Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 7, 2018

ေရႊစာရံဘုရားရဲ႕ ဒါယိကာမ ေစာမြန္လွ (သို႔) အေနာ္ရထာရဲ႕ မိုင္းေမာဝ္ဧကရီ

အေနာ္ရထာရဲ႕ မိုင္းေမာဝ္ဧကရီ

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕အနီးက စယ္လန္႕ရြာေလးဟာ ေစာမြန္လွေခၚမိုင္းေမာဝ္ဧကရီရဲ႕ ေမြးဖြားရာဇာတိေလးပါ။

ေစာမြန္လွ ေမြးဖြားရာဇာတိျဖစ္တဲ႕ စယ္လန္႕ ရြာကေလးဟာ အလြန္သာယာလွၿပီး ပန္းေတြလည္း စံုလင္လွပါတယ္။

ရိုးသားတဲ႕ရွမ္းလူမ်ိဳးေတြရဲ႕ ရြာျဖစ္ၿပီး စယ္လန္႕သူေတြ ေခ်ာတယ္ ဆိုတာကေတာ႕ ခုခ်ိန္ထိ နာမည္ႀကီး တုန္းျဖစ္ ပါတယ္။

ေခ်ာေမာ လွပတဲ႔ စယ္လန္႔ရြာသူ တစ္ေယာက္အေၾကာင္း ေျပာျပရမယ္ဆိုရင္ ပုဂံရာဇဝင္ေတြ ထဲမွာပါတဲ႕ အေနာ္ရထာမင္းႀကီးရဲ႕ မိဖုရားတစ္ပါး ျဖစ္ခဲ႕သူ ရွမ္းမင္းသမီး ေစာမြန္လွကို ညႊန္ျပရမွာျဖစ္ပါတယ္။

ေစာမြန္လွေမြးဖြားရာ နန္းေတာ္ေဟာင္းေနရာေလးဟာ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နဲ႕ မေဝးလွတဲ႕ စယ္လန္႕ရြာကေလးဆီက သာယာလွတဲ႔ ေတာင္ကုန္းေလးေပၚ တည္ရွိပါတယ္။

လြန္ခဲ႔တဲ႕ႏွစ္ တစ္ေထာင္ေက်ာ္ခန္႕ ကတည္းက ႀကီးက်ယ္ စည္ကားခဲ႕တဲ႕ ေမာရွမ္းဘုရင္တို႕ စိုးစံခဲ႕ရာ စယ္လန္႕ရြာရွိ နန္းေတာ္ေဟာင္းေနရာ ဟာ ခုခ်ိန္မွာေတာ႕ ဘုရားေက်ာင္းကန္ ေစတီပုထိုးေတြ တည္ထားၿပီ ျဖစ္ပါတယ္။

မယ္ဇလီ ပင္ေတြနဲ႕ အုပ္ဆုိင္းညိွဳ႕မိႈင္းေနတဲ႔ ေတာင္ကုန္းေလး ဟာလည္း သာသာယာယာ လည္း ရွိသလို လြမ္းစရာ ေဆြးစရာလည္း ေကာင္းလွပါတယ္။

ဟိုးခပ္ေဝးေဝးက မိႈင္းညိွဳ႕ရီေဝေနတဲ႕ ေတာင္တန္းျပာျပာေတြကို လြမ္းေမာစဖြယ္ ေငးၾကည့္ရင္းနန္းေတာ္နဲ႕ မလွမ္းမကမ္း ကေန တိတ္ဆိတ္ညင္သာ ျငိမ္းခ်မ္းစြာ ရစ္ေခြ စီးဆင္းေန တဲ႕ ေရႊလီျမစ္ႀကီး ကိုလည္း ေနေရာ င္ေအာက္ မွာ ေငြေရာင္ေတြ တလက္လက္ ေတာက္ပေနတာကို လွမ္းျမင္ႏိုင္ပါေသးတယ္။

ျမစ္ရဲ႕ ေဘးတစ္ဖက္ တစ္ခ်က္မွာေတာ႕ က်ယ္ဝန္းျပန္႕ျပဴး လွတဲ႕ ေျမႏုလြင္ျပင္ေတြရွိျပီး ရွမ္းေတာင္သူေတြရဲ႕ လယ္ခင္းေတြ စိုက္ခင္းေတြ မ်က္ေစ႔တစ္ဆံုး ရႈမဆံုးႏိုင္ေအာင္ စိမ္းလန္းစုိေျပစြာ တည္ရွိေနပါတယ္။

ေစာမြန္လွဟာ ေမာရွမ္း ကိုးျပည္ေထာင္ကို အစုိးရတဲ႔ (ရွမ္းဘုရင္) ရွမ္းေစာ္ဘြားႀကီး တစ္ဦးရဲ႕ သမီးေတာ္ျဖစ္ျပီးေတာ႕ အင္မတန္ လွပေခ်ာေမာကာ အမ်ိဳးသမီးေကာင္း တိုရဲ႕ ၾကန္အင္လကၡဏာ က်က္သေရ အျဖာျဖာနဲ႕ျပည္႔စံုသူ ျဖစ္တယ္လို႕ သိရပါတယ္။

