Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

“ဝီဝီ ဝီဝီ”အသံၾကား၍ ထြက္​ၾကည္​့ရာ သားအမိႏွစ္​ဦးရဲ႕ရင္​နင္​့ဖြယ္​ရာ ျဖစ္ရပ္


ဝီဝီ ဝီဝီ”အသံၾကား၍ ထြက္​ၾကည္​့ရာ ၁၂၀၀၀ ဗုိ႔အား႐ွိ ဓာတ္​ၾကဳိးပ်က္​က်သျဖင့္ သားအမိႏွစ္​ဦးရင္​နင္​့ဖြယ္​ ​ေသဆုံး

ဧရာဝတီတုိင္​း​ေဒသႀကီး ၊ဖ်ာပုံျမဳိ့နယ္​ သမိန္​​ေထာသိမ္​ကုန္​း​ေက်းရြာတြင္​ ဧၿပီလ ၆ရက္​​ေန႔ နံက္​၃နာရီ၁၅မိနစ္​အခ်ိန္​ခန္​႔တြင္​ ဝီဝီ ဝီဝီ အသံၾကားရ၍ ​ေနအိမ္​အ​ေ႐ွ႕ ထြက္​ၾကည္​့ရာ ဖ်ာပုံ-က်ဳံကဒြန္​းသုိ႔ သြယ္​တန္​းထား​ေသာ (၁၂၀၀၀.ဗုိ႔အား)႐ွိ ဓာတ္​ၾကဳိး တစ္​​ေခ်ာင္​းပ်က္​က်သျဖင့္ သားအမိႏွစ္​ဦး ရင္​နင္​့ဖြယ္​​ေသဆုံးခဲ့​ေၾကာင္​းသိရသည္​
ျဖစ္​စဥ္​မွာ ဧၿပီလ (၆)ရက္​​ေန႔ နံက္​ ၃ နာရီ ၁၅ မိနစ္​အခ်ိန္​ခန္​႔တြင္​ ​ေဒၚတင္​တင္​ဝင္​း သားျဖစ္​သူ ​ေမာင္​ညီညီ​ေအာင္​ တုိ႔ ​ေနအိမ္​၌ ႐ွိ​ေနစဥ္​ ​ေနအိမ္​အ​ေ႐ွ႕ ဖ်ာပုံ-က်ဳံကဒြန္​း လမ္​း​ေပၚမွ ခရီးသြား မ်ားမွ ထန္​းပင္​မီး​ေလာင္​​ေန​ေၾကာင္​း ​ေအာ္​ဟစ္​သံၾကား၍ ​ေနအိမ္​အ​ေ႐ွ႕ထြက္​ၾကည္​့ရာ ….

၎၏ မ်က္​ႏွာခ်င္​းဆုိင္​ လမ္​းတစ္​ဘက္​႐ွိ ​ေဒၚတင္​တင္​ဝင္​း၏ ျခံမွ ျဖတ္​သန္​းသြယ္​ထား​ေသာ (၁၂၀၀၀.ဗုိ႔အား)႐ွိ ဖ်ာပုံျမဳိ့မွ က်ဳံကဒြန္​း​ေက်းရြာသုိ႔သြယ္​တန္​းထား​ေသာ ဓာတ္​အားလုိင္​းဓာတ္​ၾကဳိး (၃)​ေခ်ာင္​း႐ွိသည္​့အနက္​မွ ယာဘက္​အစြန္​း႐ွိ ဓာတ္​ၾကဳိး (၁)​ေခ်ာင္​း မွာ
ေဒၚတင္​တင္​ဝင္​း (၄၀)ႏွစ္​၊(ဘ)ဦးၾကဳိင္​၊​ေစ်း​ေရာင္​း ​၊သမိန္​​ေထာသိမ္​ကုန္​​ေက်းရြာ​ေနသူ၏ ျခံထဲ႐ွိ ထန္​းပင္​ႏွင္​့ ထိၿပီး ထန္​းပင္​​ေပၚ႐ွိ ထန္​းလ်က္​​ေျခာက္​မ်ားမွာ မီး​ေလာင္​​ေနသည္​ကုိ ​ေတြ႔ရၿပီး ဓာတ္​ၾကဳိးမွာလည္​း “ဝီဝီ.. ဝီဝီ” ဟု အသံျမည္​​ေနသည္​ကုိၾကားရ၍ ေဒၚတင္​တင္​ဝင္​းမွ ​ေနအိမ္​အ​ေ႐ွ႕သုိ႔ ထြက္​ၾကည္​့စဥ္​ ….

