Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 8, 2018

လူပ်ိဳနာ၊ အဆုပ္နာ၊ ေသြးဝမ္း ႏွင့္ အင္အား ကုန္ခမ္းျခင္းတို႔ အတြက္ တန္ဖိုးႀကီး တဲ့ ငရံ႕ပတူပင္ရဲ႕ အစြမ္း


စိတ္ပင္ပန္း၊လူပင္ပန္း အင္အားကုန္ခမ္းသူတို႔အတြက္ အလြန္အားထားရေသာ အပင္ျဖစ္သည္။အ႐ြက္ကိုျပဳတ္ၿပီး ၾကက္သြန္ျဖဴ၊ၾကက္သြန္နီ၊ပုဇြန္ေျခာက္ျဖင့္ အားပါးတရ သုပ္စားေပးၿပီး၊ငရံ႕ပတူ အျမစ္ ကို ႏွမ္းဆီ ေလးျဖင့္ ေသြးၿပီး ခႏၵာကိုယ္အႏွံ႔လိမ္းက်ံေပးပါက သိသိသာသာလန္းဆန္း ေစကာ အင္အားသစ္ တို႔ရရွိေစပါသည္။ ခါးသက္ေသာ အရသာ ရွိပါသည္။

အဆုပ္နာ နွင့္ ငရံ႕ပတူ

အဆုပ္နာ သူတို႔ ငရံပတူ ႐ြက္သတၱဳရည္ႏွင့္ဂ်င္းသတၱဳရည္ကို ထမင္းစားဇြန္း(၁)ဇြန္းစီေရာစပ္ၿပီး ေသာက္ေပးျခင္း၊ ရင္ႏွင့္ ေက်ာျပင္အား အျမစ္ႏွင့္ဂ်င္းေျခာက္ေသြးကာလူးေပးပါက အဆုပ္နာ သူတို႔သက္သာေပ်ာက္ကင္းေစပါသည္။

ေသြးဝမ္း နွင့္ ငရံ႕ပတူ

ေသြးဝမ္း ေပ်ာက္သည္ဟု အခ်ိဳ႕လြယ္လြယ္ေျပာေသာ္လည္း တကယ္ေသြးဝမ္းကိုက္က အေတာ္စိတ္ပ်က္ဖြယ္ျဖစ္ပါ သည္။ ထိုအေျခအေနတြင္ ငရံ႕ပတူ႐ြက္ႏွင့္ ငရွဥ့္ေရာၿပီး ခ်က္စားပါက ေသြးဝမ္း ေရာဂါကို အံ့ဖြယ္ သက္သာေပ်ာက္ ကင္းေစ ပါသည္။

ငရံ႕ပတူ အေစး

အေစး သည္ လူပ်ိဳနာေၾကာင့္ျဖစ္ေသာ အဆစ္ေရာင္ ေရာဂါ ကို အက်ိဳးျပဳၿပီး၊အျမစ္သည္ ပန္းနာ၊ရင္က်ပ္၊ ေခ်ာင္းဆိုးျခင္းတို႔အတြက္ အသုံးဝင္ပါသည္။

အတို႔အျမႇဳပ္ အျဖစ္ အခ်ိဳ႕ျပဳတ္၍သုပ္စားျခင္း၊ တို႔စားျခင္းရွိၾက သည္။

အခ်ိဳ႕က ေဆးဖက္ဝင္ မွန္းသိေသာ္လည္း၊အခ်ိဳ႕ကမသိၾကပါ။

ပင္ငယ္ မ်ိဳးျဖစ္ၿပီး(၅)ေပ(၆)ေပမွ်ျမင့္ပါသည္။အ႐ြက္ ထြက္သည့္ အဆစ္ ေနရာမ်ားတြင္ ခရမ္းေရာင္ျဖစ္သည္။ အ႐ြက္၏ေအာက္ဖက္မွာျဖဴၿပီး အေပၚဘက္မ်က္ႏွာသည္ အနည္းငယ္နီသည္။ယခုကာလတြင္ အ႐ြက္ အပြင့္္ အသီး မ်ား ေပါမ်ားလွ၍ လိုသူတို႔သုံးႏိုင္ပါရန္ သိမီသမွ် ငရံ႕ပတူပင္အေၾကာင္း တင္ျပလိုက္ပါသည္။

#Unicode Version#
စိတ်ပင်ပန်း၊လူပင်ပန်း အင်အားကုန်ခမ်းသူတို့အတွက် အလွန်အားထားရသော အပင်ဖြစ်သည်။အရွက်ကိုပြုတ်ပြီး ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ပုဇွန်ခြောက်ဖြင့် အားပါးတရ သုပ်စားပေးပြီး၊ငရံ့ပတူ အမြစ် ကို နှမ်းဆီ လေးဖြင့် သွေးပြီး ခန္ဒာကိုယ်အနှံ့လိမ်းကျံပေးပါက သိသိသာသာလန်းဆန်း စေကာ အင်အားသစ် တို့ရရှိစေပါသည်။ ခါးသက်သော အရသာ ရှိပါသည်။

အဆုပ်နာ နှင့် ငရံ့ပတူ

အဆုပ်နာ သူတို့ ငရံပတူ ရွက်သတ္တုရည်နှင့်ဂျင်းသတ္တုရည်ကို ထမင်းစားဇွန်း(၁)ဇွန်းစီရောစပ်ပြီး သောက်ပေးခြင်း၊ ရင်နှင့် ကျောပြင်အား အမြစ်နှင့်ဂျင်းခြောက်သွေးကာလူးပေးပါက အဆုပ်နာ သူတို့သက်သာပျောက်ကင်းစေပါသည်။

သွေးဝမ်း နှင့် ငရံ့ပတူ

သွေးဝမ်း ပျောက်သည်ဟု အချို့လွယ်လွယ်ပြောသော်လည်း တကယ်သွေးဝမ်းကိုက်က အတော်စိတ်ပျက်ဖွယ်ဖြစ်ပါ သည်။ ထိုအခြေအနေတွင် ငရံ့ပတူရွက်နှင့် ငရှဉ့်ရောပြီး ချက်စားပါက သွေးဝမ်း ရောဂါကို အံ့ဖွယ် သက်သာပျောက် ကင်းစေ ပါသည်။

ငရံ့ပတူ အစေး

အစေး သည် လူပျိုနာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါ ကို အကျိုးပြုပြီး၊အမြစ်သည် ပန်းနာ၊ရင်ကျပ်၊ ချောင်းဆိုးခြင်းတို့အတွက် အသုံးဝင်ပါသည်။

အတို့အမြှုပ် အဖြစ် အချို့ပြုတ်၍သုပ်စားခြင်း၊ တို့စားခြင်းရှိကြ သည်။

အချို့က ဆေးဖက်ဝင် မှန်းသိသော်လည်း၊အချို့ကမသိကြပါ။

ပင်ငယ် မျိုးဖြစ်ပြီး(၅)ပေ(၆)ပေမျှမြင့်ပါသည်။အရွက် ထွက်သည့် အဆစ် နေရာများတွင် ခရမ်းရောင်ဖြစ်သည်။ အရွက်၏အောက်ဖက်မှာဖြူပြီး အပေါ်ဘက်မျက်နှာသည် အနည်းငယ်နီသည်။ယခုကာလတွင် အရွက် အပွင့် အသီး များ ပေါများလှ၍ လိုသူတို့သုံးနိုင်ပါရန် သိမီသမျှ ငရံ့ပတူပင်အကြောင်း တင်ပြလိုက်ပါသည်။

No comments:

Post a Comment