ဒါေၾကာင္႕လည္း တရုတ္ျပည္ကို စြယ္ေတာ္ သြားဖူးရာကေန အျပန္မွာ ေစာမြန္လွတို႕ နန္းေတာ္ရွိရာ ေရႊလီျမစ္အနီးက ရြာတစ္ရြာမွာ စခန္းခ် နားေနတဲ႔ အေနာ္ရထာ မင္းႀကီးကို ရွမ္းေစာ္ဘြားႀကီးက သြားေရာက္ေတြ႔ဆံုျပီး ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး လက္ေဆာင္အျဖစ္ သမီးေတာ္ ေစာမြန္လွကို ပဏၰာဆက္လာခဲ႕ပါတယ္။

ေခ်ာေမာလွပ သိမ္ေမြ႕ျပီး အသားအေရ ညက္ေညာျဖဴစင္လွကာ သူမ မတ္တပ္ရပ္လိုက္ရင္ေတာင္ အရပ္နဲ႔ညီမွ်ေအာင္ ရွည္လ်ားလွတဲ႔ ဆံႏြယ္မည္းမည္း ခက္ခက္ေတြကို ပိုင္ဆိုင္တဲ႕ ရွမ္းမင္းသမီး ေစာမြန္လွကို အေနာ္ရထာမင္းႀကီးက ရွမ္းေစာ္ဘြားႀကီးရဲ႕ လက္ေဆာင္အျဖစ္ ျမတ္ျမတ္ႏိုးႏိုး သိမ္းပိုက္ၿပီး ပုဂံေရႊနန္းေတာ္ဆီကို ေခၚေဆာင္ သြားခဲ႕တာ ျဖစ္ပါတယ္။

ပေဒသရာဇ္ ေခတ္မ်ားဆီက ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအတြက္ ပ႑ာဆက္ခံရတဲ႕ ဘုရင္႕သမီးေတာ္မ်ား၊ နန္းတြင္းသူေလးမ်ား မွာ ကိုယ္ပိုင္ ခံစားခ်က္ဆိုတာကို လစ္လ်ဴရႈလို႕ ႏွင္းဆက္ခံရတဲ႕ ဘုရင္ကိုသာ သခင္အျဖစ္ သတ္မွတ္ၿပီး လိုက္ပါသြားခဲ႔ၾကရပါတယ္။

အဲဒီလို မိမိ ေမြးဖြားႀကီးျပင္းလာရာ ေမာရွမ္းေတာင္တန္းႀကီးေတြကို စြန္႔ခြာၿပီး တစ္ပါးသူေနာက္ကို လိုက္ပါသြားရေတာ႕မယ္ ဆိုတဲ႕ ေစာမြန္လွရဲ႕ ရင္ထဲမွာ ထိုေခတ္ ထိုအခါက ဘယ္လိုမ်ား ခံစားခဲ႔ ရမွာပါလိမ္႕လို႕ ေက်ာ္ သူ႕ရင္ထဲကို ဝင္ၾကည္႕ခ်င္မိသလို၊ သူ႕ကိုယ္စားလည္း အေတြးေတြ ပြားမိရပါတယ္။

သူ လိုက္ပါသြားရေတာ႕မဲ႕ ပုဂံျပည္႔ရွင္ အေနာ္ရထာမင္းဆိုတာ သူလံုးလံုး မေတြ႔ဖူး မသိခဲ႕ဖူးတဲ႕သူ.. မသိတဲ႕ သူေနာက္ကို ေယာင္ေနာက္ ဆံထံုးပါ လိုက္ပါသြားရေတာ႕မယ္။

မျမင္ဖူး မသိဖူးတဲ႕ သူတစ္ေယာက္ကို ခ်စ္ခင္ႏွစ္သက္ ျမတ္ႏိုးမႈေတြဟာ မင္းသမီး ေစာမြန္လွရဲ႕ ရင္ထဲမွာ ရွိေကာင္းမွ ရွိပါလိမ္႔မယ္။

ကိုယ္တစ္သက္လံုး ေနထိုင္ၾကီးျပင္းရာ စယ္လန္႕ ေမာရွမ္းေျမနဲ႕ မိသားစု ေဆြမ်ိဳးသားခ်င္းေတြကို စြန္႕ျပီး ေမြးရပ္ေျမနဲ႕ ေဝးလံလွတဲ႕ ပုဂံနန္းေတာ္ႀကီးဆီကို လိုက္ပါသြားရေတာ႕မဲ႕ ႏုနယ္ ငယ္ရြယ္ေသးသူ မိန္းခေလး တစ္ေယာက္ရဲ႕ ရင္ထဲမွာ ဘယ္ေလာက္ေတာင္မ်ား နာက်င္ ေၾကကြဲေနမလဲ ရယ္လို႕လည္း ေက်ာ္ကိုယ္ခ်င္းစာမိပါေသးတယ္။

