Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 22, 2018

ဒေါက်တာမဉ္ဇူသင်းရေးလာတဲ့စာ(ဗဟိုဝန်ထမ်းတက္ကသိုလ်က... ဗိုလ်ချုပ်အောင်ဆန်းကိုတောင် အလေးမပြုခဲ့ဘူးတဲ့)


ဗဟိုဝန်ထမ်းတက္ကသိုလ်က...
ဗိုလ်ချုပ်အောင်ဆန်းကိုတောင် အလေးမပြုခဲ့ဘူးတဲ့

ဒီလို ဝန်ထမ်းတွေကို
ငါတို့ရိက္ခာတွေထောက်နေရင်
အဆိပ်ပင်ရေလောင်းတာနဲ့ အတူတူပဲ
ပြောရရင်
အခု ဇီးပင်ကြီးကိစ္စဟာ
သာမံညောင်ည...ဖြစ်လာတာမဟုတ်ဘူး
ဒေါက်တာစိုးသူရဇော် ပြောတာထက်
အနှစ်၆၀လုံးလုံး အဖိနှိပ်ခံလာရတဲ့ ပြည်သူ့အရိုးတွေ
ထတွန်တာပဲလို့ဆိုချင်တော့တယ်...။
အကြောင်းတွေကပေါင်းစုလာပြီလေ
အခုဆို.. ဒေါက်တာစိုးသူရဇော် ကိုအကြောင်းပြုပြီး
ဟိုကရေးဒီကရေး.မကြောက်မရွံ့ .ရေးလာကြပြီလေ
ဟေ့....လောကမှာ
မတရားမှု သာ အမြဲနိုင်စတမ်းဆိုရင်
အမြဲသာစတမ်းဆိုရင်
ဘုရားတောင်ပွင့်လာမှာမဟုတ်
ရေစီး ရေသာ စုန်ဆန်ကာနဲ့
ငှက်ခါးပျံသလို နိမ့်မြင့်တုန်ရ
ကံကြမ္မာကားတပတ်လည်မြဲ
ဓမ္မတာတည်း....တဲ့။

ဗိုလ်ချူပ်အောင်ဆန်းကိုတောင် အလေးမပြုခဲ့တဲ့
ဗ၀တ တဲ့
******************************************
ဗ၀တပတ်သတ်ပြီး မကောင်းတဲ့အမှတ်တရ ဆိုလို့
ကိုယ့်မှာ မရှိခဲ့ဘူး..ဇီးပင်ကြီးသုံးလခွဲက ကိုယ့်အတွက်
အပျော်ရွှင်ဆုံးနဲ့လုပ်ချင်တာအလုပ်ခဲ့ဆုံးကာလတွေပဲ။
သူတို့ပေးတဲ့ BC တို့ သင်တန်းသားဆုတွေလည်း
မလိုချင်ဘူး။လက်ချာအချိန်တော်တော်များများ
အိပ်လေ့ရှိပြီး ပျော်ပျော်ပဲနေခဲ့တယ်...။

သင်တန်းစတက်တော့မယ်ဆိုကတည်းက ငါ ဘရိန်းဝဒ် ခံရတော့မယ်ဆိုတာ သိလို့ဘာလို့လဲဆိုတော့ ဗ၀တက ဗိုလ်ချူပ်အောင်ဆန်းကိုတောင် အလေးထားတာ မဟုတ်လို့လေ..။

ကိုယ်ငယ်ငယ်ကတည်းက"နိုင်ငံတော်အလံအား
အလေးပြု" ပြီးတဲ့အခါ " ကျဆုံးလေပြီးသော ဗိုလ်ချူပ်
အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများ
အား အလေးပြု" လို့ ရှေ့က တိုင်တဲ့သူက ဆိုတဲ့အခါ
ကိုယ်တို့ အားလုံးအလေးပြုကြတယ်။

