Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 8, 2018

အင်္ဂါဂြိုဟ်ကနေ အသံတခု ပထမဆုံးကြားရ


အမေရိကန်အာကာသအေဂျင်စီ NASA က အင်္ဂါဂြိုဟ်ပေါ် လွှတ်တင်လိုက်တဲ့ ယာဉ်ကနေ “စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ “ ပထမဆုံး အသံတခုကို ဖမ်းယူပေးပို့လိုက်ပါတယ်။ The Jet Propulsion ဓာတ်ခွဲခန်းကနေ အဲဒီ အင်္ဂါဂြိုဟ်ပေါ်က အသံကို မနေ့သောကြာနေ့က ထုတ်ပြန်လိုက်တာပါ။

 InSight Lander ဆိုတဲ့ မောင်းသူမဲ့အာကာသစူးစမ်း လေ့လာရေး ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ပြီး တပတ်အတွင်းမှာပဲ ခပ်တိုးတိုးအသံလှိုင်းတွေကို ဖမ်းယူနိုင်ခဲ့တာပါ။

အဲဒီအသံတွေဟာ တနာရီကို ၁၀ ကနေ ၁၅ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေတယ်လို့ ခန့်မှန်းရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ ဒါဟာ အင်္ဂါဂြိုဟ်ဆီကအသံကို လူ့နားနဲ့ ပထမဆုံး ကြားရတာလည်းဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com

No comments:

Post a Comment