ေစာမြန္လွ နန္းေတာ္ရာမွ ေတြ႔ျမင္ရသည့္ လြမ္းေမာဖြယ္ ေရႊလီျမစ္
မင္းသမီး ေစာမြန္လွတစ္ေယာက္ ထိုင္ျပီး ဟိုေဝးေဝးက ေတာင္တန္း ျပာျပာႀကီးေတြရယ္၊ ေငြေရာင္တစ္လက္လက္ ထေနတဲ႕ ေရႊလီျမစ္ျပင္ရယ္၊ စိမ္းလဲ႔ညီညာ ေနတဲ႕ လယ္ကြင္းျပင္ၾကီးေတြဆီကို ေငးေမာရင္း သူတစ္ေခါက္မွ မေရာက္ဖူး မသြားဖူးတဲ႔ ပုဂံေနျပည္ေတာ္ ခရီးအတြက္ ရင္ခုန္ စိတ္လႈပ္ရွားေနမလား၊

ဒါမွမဟုတ္ သူခ်န္ထားရစ္ခဲ႕ရေတာ႕မဲ႕ ဒီေျမ ဒီေရ ဒီေတာေတာင္ေတြကို လြမ္းဆြတ္ႏွေျမာေနမလား၊ သို႕တည္းမဟုတ္ မိသားစုေတြ ခ်စ္သူ ခင္သူေတြနဲ႕ ခြဲခြာရမွာေတာ႕မို႕ ေၾကကြဲ ဝမ္းနည္း ေနမလားရယ္လို႕ မွန္းဆ ၾကည္႕ခ်င္စရာရယ္ပါ။

ပုဂံဆိုတာလည္း ေမာရွမ္းတို႕ရဲ႕ ေတာင္တန္းႀကီးေတြနဲ႔က ေဝးကြာလြန္းလွတယ္မဟုတ္လား။

ေမြးရပ္ေျမကို ထားရစ္ခဲ႔ရျပီး ပုဂံေရႊနန္းေတာ္ႀကီးကို မိဖုရားတစ္ပါးအျဖစ္ ေရာက္သြားျပန္ေတာ႕ ဘုရင္ အေနာ္ရထာမင္းက ရွမ္းမင္းသမီးေလး ေစာမြန္လွကို ႏွစ္သက္ျမတ္ႏိုး ရွိလွေပမဲ႔ နန္းတြင္းထဲက အျခားေသာ မိဖုရားႀကီးနဲ႕ ေမာင္းမမိႆံေတြကို ေစာမြန္လွကို မလိုလား မႏွစ္သက္ ရွိၾကျပန္ပါတယ္။

အေနာ္ရထာမင္း အခ်စ္အခင္ ပ်က္ေအာင္ အမ်ိဳးမ်ိဳး ဂံုးတိုက္ၿပီး ေစာမြန္လွ မေကာင္းေၾကာင္းကို ေျပာၾကဆိုၾက တိုင္ၾက ေတာၾက လုပ္တာကို ခံၾကရပါတယ္။

နန္းတြင္းသူနဲ႕ အျခားေသာ မိဖုရားေတြရဲ႕ မလိုမုန္းထားကို ခံေနရရွာတဲ႕ တစ္ျပည္သူ ေစာမြန္လွဟာ နန္းေတာ္ထဲမွာလည္း ၾကည္သာရႊင္ပ် စိတ္ႏွလံုး ခ်မ္းျမႏိုင္မယ္ မထင္ပါဘူး။

အဲဒီအခ်ိန္မွာ မိမိရဲ႕ ေမြးရပ္ေျမနဲ႕ မိဘေတြကို ဘယ္ေလာက္မ်ား သတိရ တမ္းတေနမလဲဆိုတာ ခန္႕မွန္းၾကည္႕ႏိုင္ပါတယ္။

ပုဂံနန္းေတာ္ထဲ မေရာက္ခင္ကတည္းက ဗုဒၶဘာသာကို ယံုၾကည္သက္ဝင္ျပီးသူ ေစာမြန္လွဟာ နန္းေတာ္ထဲ ေရာက္ေတာ႕လည္း ဘာသာတရားကို အလြန္ အင္မတန္မွ ကိုင္းရႈိင္းသူ ျဖစ္ပါတယ္။

နန္းေတာ္ထဲမွာ စိတ္မခ်မ္းေျမ႕တိုင္း ဘာသာတရားကိုသာ လိုက္စားျပီး တရားကို လက္ကိုင္ထား ေအးခ်မ္းရာကို ရွာေဖြရင္း ေနေနခဲ႕ရသူပါ။

ငယ္စဥ္ေတာင္ေက်း ကေလးဘဝ ကတည္းက မိဘမ်ားရဲ႕ ဆိုဆံုးမမႈေၾကာင္႔ တရားဓမၼမွာ ေပ်ာ္ေမြ႕သူ ျဖစ္သလို သူမ ေမြးရပ္ေျမမွာ ကတည္းက ဝတ္ဆင္ခဲ႕တဲ႕ နားေတာင္းထဲမွာလည္း ဗုဒၶျမတ္စြာရဲ႕ ဓာတ္ေတာ္မ်ားကို ဌာပနာ ထားခဲ႕ပါတယ္။

အဲဒီ ဓာတ္ေတာ္ေတြဟာ ညအခ်ိန္မွာ ေရာင္ျခည္ေတာ္ ကြန္႕ျမဴးေတာက္ပေနတာကို စုန္းေတာက္စားတယ္ရယ္လို႕ အေနာ္ရထာမင္းထံ ဂံုးတိုက္တဲ႕အခါမွာေတာ႕ အေနာ္ရထာမင္းက ေစာမြန္လွကို ေနရပ္ကို ျပန္လိုက ျပန္ပါေတာ႕လို႕ ခြင္႕ျပဳလိုက္ပါတယ္။

