Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

ေကာင္းကင္ယံမွာ က်ယ္ေလာင္တဲ့ေပါက္ကြဲသံထြက္ေပၚလာၿပီး ၿမိဳ႕ေပၚကို အရာဝတၳဳတစ္ခု ျပဳတ္က်လာ


ခႏီၱးၿမိဳ႕ ေကာင္းကင္ယံမွာ ေပါက္ကြဲသံၾကားရၿပီး ေလယာဥ္အစိတ္အပိုင္းတစ္ခုျပဳတ္က်လာ” ။ စစ္ကိုင္းတိုင္း ခႏီၱးၿမိဳ႕ မွာ ဒီကေန႕ မနက္အေစာပိုင္းက ေကာင္းကင္ယံ မွာ က်ယ္ေလာင္တဲ့ ေပါက္ကြဲသံ ထြက္ေပၚလာၿပီး တဲ့ေနာက္ ၿမိဳ႕ေပၚ လမ္းမေပၚကို ေလယာဥ္ အစိတ္အပိုင္းလို႕ယူဆရတဲ့ အရာဝတၳဴ တစ္ခု ျပဳတ္က်လာခဲ့တယ္လို႕ ေဒသခံဆီက သိရပါတယ္။” ေပါက္ကြဲသံကုိ တစ္ၿမိဳ႕လုံးနီးပါး ၾကားရတယ္။ ၾကားၿပီးသိပ္မၾကာဘူး ျပဳတ္က်တာ” ဟု ခႏၱီးၿမိဳ႕ခံ ဦးအုန္းလြင္က ေျပာပါတယ္။

ျပဳတ္က်လာတဲ့ အစိတ္အပိုင္းဟာ အလ်ား ရွစ္ေပ ၊ အနံ သုံးေပခန္႕ရိွၿပီး ခႏၱီးၿမိဳ႕ နားေမတၱာရပ္ကြက္ရွိ ေလဆိပ္အတက္လမ္းမေပၚကို ဒီကေန႕ မနက္ပိုင္း ေျခာက္နာရီခြဲေလာက္က ျပဳတ္က်ခဲ့တာလို႕ သိရပါတယ္။ဒီလို ျပဳတ ္က်တဲ့အခ်ိန္ဟာ လူအသြားအလာနည္းပါးတဲ့အခ်ိန္လည္းျဖစ္တာေၾကာင့္ ထိခိုက္ဒဏ္ရာ ရတာေတာ့ မရိွဘူးလို႕ၿမိဳ႕ခံေတြက ဆိုၾကပါတယ္။

” ေကာင္းမွဳ႕ ရြာအေပၚေကာင္းကင္ယံမွာ မီးခိုးတန္းက်န္ခဲ့တယ္။ မိးခိုးတန္းက အေရွ႕ေျမာက္ကေန အေနာက္ေတာင္ ခႏၲီးဘက္ ျဖတ္သြားသလိုမ်ိဳးပါ” ဟု ေဒသခံတစ္ဦးက လူမႈကြန္ရက္ ေဖ့ဘြတ္ခ္စာမ်က္ႏွာ ေရးသားထားပါတယ္။ျပဳတ္က်လာတဲ့ ေလယာဥ္အစိတ္အပိုင္းမွာေတာ့ ေလေၾကာင္းလိုင္းရဲ႕ အမွတ္အသားကိုမေတြ႕ရဘူးလို႕ ကိုယ္တိုင္သြားေရာက္ ၾကည္႕ ရႈခဲ့တဲ့ ခႏၱီးၿမိဳ႕ခံ ဦးအုန္းလြင္က ေျပာျပပါတယ္။

လက္ရိွမွာေတာ့ အဲဒီအစိတ္အပိုင္းကို တပ္မေတာ္နဲ႕ရဲတပ္ဖြဲ႕ လာေရာက္ယူေဆာင္သြားၿပီျဖစ္ၿပီး တျခားရြာတစ္ရြာေပၚကိုလည္း ေလယာဥ္အစိတ္အပိုင္းအခ်ိဳ႕ က်ေရာက္ခဲ့တယ္လို႕ သတင္းၾကားတာေၾကာင့္ သြားေရာက္ၾကည္႕ရႈဖို႕အတြက္ ခႏီးၱၿမိဳ႕ခံအခ်ိဳ႕ ျပင္ဆင္ေနၾကပါတယ္။ယင္းအစိတ္အပုိင္းကုိ တပ္မေတာ္ႏွင္႔ရဲတပ္ဖြဲ႕က လာေရာက္ ယူေဆာင္သြားျပီျဖသ္သည္။ အျခားေက်းရြာတစ္ခုေပၚသုိ႕လည္း ေလယာဥ္အစိတ္အပုိင္းအခ်ိဳ႔ က်ေရာက္လာသည္ဟု သတင္းၾကားရ၍ သြားေရာက္ၾကည္႔ရႈရန္ ခႏၱီးၿမိဳ႕ခံအခ်ိဳ႕က ျပင္ဆင္ေနသည္။
သတင္း -ေအာင္သစ္လြင္ ၊ ဓာတ္ပုံ – photo -Ko Ohn Lwin Hkamti






