Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, August 18, 2018

ျမဝတီၿမိဳ႕တြင္​ ၆ႏွစ္​-၁၀လအရြယ္​ သားမယားအျဖစ္​ျပဳက်င္​့ခံရသည္​့ သက္​ငယ္​မုဒိမ္​း မႈျဖစ္​ပြား

ကရင္​ျပည္​နယ္​၊ျမဝတီၿမိဳ႕တြင္​ မိဘႏွင္​့အတူ ​ေနၿပီး အရြယ္​မ​ေရာက္​​ေသးသည္​့ ၆ႏွစ္​-၁၀လ အရြယ္​၊ သမီးျဖစ္​သူအား မိဘႏွင္​့ ခင္​မင္​းရင္​းႏွီး၍ ​ေနအိမ္​သို႔ညအိပ္​တည္​းခို​ေန သည္​့ ဧည္​သည္​က သားမယားအျဖစ္​ျပဳက်င္​့

ခဲ့မႈအား မိခင္​ကတရားလိုျပဳလုပ္​ၿပီး ျမဝတီ ၿမိဳ႕မရဲစခန္​းသို႔ တိုင္​တန္​းခဲ့ရာ ျမဝတၿမိဳ႕မရဲစခန္​းက နယ္​ထိန္​းတပ္​ဖြဲ႔ဝင္​မ်ားျဖင္​့ သက္​ငယ္​ မုဒိမ္​းမႈက်ဴးလြန္​သည္​ဟု အစြပ္​စြဲခံရသူကို အခ်ိန္​မီထိန္​းသိမ္​း၍ အမႈျဖင္​့ ဆက္​လက္​စစ္​​ေဆးလွ်က္​႐ွိ​ေၾကာင္​း သတင္​းရ႐ွိသည္​။
ျဖစ္​စဥ္​မွာ အိမ္​႐ွင္​ျဖစ္​သူ နွင့္ခင္​မင္​ရင္​းႏွီးသူ မင္​း​ေက်ာ္​သည္​ ​ေနအိမ္​သို​ ့​ေရာက္​႐ွိတည္​းခိုၿပီး သံုးရက္​အၾကာ ၾသဂုတ္​လ ၁ဝရက္​​ေန႔ ညသန္​း​ေခါင္​ယံအခ်ိန္​ခန္​႔တြင္​ အရြယ္​မ​ေရာက္​​ေသးသည္​့ ၆ႏွစ္​-၁၀လအရြယ္​ သမီးျဖစ္​သူ မ ၏ျခင္​​ေထာင္​အတြင္​းသို႔ ဝင္​​ေရာက္​ကာ သားမယားအျဖစ္​ျပဳက်င္​့ၿပီး နင္​့အ​ေမနင္​့အ​ေဖျပန္​တိုင္​ပါက နင္​့ကို​ေရာင္​းစာမည္​၊ အိမ္​ကိုလည္​းမီး႐ိႈပစ္​မည္​ဟု ​ေျပာဆိုခဲ့​ေၾကာင္​း သမီးျဖစ္​သူ၏ မိန္​းမအဂၤါမွာ အရမ္​းနာက်င္​​ေနၿပီး ​ေရ​ေဆးလွ်င္​လည္​း နာက်င္​​ေန​ေၾကာင္​း မိခင္​ျဖစ္​သူ ​ေဒၚ ကို သမီးျဖစ္​သူ မက ​ေျပာျပသိ႐ွိရ၍ ၾသဂုတ္​လ ၁၁ရက္​​ေန႔တြင္​ ျမဝတီျမိဳ ့မရဲစခန္​းသို႔လာ​ေရာက္​ကာ အရြယ္​မ​ေရာက္​​ေသးသည္​့သမီးျဖစ္​သူအား သားမယားအျဖစ္​ျပဳက်င္​့ခဲ့သူ မင္​း​ေက်ာ္​အား အမႈဖြင္​့အ​ေရးယူ​ေပးရန္​ လာ​ေရာက္​တိုင္​းတန္​းခဲ့သည္​့ သက္​ငယ္​မုဒိမ္​းမႈျဖစ္​​ေၾကာင္​းၾသဂုတ္​လ ၁၃ရက္​​ေန႔က ျမဝတီၿမိဳ႕မရဲစခန္​းမွ သိရသည္​။