နန္းေတာ္ထဲမွာ မိဖုရားေစာမြန္လွ မေပ်ာ္ပိုက္တာကို သိလို႕ ျပန္ခိုင္းလိုက္တာလား။ သို႕မဟုတ္ ဂံုးတိုက္စကားေတြကို ယံုစားလို႔ ျပန္ခိုင္းလိုက္တာလား ဆိုတာကိုေတာ႔ အေနာ္ရထာမင္းႀကီး ကိုယ္တိုင္မွသာ သိမယ္ ထင္ပါတယ္။

သို႕ေပမဲ႔ မိဖုရား ေစာမြန္လွဟာ စိတ္ႏွလံုး ပင္ပန္း ပူေဆြး ဝမ္းနည္းမႈေတြနဲ႕ ေမြးရပ္ေျမ ေမာရွမ္းဌာေနကို ျပန္လာခဲ႔တဲ႔ အျပန္လမ္း တစ္ေလွ်ာက္မွာလည္း ယခု မႏၱေလးျမိဳ႕အနီးက သူမနားမွာ ပန္ဆင္ထားတဲ႔ နားေတာင္းျပဳတ္က်ရာ “နားေတာင္းက်ေခ်ာင္း” နားမွာ ေရႊစာရံေစတီကို တည္ထားခဲ႕ပါေသးတယ္။

အဲဒီလို ေစတီတည္တာကို သိတဲ႔ အေနာ္ရထာမင္းႀကီးဟာ မိဖုရားေစာမြန္လွ တည္ထားခဲ႔တဲ႔ ေရႊစာရံေစတီ ေဘးပတ္လည္က ေျမ တာေပါင္းမ်ားစြာကို ဘုရားဝတၱကေျမအျဖစ္ လွဴဒါန္းေပးခဲ႔တာကို ၾကည္႕ျခင္းအားျဖင္႔ အေနာ္ရထာမင္းႀကီးဟာ မိဖုရား ေစာမြန္လွအေပၚမွာ ယတိျပတ္ စိတ္ျပတ္တာမ်ိဳး မဟုတ္ဘဲ ခ်စ္ခင္ ႏွစ္သက္မႈ ရွိေနဆဲဆိုတာ ခန္႕မွန္းၾကည္႔ႏိုင္ပါတယ္။

လမ္းခရီးမွာ စိတ္ႏွလံုးေၾကကြဲျပီး ေနထိုင္မေကာင္းျဖစ္ရွာတဲ႕ ေစာမြန္လွဟာ သီေပါျမိဳ႕မွာလည္း ေစတီတစ္ဆူတည္ထားခဲ႔ျပီး အဲဒီေစတီကို ေဘာ္ႀကိဳဘုရားလို႕ ေခၚတယ္လို႕ (ေဘာ္ႀကိဳဆိုတာ ေစာမြန္လွရဲ႕ အေဖလာၾကိဳတဲ႕ေနရာမို႕ ေဘာ္ႀကိဳဘုရားလို႕အမည္တြင္ေၾကာင္း) လူအမ်ားက ဆိုၾကေပမဲ႔ ေဘာ္ႀကိဳဘုရားဟာ သီရိဓမၼာ ေသာကမင္းႀကီး တည္ထားတဲ႕ဘုရားသာ ျဖစ္ေၾကာင္းလည္း အခ်ိဳ႕ေသာ မွတ္တမ္းမ်ားက ဆိုပါတယ္။

ႏွစ္ေပါင္း တစ္ေထာင္နီးပါး ရွိၿပီ ျဖစ္ေပမဲ႔ ေစာမြန္လွဟာ ရာဇဝင္ထဲမွာ ထင္ရွားဆဲပါ။ ရွမ္းလူမ်ိဳးတို႕ရဲ႕ ရင္ထဲ ႏွလံုးသားထဲမွာလည္း ေစာမြန္လွ တည္ရွိေနဆဲ ျဖစ္သလို ပုဂံရာဇဝင္ေတြနဲ႔ ရင္းႏွီးသူမ်ား ကလည္း ေစာမြန္လွကို သတိတရ ရွိေနၾကဆဲပါ။

ေစာမြန္လွအတြက္ ရည္စူးျပီး အလွဴဒါနမ်ား ၊ ပြဲလမ္း သဘင္မ်ားကိုလည္း ခုခ်ိန္ထိ က်င္းပေနဆဲျဖစ္ပါတယ္။

ေစာမြန္လွ ေမြးဖြားရာ နန္းေတာ္ေဟာင္း ေနရာမွာလည္း ေစာမြန္လွ အမွတ္တရ ေစတီအျပင္ ေစာမြန္လွအတြက္ နန္းေဆာင္နဲ႕အတူ ေစာမြန္လွရဲ႕ ရုပ္တုမ်ားကိုလည္း ထုလုပ္ပူေဇာ္ခဲ႔ပါတယ္။