.............................................
Uncode

ကောင်းကင်ယံ မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာပြီး မြို့ပေါ်ကို အရာဝတ္ထုတစ်ခု ပြုတ်ကျလာ

ခန္တီးမြို့ ကောင်းကင်ယံမှာ ပေါက်ကွဲသံကြားရပြီး လေယာဉ်အစိတ်အပိုင်းတစ်ခုပြုတ်ကျလာ” ။ စစ်ကိုင်းတိုင်း ခန္တီးမြို့ မှာ ဒီကနေ့ မနက်အစောပိုင်းက ကောင်းကင်ယံ မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး တဲ့နောက် မြို့ပေါ် လမ်းမပေါ်ကို လေယာဉ် အစိတ်အပိုင်းလို့ယူဆရတဲ့ အရာဝတ္ထူ တစ်ခု ပြုတ်ကျလာခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။” ပေါက်ကွဲသံကို တစ်မြို့လုံးနီးပါး ကြားရတယ်။ ကြားပြီးသိပ်မကြာဘူး ပြုတ်ကျတာ” ဟု ခန္တီးမြို့ခံ ဦးအုန်းလွင်က ပြောပါတယ်။

ပြုတ်ကျလာတဲ့ အစိတ်အပိုင်းဟာ အလျား ရှစ်ပေ ၊ အနံ သုံးပေခန့်ရှိပြီး ခန္တီးမြို့ နားမေတ္တာရပ်ကွက်ရှိ လေဆိပ်အတက်လမ်းမပေါ်ကို ဒီကနေ့ မနက်ပိုင်း ခြောက်နာရီခွဲလောက်က ပြုတ်ကျခဲ့တာလို့ သိရပါတယ်။ဒီလို ပြုတ ်ကျတဲ့အချိန်ဟာ လူအသွားအလာနည်းပါးတဲ့အချိန်လည်းဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့မြို့ခံတွေက ဆိုကြပါတယ်။

” ကောင်းမှု့ ရွာအပေါ်ကောင်းကင်ယံမှာ မီးခိုးတန်းကျန်ခဲ့တယ်။ မိးခိုးတန်းက အရှေ့မြောက်ကနေ အနောက်တောင် ခန္တီးဘက် ဖြတ်သွားသလိုမျိုးပါ” ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာ ရေးသားထားပါတယ်။ပြုတ်ကျလာတဲ့ လေယာဉ်အစိတ်အပိုင်းမှာတော့ လေကြောင်းလိုင်းရဲ့ အမှတ်အသားကိုမတွေ့ရဘူးလို့ ကိုယ်တိုင်သွားရောက် ကြည့် ရှုခဲ့တဲ့ ခန္တီးမြို့ခံ ဦးအုန်းလွင်က ပြောပြပါတယ်။

လက်ရှိမှာတော့ အဲဒီအစိတ်အပိုင်းကို တပ်မတော်နဲ့ရဲတပ်ဖွဲ့ လာရောက်ယူဆောင်သွားပြီဖြစ်ပြီး တခြားရွာတစ်ရွာပေါ်ကိုလည်း လေယာဉ်အစိတ်အပိုင်းအချို့ ကျရောက်ခဲ့တယ်လို့ သတင်းကြားတာကြောင့် သွားရောက်ကြည့်ရှုဖို့အတွက် ခနီး္တမြို့ခံအချို့ ပြင်ဆင်နေကြပါတယ်။ယင်းအစိတ်အပိုင်းကို တပ်မတော်နှင့်ရဲတပ်ဖွဲ့က လာရောက် ယူဆောင်သွားပြီဖြသ်သည်။ အခြားကျေးရွာတစ်ခုပေါ်သို့လည်း လေယာဉ်အစိတ်အပိုင်းအချို့ ကျရောက်လာသည်ဟု သတင်းကြားရ၍ သွားရောက်ကြည့်ရှုရန် ခန္တီးမြို့ခံအချို့က ပြင်ဆင်နေသည်။

သတင်း -အောင်သစ်လွင် ၊ ဓာတ်ပုံ – photo -Ko Ohn Lwin Hkamti

No comments:

Post a Comment