ားက နံနက္သေဘၤာ၊ ညငွက္ေပ်ာဟု အဆို႐ိွၾကသည္။ နံနက္ေစာေစာ အစာစားၿပီး သေဘၤာသီးမွည့္ စားေပးလွ်င္ အစာေၾကေစၿပီး ရင္ေတာင့္ျခင္း၊ ရင္ခံျခင္းမွ ကင္း႐ွင္းသည္။ ဝမ္းသက္ေလေၾကေစသည္ဟု ယူဆသည္။

ညအိပ္ယာဝင္ ငွက္ေပ်ာသီး ဖီးၾကမ္း စားေပးလွ်င္ ေလဖိၿပီး ညအိပ္ေပ်ာ္ေစသည္။ ေနာက္တစ္ေန႔နံနက္တြင္ ဝမ္းမွန္ေစသည္ဟု အယူအဆ ႐ိွၾကသည္။ တိုင္းရင္းျမန္မာ အယူအဆတြင္ သေဘၤာသီးအစိမ္းသည္ ေလစာျဖစ္သည္။ သေဘၤာသီးအမွည့္သည္ အာေပါ+ဝါေယာ အစာျဖစ္သည္။ ေလစာဆုိေသာ္လည္း ေလခ်ဳပ္စာမဟုတ္၊ ေလပြ၊ ေလသက္ေစေသာ အစာမ်ဳိး ျဖစ္သည္။

ထို႔အျပင္ သေဘၤာသီးကို ခြဲလုိက္လွ်င္ အလယ္တြင္ အေခါင္းပြပါသျဖင့္ အာကာသ (အေပါက္၊ အေခါင္း႐ိွေသာ) အစာမ်ိဳး ျဖစ္သည္။ သေဘၤာ႐ြက္သည္လည္း ပံုမွန္သစ္႐ြက္ မဟုတ္ဘဲ လက္ငါးေခ်ာင္းကဲ့သို႔ လက္ျခားပါေသာ သစ္႐ြက္႐ိုးတံတြင္ ေခါင္းပြပါေသာ သစ္႐ြက္ျဖစ္သျဖင့္ အာကာသအရြက္ ျဖစ္သည္။သည္။

သေဘၤာ႐ြက္ၾကမ္းျပဳတ္၊ ကပ္ေၾကးျဖင့္ ပါးပါးညႇပ္ၿပီး လက္ဖက္သုပ္ကဲ့သို႔ အသုတ္ျပဳလုပ္ၿပီးလည္း စားသံုးႏိုင္သည္။ ႏွမ္းနက္၊ ၾကက္သြန္ျဖဴေၾကာ္တို႔ႏွင့္ တြဲဖက္စားလွ်င္ ေလသက္ေစသည္။ ညေနေစာင္းအခ်ိန္ (ညေန ၃ နာရီမွ ၆ နာရီအတြင္း) စားလွ်င္ ပို၍ ေလရသည္။ သေဘၤာ႐ြက္ကိုေထာင္းၿပီး ညႇစ္ယူ၍ရေသာ အရည္ကို ေန႔စဥ္မွန္မွန္ ေသာက္ေပးလွ်င္ ဝမ္းတြင္းမွ တုတ္၊ သန္စေသာ ပုိးမ်ားကုိ ေအာက္သို႔ သက္ေစသည္။ အစာအိမ္ အူသိမ္မွ အနာကို က်က္ေစသည္။ ၎ကို သေဘာၤ႐ြက္သတၲဳရည္ဟု ေခၚသည္။

မၾကာေသးမီက စာေစာင္တစ္ခုတြင္ ျမဝတီမဂၢဇင္း အယ္ဒီတာခ်ဳပ္ေဟာင္း ဆရာႀကီးမင္းယုေဝ ေရးထားသည္မွာ သေဘၤာရြက္ကို မီးကင္ၿပီး အရည္ညႇစ္ေသာက္သျဖင့္ ကင္ဆာေရာဂါ ေပ်ာက္ကင္းႏိုင္ေၾကာင္း လြန္ခဲ့ေသာ ႏွစ္ (၂၀) ခန္႔က မိတ္ေဆြတစ္ဦးက ေျပာဖူးသည္။ လြန္ခဲ့ေသာႏွစ္က မိတ္ေဆြတစ္ဦးတြင္ အဆုတ္ကင္ဆာေရာဂါ ျဖစ္သျဖင့္ ေသာကၾ္ကည့္ရန္ တုိက္တြန္းရာ အမွတ္မထင္ပင္ ကင္ဆာေရာဂါ ေပ်ာက္ကင္းသြားေၾကာင္း လက္ေတြ႕သိရသည္ဟု ဆိုသည္။