သစ္ပင္ေတြ အုပ္အုပ္ဆိုင္းဆိုင္းနဲ႕ စိမ္းစို ညွိဳ႕မိႈင္းေနတဲ႔ စယ္လန္႕ေမာရွမ္း ေနျပည္ေတာ္ နန္းေတာ္ေဟာင္းေနရာဟာ လြမ္းခ်င္စရာေကာင္းလွသလို အတိတ္သမိုင္းကိုလည္း ျပန္ေျပာင္းသတိရခ်င္စရာ ေကာင္းလွပါတယ္။

ဒါေၾကာင္႔ ေက်ာ္ ကိုယ္တိုင္လည္း ေစာမြန္လွနန္းရွိရာ ေတာင္ကုန္းမို႕မို႕ေလးေပၚက ခံုတန္းလ်ားေလးမွာ ထိုင္ရင္း ျမင္ေနရတဲ႕ ေရႊလီျမစ္ႀကီးကို လြမ္းေမာစြာ ေငးေမာကာ အေတြးေရယဥ္ေတြဟာ တစ္သြင္သြင္နဲ႕ စီးဆင္းေနခဲ႔ဖူးပါတယ္။

ေစာမြန္လွရဲ႕နန္းေတာ္ေဟာင္းေနရာကိုေရာက္တိုင္း ေစာမြန္လွအေပၚအလိုလိုက္အႀကိဳက္ေဆာင္ျပီးခ်စ္ခင္ခဲ႔မဲ႔အေနာ္ရထာရယ္ ေမာင္ဘုရားကို အသက္ေသသည္အထိခ်စ္ခဲ႔ရွာတဲ႔ေစာမြန္လွရယ္ကိုေတြးတိုင္းေက်ာ္မ်က္ေရဝိုင္းခဲ႔ဖူးပါရဲ႕ေလ။

ေလးစားစြာျဖင့္
သဥၨာေက်ာ္


# Unicode Version ျဖင့္ ဖတ္ #
အနော်ရထာရဲ့မိုင်းမောဝ်ဧကရီ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးက စယ်လန့်ရွာလေးဟာ စောမွန်လှခေါ်မိုင်းမောဝ်ဧကရီရဲ့မွေးဖွားရာဇာတိလေးပါ။

စောမွန်လှ မွေးဖွားရာဇာတိဖြစ်တဲ့ စယ်လန့် ရွာကလေးဟာ အလွန်သာယာလှပြီး ပန်းတွေလည်း စုံလင်လှပါတယ်။

ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ ရွာဖြစ်ပြီး စယ်လန့်သူတွေ ချောတယ် ဆိုတာကတော့ ခုချိန်ထိ နာမည်ကြီး တုန်းဖြစ် ပါတယ်။

ချောမော လှပတဲ့ စယ်လန့်ရွာသူ တစ်ယောက်အကြောင်း ပြောပြရမယ်ဆိုရင် ပုဂံရာဇဝင်တွေ ထဲမှာပါတဲ့ အနော်ရထာမင်းကြီးရဲ့ မိဖုရားတစ်ပါး ဖြစ်ခဲ့သူ ရှမ်းမင်းသမီး စောမွန်လှကို ညွှန်ပြရမှာဖြစ်ပါတယ်။

စောမွန်လှမွေးဖွားရာ နန်းတော်ဟောင်းနေရာလေးဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ မဝေးလှတဲ့ စယ်လန့်ရွာကလေးဆီက သာယာလှတဲ့ တောင်ကုန်းလေးပေါ် တည်ရှိပါတယ်။

လွန်ခဲ့တဲ့နှစ် တစ်ထောင်ကျော်ခန့် ကတည်းက ကြီးကျယ် စည်ကားခဲ့တဲ့ မောရှမ်းဘုရင်တို့ စိုးစံခဲ့ရာ စယ်လန့်ရွာရှိ နန်းတော်ဟောင်းနေရာ ဟာ ခုချိန်မှာတော့ ဘုရားကျောင်းကန် စေတီပုထိုးတွေ တည်ထားပြီ ဖြစ်ပါတယ်။

မယ်ဇလီ ပင်တွေနဲ့ အုပ်ဆိုင်းညှို့မှိုင်းနေတဲ့ တောင်ကုန်းလေး ဟာလည်း သာသာယာယာ လည်း ရှိသလို လွမ်းစရာ ဆွေးစရာလည်း ကောင်းလှပါတယ်။

ဟိုးခပ်ဝေးဝေးက မှိုင်းညှို့ရီဝေနေတဲ့ တောင်တန်းပြာပြာတွေကို လွမ်းမောစဖွယ် ငေးကြည့်ရင်းနန်းတော်နဲ့ မလှမ်းမကမ်း ကနေ တိတ်ဆိတ်ညင်သာ ငြိမ်းချမ်းစွာ ရစ်ခွေ စီးဆင်းနေ တဲ့ ရွှေလီမြစ်ကြီး ကိုလည်း နေရော င်အောက် မှာ ငွေရောင်တွေ တလက်လက် တောက်ပနေတာကို လှမ်းမြင်နိုင်ပါသေးတယ်။