ဓာတ္​ၾကဳိးမွာ ပ်က္​က်ၿပီး ၎၏ ​ေျခ​ေထာက္​အား႐ုိက္​မိသျဖင္​့ ၎မွာ​ေမွာက္​လ်က္​အ​ေနအထား လဲက်သြားၿပီး ဓာတ္​လုိက္​ကာ မီး​ေလာင္​​ေနစဥ္​ သားျဖစ္​သူ ​ေမာင္​ညီညီ​ေအာင္​ (၁၂)ႏွစ္​၊ပဥၥမတန္​း ​(အ.ထ.က၊သမိန္​​ေထာ) ​ေက်ာင္​းသားက​ေလးက အိမ္​ထဲမွ​ေျပးထြက္​လာကာ မိခင္​ျဖစ္​သူမီး​ေလာင္​​ေနသည္​ကုိ ​ေျပးဆြဲရာ ထပ္​မံထပ္​လုိက္​ၿပီး​ေသဆုံးသြား​ေၾကာင္​း သိရသည္​။

အဆုိပါဓာတ္​လုိက္​​ေသဆုံးသြား​ေသာ သားအမိႏွစ္​ဦး႐ုပ္​အ​ေလာင္​းအား ဖ်ာပုံျမဳိ့နယ္​၊ကနိတုိက္​နယ္​​ေဆး႐ုံသုိ႔ ရဲ​ေဆးစာျဖင္​့ ပုိ႔​ေဆာင္​ခဲ့ၿပီး ​ေသဆုံးမႈႏွင္​့ပတ္​သတ္​၍ ဓမၼာတာအတုိင္​း ​ေသဆုံးျခင္​းဟုတ္​/မဟုတ္​စစ္​​ေဆးႏုိင္​ရန္​အတြက္​ က်ဳံကဒြန္​း နယ္​​ေျမရဲစခန္​းမွ ​ေသမႈ​ေသခင္​း အမွတ္​စဥ္​(၂/၂၀၁၈)ျဖင္​့ အမႈဖြင္​့လွစ္​ၿပီး စစ္​​ေဆး​ေဆာင္​ရြက္​လ်က္​႐ွိ​ေၾကာင္​းသိရသည္​။
crd-ေက်ာ္​စုိးမုိး ဖ်ာပုံ





