Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

အရိပ္မထြက္ပင္(သို႔)ေက်ာက္ကပ္ပင္


ေျမမွာကပ္ေပါက္၍ အရြက္ဖါးဖါးလိပ္ျပာေတာင္ပံကဲ႕သို အပင္ေျခတြင္ဥမ်ား ကပ္လွ်က္ ရွိပါသည္ ။
ေတာေတာင္ထဲတြင္ မိုးတြင္းေရာက္မွသာအပင္အစို႔ ကေလးမ်ား စတင္ထြက္တတ္ျပီး၎ေပါက္ေသာ ေနရာမွလႊဲ၍ အျခားေနရာတြင္ မေပါက္ပါ ။
မိုးတြင္းေရာက္ပါက ၎အပင္ေတြ႕ရွိေသာေနရာတြင္ရွာပါက ျပန္လည္ေပါက္ေရာက္ေနသည္ ကိုေတြ႕ရွိရပါသည္ ။
ေျမမွာကပ္ေပါက္ေသာေၾကာင့္ အရိပ္မထြက္ပင္ဟု တင္စားေခၚေဝၚပါသည္ ။
ေဆးပင္၏ အဓိက ေကာင္းပုံမွာဆီးပူ /ေအာင့္ သက္သာ ဆီးရႊင္ျပီးေက်ာက္ကပ္မွ ေက်ာက္မ်ားကို ေၾကေစပါသည္။
ေက်ာက္ကပ္ ေဆးပင္ဟုလည္း ေခၚပါသည္အရြက္ ၇/၈ ခန္႕ကို ေရစင္ေအာင္ေဆး၍ဓါးျဖင့္ ပါးပါးလွီးျပီး( ၃) ရက္ ျခား၁ ၾကိမ္ သုတ္စားပါကေက်ာက္ကပ္နွင့္ဆီးေရာဂါမ်ား သက္သာပါေၾကာင္း ဗဟုသုတအျဖစ္ တင္ျပပါသည္။
ေဆးပင္ကို မွာတာ ၁ ႏွစ္ေက်ာ္ရွိပါျပီယခုမွ တပည့္ ၁ ေယာက္က ခူးေပး၍စားရန္ ရရွိေသာေၾကာင့္ ေဆးပင္ကိုျမင္ဖူးေအာင္ တင္ျပေပးျခင္း ျဖစ္ပါသည္။
ေက်းဇူးတင္ပါသည္….။ ေဆးနည္းဒါန ​ေ၀မ်ွရ​ေသာ ကုသိုလ္အက်ိဳးေၾကာင့္ မိမိေအးခ်မ္းသာယာသလို ေလာကသားအားလံုး ေအးခ်မ္းသာယာပါေစ…..
အသိမွန္အျမင္မွန္မ်ားျဖင့္ က်န္ရွိေသာဘဝကိုလွပစြာျဖတ္သန္းႏိုင္ၾကပါေစ….။

ျမန္မာ့႐ိုးရာသဘ၀ေဆးစြမ္းေကာင္းမ်ား

” အရိပ်မထွက်ပင်(သို့)ကျောက်ကပ်ပင် ”

မြေမှာကပ်ပေါက်၍ အရွက်ဖါးဖါးလိပ်ပြာတောင်ပံကဲ့သို အပင်ခြေတွင်ဥများ ကပ်လျှက် ရှိပါသည် ။

တောတောင်ထဲတွင် မိုးတွင်းရောက်မှသာအပင်အစို့ ကလေးများ စတင်ထွက်တတ်ပြီး၎င်းပေါက်သော နေရာမှလွှဲ၍ အခြားနေရာတွင် မပေါက်ပါ ။

မိုးတွင်းရောက်ပါက ၎င်းအပင်တွေ့ရှိသောနေရာတွင်ရှာပါက ပြန်လည်ပေါက်ရောက်နေသည် ကိုတွေ့ရှိရပါသည် ။

မြေမှာကပ်ပေါက်သောကြောင့် အရိပ်မထွက်ပင်ဟု တင်စားခေါ်ဝေါ်ပါသည် ။

ဆေးပင်၏ အဓိက ကောင်းပုံမှာဆီးပူ /အောင့် သက်သာ ဆီးရွှင်ပြီးကျောက်ကပ်မှ ကျောက်များကို ကြေစေပါသည်။

ကျောက်ကပ် ဆေးပင်ဟုလည်း ခေါ်ပါသည်အရွက် ၇/၈ ခန့်ကို ရေစင်အောင်ဆေး၍ဓါးဖြင့် ပါးပါးလှီးပြီး( ၃) ရက် ခြား၁ ကြိမ် သုတ်စားပါကကျောက်ကပ်နှင့်ဆီးရောဂါများ သက်သာပါကြောင်း ဗဟုသုတအဖြစ် တင်ပြပါသည်။

ဆေးပင်ကို မှာတာ ၁ နှစ်ကျော်ရှိပါပြီယခုမှ တပည့် ၁ ယောက်က ခူးပေး၍စားရန် ရရှိသောကြောင့် ဆေးပင်ကိုမြင်ဖူးအောင် တင်ပြပေးခြင်း ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်….။ ဆေးနည်းဒါန ​ဝေမျှရ​သော ကုသိုလ်အကျိုးကြောင့် မိမိအေးချမ်းသာယာသလို လောကသားအားလုံး အေးချမ်းသာယာပါစေ…..

အသိမှန်အမြင်မှန်များဖြင့် ကျန်ရှိသောဘဝကိုလှပစွာဖြတ်သန်းနိုင်ကြပါစေ….။

မြန်မာ့ရိုးရာသဘဝဆေးစွမ်းကောင်းများ

No comments:

Post a Comment