မြစ်ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျယ်ဝန်းပြန့်ပြူး လှတဲ့ မြေနုလွင်ပြင်တွေရှိပြီး ရှမ်းတောင်သူတွေရဲ့ လယ်ခင်းတွေ စိုက်ခင်းတွေ မျက်စေ့တစ်ဆုံး ရှုမဆုံးနိုင်အောင် စိမ်းလန်းစိုပြေစွာ တည်ရှိနေပါတယ်။

စောမွန်လှဟာ မောရှမ်း ကိုးပြည်ထောင်ကို အစိုးရတဲ့ (ရှမ်းဘုရင်) ရှမ်းစော်ဘွားကြီး တစ်ဦးရဲ့ သမီးတော်ဖြစ်ပြီးတော့ အင်မတန် လှပချောမောကာ အမျိုးသမီးကောင်း တိုရဲ့ ကြန်အင်လက္ခဏာ ကျက်သရေ အဖြာဖြာနဲ့ပြည့်စုံသူ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း တရုတ်ပြည်ကို စွယ်တော် သွားဖူးရာကနေ အပြန်မှာ စောမွန်လှတို့ နန်းတော်ရှိရာ ရွှေလီမြစ်အနီးက ရွာတစ်ရွာမှာ စခန်းချ နားနေတဲ့ အနော်ရထာ မင်းကြီးကို ရှမ်းစော်ဘွားကြီးက သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဆောင်အဖြစ် သမီးတော် စောမွန်လှကို ပဏ္ဏာဆက်လာခဲ့ပါတယ်။

ချောမောလှပ သိမ်မွေ့ပြီး အသားအရေ ညက်ညောဖြူစင်လှကာ သူမ မတ်တပ်ရပ်လိုက်ရင်တောင် အရပ်နဲ့ညီမျှအောင် ရှည်လျားလှတဲ့ ဆံနွယ်မည်းမည်း ခက်ခက်တွေကို ပိုင်ဆိုင်တဲ့ ရှမ်းမင်းသမီး စောမွန်လှကို အနော်ရထာမင်းကြီးက ရှမ်းစော်ဘွားကြီးရဲ့ လက်ဆောင်အဖြစ် မြတ်မြတ်နိုးနိုး သိမ်းပိုက်ပြီး ပုဂံရွှေနန်းတော်ဆီကို ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။

ပဒေသရာဇ် ခေတ်များဆီက နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ပဏ္ဍာဆက်ခံရတဲ့ ဘုရင့်သမီးတော်များ၊ နန်းတွင်းသူလေးများ မှာ ကိုယ်ပိုင် ခံစားချက်ဆိုတာကို လစ်လျူရှုလို့ နှင်းဆက်ခံရတဲ့ ဘုရင်ကိုသာ သခင်အဖြစ် သတ်မှတ်ပြီး လိုက်ပါသွားခဲ့ကြရပါတယ်။

အဲဒီလို မိမိ မွေးဖွားကြီးပြင်းလာရာ မောရှမ်းတောင်တန်းကြီးတွေကို စွန့်ခွာပြီး တစ်ပါးသူနောက်ကို လိုက်ပါသွားရတော့မယ် ဆိုတဲ့ စောမွန်လှရဲ့ ရင်ထဲမှာ ထိုခေတ် ထိုအခါက ဘယ်လိုများ ခံစားခဲ့ ရမှာပါလိမ့်လို့ ကျော် သူ့ရင်ထဲကို ဝင်ကြည့်ချင်မိသလို၊ သူ့ကိုယ်စားလည်း အတွေးတွေ ပွားမိရပါတယ်။

သူ လိုက်ပါသွားရတော့မဲ့ ပုဂံပြည့်ရှင် အနော်ရထာမင်းဆိုတာ သူလုံးလုံး မတွေ့ဖူး မသိခဲ့ဖူးတဲ့သူ.. မသိတဲ့ သူနောက်ကို ယောင်နောက် ဆံထုံးပါ လိုက်ပါသွားရတော့မယ်။

မမြင်ဖူး မသိဖူးတဲ့ သူတစ်ယောက်ကို ချစ်ခင်နှစ်သက် မြတ်နိုးမှုတွေဟာ မင်းသမီး စောမွန်လှရဲ့ ရင်ထဲမှာ ရှိကောင်းမှ ရှိပါလိမ့်မယ်။

ကိုယ်တစ်သက်လုံး နေထိုင်ကြီးပြင်းရာ စယ်လန့် မောရှမ်းမြေနဲ့ မိသားစု ဆွေမျိုးသားချင်းတွေကို စွန့်ပြီး မွေးရပ်မြေနဲ့ ဝေးလံလှတဲ့ ပုဂံနန်းတော်ကြီးဆီကို လိုက်ပါသွားရတော့မဲ့ နုနယ် ငယ်ရွယ်သေးသူ မိန်းခလေး တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက်တောင်များ နာကျင် ကြေကွဲနေမလဲ ရယ်လို့လည်း ကျော်ကိုယ်ချင်းစာမိပါသေးတယ်။