ဆရာႀကီးမင္းယုေဝ၏ ေျပာၾကားခ်က္ျဖင့္ စာေရးဆရာႀကီး တကၠသိုလ္ဝင္းမြန္မွလည္း အျခားေဝဒနာသည္တစ္ဦးကို ထပ္မံေျပာရာ ထုိသူမွာလည္း ကုသရန္ ခက္ခဲေသာ ကင္ဆာေရာဂါမွ ကင္းကင္း႐ွင္း႐ွင္း ေပ်ာက္ကင္းသြားသည္ဟု ဆုိသည္။ ဆရာေတာ္ႀကီး တစ္ပါးမွာလည္း လည္ေခ်ာင္းအစာေရမ်ိဳတြင္ ကင္ဆာဆဲလ္ ေတြ႕သျဖင့္ ေဆး႐ံုမွ ဓါတ္ကင္ရန္ ၫႊန္ၾကားရာ မကင္လုိဟု ဆုိကာ နယ္ျပန္ႂကြသြားခဲ့သည္။

ထုိ႔ေနာက္ သတင္းၾကားသျဖင့္ သေဘၤာရြက္ကို ေထာင္းၿပီး အရည္ညႇစ္ေသာက္ရာမွ ကင္ဆာေရာဂါမွာ ဓါတ္ကင္စရာ မလိုေတာ့ဘဲ ေပ်ာက္ကင္း ခ်မ္းသာခဲ့သည္ဟု ဆရာႀကီးက ေရးသားထားသည္ကို ဖတ္႐ႈရပါသည္။

စာေရးသူ လက္ေတြ႕ ကုသဖူးသည္မွာ တိုင္းရင္းေဆးသိပၸံ ေဆး႐ံုႀကီးတြင္ အလုပ္သင္ဆရာအျဖစ္ တာဝန္က်စဥ္က ျဖစ္သည္။ ဒူးဆစ္၊ ဂံုညင္းႏွင့္ အ႐ိုးေအာက္ခံခြက္ အတြင္းမွ လမ္းသြားလွ်င္ မခံမရပ္ႏိုင္ေအာင္ နာက်င္သူတစ္ဦးကို သေဘၤာ႐ြက္မ်ားကိုေထာင္းၿပီး စည္းေဆးအျဖစ္ ဒူးတြင္ ထည့္ေပးခဲ့ရာ (၇) ရက္ခန္႔စည္းၿပီး သက္သာသြားခဲ့ပါသည္။

ဒူးဆစ္၊ ဂုံညင္းႏွင့္ ေအာက္ခံအ႐ိုးဂၽြိဳင္းဆက္တြင္ က်ီးေပါင္းတက္ေလ့႐ိွပါသည္။ ေဘာလံုးကန္သူ၊ ျခင္းလံုးခတ္သူမ်ားတြင္ အျဖစ္မ်ားသည္။ ဒူးဆစ္ က်ီးေပါင္းတက္ၿပီး အဆစ္ၾကပ္လွ်င္ ေကြးဆန္႔ေသာအခါ အထဲမွအသံျမည္ၿပီး လမ္းသြားလွ်င္ နာက်င္ေစသည္။ ထိုဒူးဆစ္ကို မံုညင္းဆီ သို႔မဟုတ္ ႏွမ္းဆီကို မီးျဖင့္ေႏြးၿပီး ခပ္ေႏြးေႏြးလိမ္းေပးၿပီးေနာက္ သေဘၤာ႐ြက္ၾကမ္းကို ေပ်ာ့သြားေအာင္ မီးကင္ၿပီး စည္းေပးပါ။

ရက္သတၱတစ္ပတ္မွ သံုးပတ္အထိ စည္းလွ်င္ အေကာင္းဆံုး ျဖစ္ပါသည္။ ဖေနာင့္႐ိုးအတက္ထြက္ က်ီးေပါင္းတက္သူမ်ားကို တုိင္းရင္းေဆးခန္းသံုး ေဆးအမွတ္ (၄၇) ခုႏွစ္ပါးေဆးဝါေလးႏွင့္ ေရာနယ္စည္းေပးပါ။ ညအိပ္ယာဝင္ခ်ိန္တြင္ စည္းထားၿပီး နံနက္ အိပ္ယာထတြင္ ျဖည္ပါ။