—————–
“ဝီဝီ ဝီဝီ”အသံကြား၍ ထွက်​ကြည်​့ရာ ၁၂၀၀၀ ဗို့အားရှိ ဓာတ်​ကြိုးပျက်​ကျသဖြင့် သားအမိနှစ်​ဦးရင်​နင်​့ဖွယ်​ ​သေဆုံး
ဧရာဝတီတိုင်​း​ဒေသကြီး ၊ဖျာပုံမြို့နယ်​ သမိန်​​ထောသိမ်​ကုန်​း​ကျေးရွာတွင်​ ဧပြီလ ၆ရက်​​နေ့ နံက်​၃နာရီ၁၅မိနစ်​အချိန်​ခန်​့တွင်​ ဝီဝီ ဝီဝီ အသံကြားရ၍ ​နေအိမ်​အ​ရှေ့ ထွက်​ကြည်​့ရာ ဖျာပုံ-ကျုံကဒွန်​းသို့ သွယ်​တန်​းထား​သော (၁၂၀၀၀.ဗို့အား)ရှိ ဓာတ်​ကြိုး တစ်​​ချောင်​းပျက်​ကျသဖြင့် သားအမိနှစ်​ဦး ရင်​နင်​့ဖွယ်​​သေဆုံးခဲ့​ကြောင်​းသိရသည်​။
ဖြစ်​စဉ်​မှာ ဧပြီလ (၆)ရက်​​နေ့ နံက်​ ၃ နာရီ ၁၅ မိနစ်​အချိန်​ခန်​့တွင်​ ​ဒေါ်တင်​တင်​ဝင်​း သားဖြစ်​သူ ​မောင်​ညီညီ​အောင်​ တို့ ​နေအိမ်​၌ ရှိ​နေစဉ်​ ​နေအိမ်​အ​ရှေ့ ဖျာပုံ-ကျုံကဒွန်​း လမ်​း​ပေါ်မှ ခရီးသွား များမှ ထန်​းပင်​မီး​လောင်​​နေ​ကြောင်​း ​အော်​ဟစ်​သံကြား၍ ​နေအိမ်​အ​ရှေ့ထွက်​ကြည်​့ရာ ….
၎င်း၏ မျက်​နှာချင်​းဆိုင်​ လမ်​းတစ်​ဘက်​ရှိ ​ဒေါ်တင်​တင်​ဝင်​း၏ ခြံမှ ဖြတ်​သန်​းသွယ်​ထား​သော (၁၂၀၀၀.ဗို့အား)ရှိ ဖျာပုံမြို့မှ ကျုံကဒွန်​း​ကျေးရွာသို့သွယ်​တန်​းထား​သော ဓာတ်​အားလိုင်​းဓာတ်​ကြိုး (၃)​ချောင်​းရှိသည်​့အနက်​မှ ယာဘက်​အစွန်​းရှိ ဓာတ်​ကြိုး (၁)​ချောင်​း မှာ ​….
ဒေါ်တင်​တင်​ဝင်​း (၄၀)နှစ်​၊(ဘ)ဦးကြိုင်​၊​စျေး​ရောင်​း ​၊သမိန်​​ထောသိမ်​ကုန်​​ကျေးရွာ​နေသူ၏ ခြံထဲရှိ ထန်​းပင်​နှင်​့ ထိပြီး ထန်​းပင်​​ပေါ်ရှိ ထန်​းလျက်​​ခြောက်​များမှာ မီး​လောင်​​နေသည်​ကို ​တွေ့ရပြီး ဓာတ်​ကြိုးမှာလည်​း “ဝီဝီ.. ဝီဝီ” ဟု အသံမြည်​​နေသည်​ကိုကြားရ၍ ဒေါ်တင်​တင်​ဝင်​းမှ ​နေအိမ်​အ​ရှေ့သို့ ထွက်​ကြည်​့စဉ်​ ….
ဓာတ်​ကြိုးမှာ ပျက်​ကျပြီး ၎င်း၏ ​ခြေ​ထောက်​အားရိုက်​မိသဖြင်​့ ၎င်းမှာ​မှောက်​လျက်​အ​နေအထား လဲကျသွားပြီး ဓာတ်​လိုက်​ကာ မီး​လောင်​​နေစဉ်​ သားဖြစ်​သူ ​မောင်​ညီညီ​အောင်​ (၁၂)နှစ်​၊ပဥ္စမတန်​း ​(အ.ထ.က၊သမိန်​​ထော) ​ကျောင်​းသားက​လေးက အိမ်​ထဲမှ​ပြေးထွက်​လာကာ မိခင်​ဖြစ်​သူမီး​လောင်​​နေသည်​ကို ​ပြေးဆွဲရာ ထပ်​မံထပ်​လိုက်​ပြီး​သေဆုံးသွား​ကြောင်​း သိရသည်​။
အဆိုပါဓာတ်​လိုက်​​သေဆုံးသွား​သော သားအမိနှစ်​ဦးရုပ်​အ​လောင်​းအား ဖျာပုံမြို့နယ်​၊ကနိတိုက်​နယ်​​ဆေးရုံသို့ ရဲ​ဆေးစာဖြင်​့ ပို့​ဆောင်​ခဲ့ပြီး ​သေဆုံးမှုနှင်​့ပတ်​သတ်​၍ ဓမ္မာတာအတိုင်​း ​သေဆုံးခြင်​းဟုတ်​/မဟုတ်​စစ်​​ဆေးနိုင်​ရန်​အတွက်​ ကျုံကဒွန်​း နယ်​​မြေရဲစခန်​းမှ ​သေမှု​သေခင်​း အမှတ်​စဉ်​(၂/၂၀၁၈)ဖြင်​့ အမှုဖွင်​့လှစ်​ပြီး စစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်​းသိရသည်​။
crd-ကျော်​စိုးမိုး ဖျာပုံ

No comments:

Post a Comment