စောမွန်လှ နန်းတော်ရာမှ တွေ့မြင်ရသည့် လွမ်းမောဖွယ် ရွှေလီမြစ်
မင်းသမီး စောမွန်လှတစ်ယောက် ထိုင်ပြီး ဟိုဝေးဝေးက တောင်တန်း ပြာပြာကြီးတွေရယ်၊ ငွေရောင်တစ်လက်လက် ထနေတဲ့ ရွှေလီမြစ်ပြင်ရယ်၊ စိမ်းလဲ့ညီညာ နေတဲ့ လယ်ကွင်းပြင်ကြီးတွေဆီကို ငေးမောရင်း သူတစ်ခေါက်မှ မရောက်ဖူး မသွားဖူးတဲ့ ပုဂံနေပြည်တော် ခရီးအတွက် ရင်ခုန် စိတ်လှုပ်ရှားနေမလား၊

ဒါမှမဟုတ် သူချန်ထားရစ်ခဲ့ရတော့မဲ့ ဒီမြေ ဒီရေ ဒီတောတောင်တွေကို လွမ်းဆွတ်နှမြောနေမလား၊ သို့တည်းမဟုတ် မိသားစုတွေ ချစ်သူ ခင်သူတွေနဲ့ ခွဲခွာရမှာတော့မို့ ကြေကွဲ ဝမ်းနည်း နေမလားရယ်လို့ မှန်းဆ ကြည့်ချင်စရာရယ်ပါ။

ပုဂံဆိုတာလည်း မောရှမ်းတို့ရဲ့ တောင်တန်းကြီးတွေနဲ့က ဝေးကွာလွန်းလှတယ်မဟုတ်လား။

မွေးရပ်မြေကို ထားရစ်ခဲ့ရပြီး ပုဂံရွှေနန်းတော်ကြီးကို မိဖုရားတစ်ပါးအဖြစ် ရောက်သွားပြန်တော့ ဘုရင် အနော်ရထာမင်းက ရှမ်းမင်းသမီးလေး စောမွန်လှကို နှစ်သက်မြတ်နိုး ရှိလှပေမဲ့ နန်းတွင်းထဲက အခြားသော မိဖုရားကြီးနဲ့ မောင်းမမိဿံတွေကို စောမွန်လှကို မလိုလား မနှစ်သက် ရှိကြပြန်ပါတယ်။

အနော်ရထာမင်း အချစ်အခင် ပျက်အောင် အမျိုးမျိုး ဂုံးတိုက်ပြီး စောမွန်လှ မကောင်းကြောင်းကို ပြောကြဆိုကြ တိုင်ကြ တောကြ လုပ်တာကို ခံကြရပါတယ်။

နန်းတွင်းသူနဲ့ အခြားသော မိဖုရားတွေရဲ့ မလိုမုန်းထားကို ခံနေရရှာတဲ့ တစ်ပြည်သူ စောမွန်လှဟာ နန်းတော်ထဲမှာလည်း ကြည်သာရွှင်ပျ စိတ်နှလုံး ချမ်းမြနိုင်မယ် မထင်ပါဘူး။

အဲဒီအချိန်မှာ မိမိရဲ့ မွေးရပ်မြေနဲ့ မိဘတွေကို ဘယ်လောက်များ သတိရ တမ်းတနေမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

ပုဂံနန်းတော်ထဲ မရောက်ခင်ကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ပြီးသူ စောမွန်လှဟာ နန်းတော်ထဲ ရောက်တော့လည်း ဘာသာတရားကို အလွန် အင်မတန်မှ ကိုင်းရှိုင်းသူ ဖြစ်ပါတယ်။

နန်းတော်ထဲမှာ စိတ်မချမ်းမြေ့တိုင်း ဘာသာတရားကိုသာ လိုက်စားပြီး တရားကို လက်ကိုင်ထား အေးချမ်းရာကို ရှာဖွေရင်း နေနေခဲ့ရသူပါ။

ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက မိဘများရဲ့ ဆိုဆုံးမမှုကြောင့် တရားဓမ္မမှာ ပျော်မွေ့သူ ဖြစ်သလို သူမ မွေးရပ်မြေမှာ ကတည်းက ဝတ်ဆင်ခဲ့တဲ့ နားတောင်းထဲမှာလည်း ဗုဒ္ဓမြတ်စွာရဲ့ ဓာတ်တော်များကို ဌာပနာ ထားခဲ့ပါတယ်။

အဲဒီ ဓာတ်တော်တွေဟာ ညအချိန်မှာ ရောင်ခြည်တော် ကွန့်မြူးတောက်ပနေတာကို စုန်းတောက်စားတယ်ရယ်လို့ အနော်ရထာမင်းထံ ဂုံးတိုက်တဲ့အခါမှာတော့ အနော်ရထာမင်းက စောမွန်လှကို နေရပ်ကို ပြန်လိုက ပြန်ပါတော့လို့ ခွင့်ပြုလိုက်ပါတယ်။

နန်းတော်ထဲမှာ မိဖုရားစောမွန်လှ မပျော်ပိုက်တာကို သိလို့ ပြန်ခိုင်းလိုက်တာလား။ သို့မဟုတ် ဂုံးတိုက်စကားတွေကို ယုံစားလို့ ပြန်ခိုင်းလိုက်တာလား ဆိုတာကိုတော့ အနော်ရထာမင်းကြီး ကိုယ်တိုင်မှသာ သိမယ် ထင်ပါတယ်။