သံုးပတ္ခန္႔ စည္းေပးရပါမည္။ (၇) ပါးေဆးဝါးေလးမွာ ေ႐ွးေဆးက်မ္းမ်ားပါ ေဆးနည္းေက်ာ္ ျဖစ္သည္။ ထုိေဆးတြင္ ၁။ဆိတ္ဖူး ၂။လင္းေန ၃။ႏြားေျမရင္း ၄။ဣႆရမူလီ ၅။႐ိွန္းခို ၆။ေဆးဒန္း ၇။ကန္႔ စသည့္ ေဆးဖက္ (၇) မ်ိဳး ပါဝင္သည္။ ဝယ္မရလွ်င္ ပရေဆးဆုိင္မ်ားတြင္ ေဖာ္စပ္ႏုိင္သည္။ ေဆးအေလးခ်ိန္မွာ အားလံုးဆတူျဖစ္သည္။

ဇက္၊ ဂုတ္႐ုိး က်ီးေပါင္းဖုေပၚတြင္ သေဘၤာရြက္ကုိျပဳတ္ၿပီး ခပ္ေႏြးေႏြးကပ္ေပးလွ်င္ ကြမ္းရြက္ကပ္သကဲ့သို႔ ကပ္ေနသည္။ ပံုမွန္ စိတ္ရွည္ရွည္ ကပ္ေပးျခင္းျဖင့္ က်ီးေပါင္းေရာဂါကို သက္သာေစႏုိင္သည္။ ေလ့က်င့္ခန္းမွာ ဘယ္လွည့္ ညာလွည့္ လုပ္ေပးဖုိ႔ လိုသည္။ ဦးေခါင္း ေလ့က်င့္ခန္းမွာ ဘယ္လွည့္၊ ညာလွည့္၊ အထက္ေမာ့၊ ေအာက္ငံု႔ ျဖည္းျဖည္းခ်င္း အစဥ္အတိုင္း တစ္ေန႔လွ်င္ အႀကိမ္ ႏွစ္ဆယ္ခန္႔ လုပ္ေပးလွ်င္ သက္သာႏုိင္သည္။

သေဘၤာ႐ြက္သာမက အေစ့မဲမဲမ်ားကိုလည္း အေျခာက္လွန္း၊ အမႈန္႔ေထာင္းၿပီး ပ်ားရည္ႏွင့္ေတၿပီး (ေရာေမႊၿပီး) တစ္ေန႔လွ်င္ ႏွစ္ႀကိမ္၊ တစ္က်ပ္သားခန္႔ ေသာက္ေပးလွ်င္ က်ီးေပါင္းႏွင့္ အ႐ိုးအဆစ္ကိုက္ျခင္း ေဝဒနာမ်ားကို သက္သာေစႏိုင္သည္။ ေတာ႐ြာမ်ားတြင္ သေဘၤာေစ့အနက္အစုိကုိ ကေလးမ်ား သန္ခ်ေဆးအျဖစ္ (၇) ေစ့ တိုက္ေကၽြးေလ့ ႐ိွသည္။

က်ီးေပါင္းေရာဂါသည္ တစ္ရက္၊ တစ္လႏွင့္ ျဖစ္ပၚလာေသာ ေရာဂါမဟုတ္၊ လႏွစ္ခ်ီၿပီး ျဖစ္လာေသာ ေရာဂါျဖစ္သျဖင့္ စိတ္႐ွည္႐ွည္ ကုသမႈခံယူရန္ လုိအပ္သည္။ ပူေသာ အေရျပားကုိ ေလာင္ေစေသာ ဒဏ္ေၾကေဆးမ်ားကို အလြန္အကၽြံ မလိမ္းသင့္ပါ။ ပူတိုင္း မေကာင္းပါ။ ေလ့က်င့္ခန္း လုပ္ျခင္း၊ ၾကပ္ထုပ္ထုိးျခင္း၊ ေရေႏြးအိတ္ ကပ္ျခင္း၊ ေဆးပူလိမ္းျခင္း တို႔ကို သင့္တင့္႐ံုသာ လုပ္ေဆာင္ၿပီး အေနအထုိင္ကို ဆင္ျခင္၊ စိတ္႐ွည္႐ွည္ ကုသမႈခံယူမွ သက္သာမည္ကို သတိျပဳေစလိုသည္။

 ေဆာင္းပါးရွင္ – ၾကည္လြင္ျမင့္ (မုျဒာ)

(Unicode Version)

လနှင့်ချီပြီး ဖြစ်လာသော ကျီးပေါင်းနှင့် အဆစ်ရောင် ရောဂါတွေအတွက်

သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ႓ာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံး ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။

ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။

ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။သည်။

သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန်စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။

မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောကြ်ကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။

ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။

ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။

စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကိုထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။

ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။

သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။

ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။

သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။

ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပါ်လာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။

 ဆောင်းပါးရှင် – ကြည်လွင်မြင့် (မုဒြာ)

No comments:

Post a Comment