၂၀၁၄ ဒီဇင်ဘာ ဇီးပင်ကြီး အရာထမ်းလောင်း အခြေခံ
သင်တန်း အမှတ်စဉ် ၁၅ ရဲ့ နိုင်ငံတော် အလံကိုပထမဆုံး
အလေးပြုပြီးတဲ့အချိန်မှာ "ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြု"
ဆိုတာပဲ ပါခဲ့တယ်.... ဗိုလ်ချူပ်အောင်ဆန်းမပါခဲ့ဘူး။

ဒီလိုနဲ့ တပ်ခွဲမှူး အသစ်တွေ တပတ်တစ်ယောက်နှူန်းနဲ့
တက်လာတယ်။နာက်ဆုံးအပတ်မရောက်ခင်
ကိုယ် ခွဲမှူးလုပ်တယ်။
( လုပ်ချင်တဲ့သူလုပ်ဆိုလို့ ထလုပ်တာအဲ့ဒီအပတ်
အကုန်လုံးပွဲပျက်ရမယ်ဆိုပြီး ထလုပ်တာ)။

နိုင်ငံတော်အလံကို အလေးပြုပြီးတဲ့အခါ " ကျဆုံး
လေပြီးသော ဗိုလ်ချူပ် အောင်ဆန်းနှင့်တကွ အာဇာနည်
ခေါင်းဆောင်ကြီးများအား အလေးပြု " ဆိုပြီး ရှေ့ ကနေ
အော်ပစ်တယ်.....အဲ့နေ့ပဲ ချက်ချင်း ခွဲမှူးရုံးက အမက
"ကသ၉၄ ရှေ့က တိုင်တာတွေလည်း မှားနေတယ်"ဆိုပြီး ကိုယ့်ကိုသတိပေးခဲ့တယ်..ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်
လုပ်ချင်တာလုပ်ပြီးသွားလို့။

ရိုးရိုးလေးပဲ ဗိုလ်ချူပ်အောင်ဆန်းကို အလေးပြုဖို့
ဒီလောက် အသေအကြေကြောက်နေတဲ့ ဒီသင်တန်းမှာ
ဘာတွေကို မျှော်လင့်လို့ရမှာလဲ ဆိုတာ
နောက်ပိုင်း ပြည်သူအစိုးရတက်လာပြီးနောက် ဗိုလ်ချူပ်
အောင်ဆန်းကို အလေးပြု မပြုတော့ ကိုယ်မသိဘူး
ကိုယ်သိခဲ့တဲ့ ဗ၀တ ကတော့ ဗိုလ်ချူပ် အောင်ဆန်း
ကိုတောင် အလေးမပြုခဲ့တဲ့ ဗ၀တ ပဲ ။

Dr မဉ္ဇူသင်း
ကသ၉၄
အရာထမ်းလောင်း အခြေခံသင်တန်း အမှတ်(၁၅)
ဇီးပင်ကြီး
အထက်ပါ အချက်အလက်များသည် မှန်ကန်ကြောင်း 100% တာဝန်ယူပါ သည်။
POSTED CREDIT-San Maungsan
We_Stand_With_DrSoeThuyaZaw
We_Stand_With_Truth_Justice_And_Freedom_Of_Experssion
.................................................
ဇီးပင်ကြီးသင်တန်းမှ လက်တွေ့ကြုံတွေခဲ့ရသော ဖြစ်ရပ်များကို Facebook ပေါ်တင်၍ ပြည်သူများအား တင်ပြခဲ့မှု့ကြောင့်
ဒေါက်တာစိုးသူရဇော်ကို ခေါ်ယူ၍ ကြားနာစစ်ဆေးနေကြောင်း သိရ။
  • ဇီးပင်ကြီး စစ်တမ်း ( အပိုင်း တစ် )
  • ဇီးပင်ကြီး စစ်တမ်း ( အပိုင်း နှစ် ) ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း
  • ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး ) ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း
  • No comments:

    Post a Comment