ထို႔​ေၾကာင္​့ ​ေဒၚ ၃၉-နွစ္​မွ အရြယ္​မ​ေရာက္​​ေသးသည္​့ သမီးျဖစ္​သူအား သားမယာအျဖစ္​ျပဳက်င္​့ခဲ့သူ မင္​း​ေက်ာ္​ ၃၂ နွစ္​အိုးဖိုစု​ေက်းရြာ၊လက္​ပံတန္​းၿမိဳ႕နယ္​​ေနသူကိုအ​ေရးယူ​ေပးရန္​ တရားလိုျပဳလုပ္​တိုင္​တန္​းခဲ့သျဖင္​့ ျမဝတီၿမိဳ႕မရဲစခန္​းက(ပ)၆၈၅/၂၀၁၈၊ ရာဇသတ္​ႀကီးပုဒ္​မ ၃၇၆ ျဖင္​့အမႈဖြင္​့အ​ေရးယူထားၿပီး သက္​ငယ္​မုဒိမ္​းမွဳက်ဴးလြန္​သည္​ဟု အစြပ္​စြဲခံရသူ မင္​း​ေက်ာ္​အား ျမဝတီၿမိဳ႕မရဲစခန္​းမွ နယ္​ထိန္​း​ေခါင္​း​ေဆာင္​ ရဲအုပ္​​ေအာင္​ခ်မ္​းမြန္​ဦးစီးအဖြဲ႔ ျဖင္​့အခ်ိန္​မီ ထိန္​းသိမ္​းကာ အမႈျဖင္​့ဆက္​လက္​စစ္​​ေဆးလွ်က္​႐ွိ​ေၾကာင္​း သတင္​းရ႐ွိသည္​။
မင္​းသူ(ဘားအံ)

Unicode Version
ကရင်ပြည်နယ်၊မြဝတီမြို့တွင် မိဘနှင့်အတူ နေပြီး အရွယ်မရောက်သေးသည့် ၆နှစ်-၁၀လ အရွယ်၊ သမီးဖြစ်သူအား မိဘနှင့် ခင်မင်းရင်းနှီး၍ နေအိမ်သို့ညအိပ်တည်းခိုနေ သည့် ဧည်သည်က သားမယားအဖြစ်ပြုကျင့်

ခဲ့မှုအား မိခင်ကတရားလိုပြုလုပ်ပြီး မြဝတီ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ မြဝတမြို့မရဲစခန်းက နယ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် သက်ငယ် မုဒိမ်းမှုကျူးလွန်သည်ဟု အစွပ်စွဲခံရသူကို အချိန်မီထိန်းသိမ်း၍ အမှုဖြင့် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ နှင့်ခင်မင်ရင်းနှီးသူ မင်းကျော်သည် နေအိမ်သို့ရောက်ရှိတည်းခိုပြီး သုံးရက်အကြာ သြဂုတ်လ ၁ဝရက်နေ့ ညသန်းခေါင်ယံအချိန်ခန့်တွင် အရွယ်မရောက်သေးသည့် ၆နှစ်-၁၀လအရွယ် သမီးဖြစ်သူ မ ၏ခြင်ထောင်အတွင်းသို့ ဝင်ရောက်ကာ သားမယားအဖြစ်ပြုကျင့်ပြီး နင့်အမေနင့်အဖေပြန်တိုင်ပါက နင့်ကိုရောင်းစာမည်၊ အိမ်ကိုလည်းမီးရှိုပစ်မည်ဟု ပြောဆိုခဲ့ကြောင်း သမီးဖြစ်သူ၏ မိန်းမအင်္ဂါမှာ အရမ်းနာကျင်နေပြီး ရေဆေးလျှင်လည်း နာကျင်နေကြောင်း မိခင်ဖြစ်သူ ဒေါ် ကို သမီးဖြစ်သူ မက ပြောပြသိရှိရ၍ သြဂုတ်လ ၁၁ရက်နေ့တွင် မြဝတီမြို့မရဲစခန်းသို့လာရောက်ကာ အရွယ်မရောက်သေးသည့်သမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့သူ မင်းကျော်အား အမှုဖွင့်အရေးယူပေးရန် လာရောက်တိုင်းတန်းခဲ့သည့် သက်ငယ်မုဒိမ်းမှုဖြစ်ကြောင်းသြဂုတ်လ ၁၃ရက်နေ့က မြဝတီမြို့မရဲစခန်းမှ သိရသည်။

ထို့ကြောင့် ဒေါ် ၃၉-နှစ်မှ အရွယ်မရောက်သေးသည့် သမီးဖြစ်သူအား သားမယာအဖြစ်ပြုကျင့်ခဲ့သူ မင်းကျော် ၃၂ နှစ်အိုးဖိုစုကျေးရွာ၊လက်ပံတန်းမြို့နယ်နေသူကိုအရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မြဝတီမြို့မရဲစခန်းက(ပ)၆၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်သည်ဟု အစွပ်စွဲခံရသူ မင်းကျော်အား မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ချမ်းမွန်ဦးစီးအဖွဲ့ ဖြင့်အချိန်မီ ထိန်းသိမ်းကာ အမှုဖြင့်ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
မင်းသူ(ဘားအံ)

No comments:

Post a Comment