သို့ပေမဲ့ မိဖုရား စောမွန်လှဟာ စိတ်နှလုံး ပင်ပန်း ပူဆွေး ဝမ်းနည်းမှုတွေနဲ့ မွေးရပ်မြေ မောရှမ်းဌာနေကို ပြန်လာခဲ့တဲ့ အပြန်လမ်း တစ်လျှောက်မှာလည်း ယခု မန္တလေးမြို့အနီးက သူမနားမှာ ပန်ဆင်ထားတဲ့ နားတောင်းပြုတ်ကျရာ “နားတောင်းကျချောင်း” နားမှာ ရွှေစာရံစေတီကို တည်ထားခဲ့ပါသေးတယ်။

အဲဒီလို စေတီတည်တာကို သိတဲ့ အနော်ရထာမင်းကြီးဟာ မိဖုရားစောမွန်လှ တည်ထားခဲ့တဲ့ ရွှေစာရံစေတီ ဘေးပတ်လည်က မြေ တာပေါင်းများစွာကို ဘုရားဝတ္တကမြေအဖြစ် လှူဒါန်းပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် အနော်ရထာမင်းကြီးဟာ မိဖုရား စောမွန်လှအပေါ်မှာ ယတိပြတ် စိတ်ပြတ်တာမျိုး မဟုတ်ဘဲ ချစ်ခင် နှစ်သက်မှု ရှိနေဆဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

လမ်းခရီးမှာ စိတ်နှလုံးကြေကွဲပြီး နေထိုင်မကောင်းဖြစ်ရှာတဲ့ စောမွန်လှဟာ သီပေါမြို့မှာလည်း စေတီတစ်ဆူတည်ထားခဲ့ပြီး အဲဒီစေတီကို ဘော်ကြိုဘုရားလို့ ခေါ်တယ်လို့ (ဘော်ကြိုဆိုတာ စောမွန်လှရဲ့ အဖေလာကြိုတဲ့နေရာမို့ ဘော်ကြိုဘုရားလို့အမည်တွင်ကြောင်း) လူအများက ဆိုကြပေမဲ့ ဘော်ကြိုဘုရားဟာ သီရိဓမ္မာ သောကမင်းကြီး တည်ထားတဲ့ဘုရားသာ ဖြစ်ကြောင်းလည်း အချို့သော မှတ်တမ်းများက ဆိုပါတယ်။

နှစ်ပေါင်း တစ်ထောင်နီးပါး ရှိပြီ ဖြစ်ပေမဲ့ စောမွန်လှဟာ ရာဇဝင်ထဲမှာ ထင်ရှားဆဲပါ။ ရှမ်းလူမျိုးတို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာလည်း စောမွန်လှ တည်ရှိနေဆဲ ဖြစ်သလို ပုဂံရာဇဝင်တွေနဲ့ ရင်းနှီးသူများ ကလည်း စောမွန်လှကို သတိတရ ရှိနေကြဆဲပါ။

စောမွန်လှအတွက် ရည်စူးပြီး အလှူဒါနများ ၊ ပွဲလမ်း သဘင်များကိုလည်း ခုချိန်ထိ ကျင်းပနေဆဲဖြစ်ပါတယ်။

စောမွန်လှ မွေးဖွားရာ နန်းတော်ဟောင်း နေရာမှာလည်း စောမွန်လှ အမှတ်တရ စေတီအပြင် စောမွန်လှအတွက် နန်းဆောင်နဲ့အတူ စောမွန်လှရဲ့ ရုပ်တုများကိုလည်း ထုလုပ်ပူဇော်ခဲ့ပါတယ်။

သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ စိမ်းစို ညှို့မှိုင်းနေတဲ့ စယ်လန့်မောရှမ်း နေပြည်တော် နန်းတော်ဟောင်းနေရာဟာ လွမ်းချင်စရာကောင်းလှသလို အတိတ်သမိုင်းကိုလည်း ပြန်ပြောင်းသတိရချင်စရာ ကောင်းလှပါတယ်။

ဒါကြောင့် ကျော် ကိုယ်တိုင်လည်း စောမွန်လှနန်းရှိရာ တောင်ကုန်းမို့မို့လေးပေါ်က ခုံတန်းလျားလေးမှာ ထိုင်ရင်း မြင်နေရတဲ့ ရွှေလီမြစ်ကြီးကို လွမ်းမောစွာ ငေးမောကာ အတွေးရေယဉ်တွေဟာ တစ်သွင်သွင်နဲ့ စီးဆင်းနေခဲ့ဖူးပါတယ်။

စောမွန်လှရဲ့နန်းတော်ဟောင်းနေရာကိုရောက်တိုင်း စောမွန်လှအပေါ်အလိုလိုက်အကြိုက်ဆောင်ပြီးချစ်ခင်ခဲ့မဲ့အနော်ရထာရယ် မောင်ဘုရားကို အသက်သေသည်အထိချစ်ခဲ့ရှာတဲ့စောမွန်လှရယ်ကိုတွေးတိုင်းကျော်မျက်ရေဝိုင်းခဲ့ဖူးပါရဲ့လေ။

လေးစားစွာဖြင့်

သဉ္ဇာကျော်

No comments:

Post a Comment