အလောင်းစည်သူမင်းတွင် သားတော် (၂) ပါးဖြစ်သော မင်းရှင်စောနှင့် နရသူတို့အနက် နရသူသည် သားငယ်ဖြစ်သည်။ အလောင်းစည်သူ မင်းအား ပဋိက္ခရားမင်းမှ သမီးတော် ဆက်သခဲ့ဖူးသည်။ တစ်နေ့တွင် မင်းရှင်စောသည် ခမည်းတော်အား လာရောက်ကန်တော့ သောအခါ ပလ္လင်ထက်တွင် ပဋိက္ခရားမိဖုရား ပလ္လင်ပေါ်အတူ ထိုင်နေသည် ကို မြင်သော် စိတ်ထဲအောင့်သက်သက် ဖြစ်ကာ မကန်တော့ဘဲ ပြန်ထွက်ခွာ သွားပြီး ယခုမန္တလေး ထွန်တုံးရပ်ကွက်ခန့်တွင် နောက်လိုက် နောက်ပါများနှင့် မင်းပြု၍ နေလေသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy2kkYYX_h0wK1saX6T6IlMisSJj3DfLsDVr1aoM8qVTSMsSmpR94t5Qra2OiE3M871fUNg1v_Xq7Q-M0QbyhtAeugI5dvjkU1OnjdtKUK5E_oKEbbgsE6OY2o8cr2AbXeLK6jBdoYJIfe/s320/47150954_2173013842947104_3504658945207697408_n.jpg)
အသက်ရွယ်တဖြေးဖြေး ကြီးရင့်လာသော အလောင်းစည်သူမင်း သည် နာမကျန်း ဖြစ်လာလေသော် နရသူသည် နန်းတော်ဦးရှိ ရွှေဂူကြီးဘုရားသို့ ဖခင်၏ နောက်ဆုံးခရီးအား ဘုရားဖူးစေရန်ဟု လှည့်စားကာ ခေါ်ဆောင်သွား ခဲ့သည်။ အလောင်းစည်သူ သတိပြန်လည်၍မေးသော် ရွှေဂူကြီးဘုရားပေါ်သို့ ရောက်နေကြောင်း ပြန်ဖြေလေ သည်။
နရသူသည် ဖခင်ပြန်လည် ကျန်းမာလာလျှင် ဘုရင်ဖြစ်ခွင့်အတွက် ခမည်းတော်နှင့် နောင်တော်တို့ ၏ အတားဆီးများမလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်၍ နန်းတက်ခွင့်ကို ဆက်လက် စောင့်နေရမည်ကို စိတ်မရှည်တော့ဘဲ ဖခင်အား ထိုဘုရားပေါ် တွင် ခေါင်းအုံးဖြင့်ဖိသတ်သဖြင့် အလောင်းစည်သူမင်း နတ်ရွာစံလေသည်။
ရှင်အရဟံ၏နေရာကို ဆက်ခံသော ပံ့သကူမထေရ်က ပြင်းပြင်းထန်ထန် ပြစ်တင်လေသည်။ ထိုသတင်းသည် မင်းရှင်စောထံ ရောက်သွားရာ မင်းရှင်စောလည်း ပုဂံသို့အလုံးရင်းဖြင့် စစ်ချီလာ လေသည်။ ထိုအခါ နရသူသည် ကြောက်ရွံ့လွန်းလှ သဖြင့် ပံ့သကူမထေရ်ထံသွား ရောက်ပြီး အစ်ကိုအား စစ်မတိုက်ဘဲ ထီးနန်းလွှဲအပ်ပေးကာ မိမိအမှားအား ဝန်ချတောင်းပန်ပါမည်ဟု ဖြောင့်ဖျပေးပါရန် အရှင်မြတ်အား တိုးလျိုး တောင်းပန် သည်။ မထေရ်လည်း မင်းရှင်စောအား ဖြောင့်ဖျပေးကာ နန်းအပ်ပေးပြီး နရသူက ညစာစားပွဲ ပြုလုပ်ပေးသည်။
နရသူသည် ထိုညစာစားပွဲတွင် အကိုအား အဆိပ်ခတ် လိုက်သဖြင့် မင်းရှင်စော သေလေသည်။ ဤတွင် ပံ့သကူမထေရ် မြတ်က "လောကတွင် သင်လောက်မိုက်သော သူမရှိ" ဟုဆိုကာ သီရိလင်္ကာသို့ ကြွသွားခဲ့ လေသည်။ ကျ နရသူသည် ရဟန်းသံဃာတို့အား နောက်လိုက်နောက်ပါ ရှိ၍ ထီးနန်းလုယူမည်လောဟု သံသယစိတ်ဖြင့် ၎င်း၏ မောင်းမများအား ရင်ကွဲ၊ အခွဲထဘီဝတ်စား ဖြားယောင်း စေသည်။ နရသူသည် မင်းဖြစ်သွားပြီး နောက် ရက်စက် ကြမ်းကြုတ် စွာအုပ်ချုပ်ရင်း မိမိအတိတ်က ပြုလုပ်မိ ခဲ့သော မဟာ အမှားများကြောင့် နေမထိထိုင်မသာ ခြောက်အိပ်မက် တို့ မက်လာသည်။
သုန်မုန်စွာဖြင့်နေထိုင်ရင်း မိမိမှားပြီဟု နောင်တကြီးစွာ ရလာလေသဖြင့် နောက်ဆုံးဓမ္မရံကြီးဘုရားအား (1170) ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ဘုရား အဆောက်အဦးအတွက် အရေးကြီးသဖြင့် နရသူ ကိုယ်တိုင် ကြပ်မတ် စစ်ဆေးသည်။ ။ ဘုရားအုတ်စီ လက်ရာ ကောင်းမွန်လွန်းပြီး အုတ်တစ်ချပ် နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြသည်။
နွားနို့ကို ရေအစားအသုံးပြုခဲ့သည်ဟု ပညာရှင်တို့က ယူဆသည်။
ဆင်းတုများ
-----------
အနောက်ဖက်အာရုဏ်ခံအတွင်းတွင် ဆင်းတု (၂)ဆူ ထားရှိသည်။ ၎င်းသည် နရသူမှ ဖခင်နှင့်အကိုအား သတ်မိပြီး နောင်တရကာ ဝန်ချတောင်းပန်ပြီး တည်ထား သည်ဟု ဆိုသည်။ ထိုဆင်းတု (၂) ဆူ၏ နောက် ဂန္ဓကုဋိ တိုက်အဝင်ဝတွင် မျက်နှာပြင်ကြက်ခြေခတ်ပါ ကျောက်တုံးထားရှိသည်။ ၎င်းကို ပန်းရံဆရာများကို လက်ဖြတ်သည့် ကျောက်တုံးဟု ဆိုကြသည်။ အမှန်မှာ ထိုကျောက်တုံးသည် တံခါးတပ်ရာတွင် သံကွင်းအား ချုပ်ကာ နံရံအတွင်း မြှပ်ရန် တံခါးကွင်း ချုပ်ကျောက် သာဖြစ်သည်။
နရသူသည် ဖခင်အလောင်းစည်မင်းအား ဆက်သသည့် ပဋိက္ခရားမင်းသမီးကို သိမ်းပိုက်သည်။ နရသူသည် သန့်သက်ရေ ( အခင်းကြီးသွားပြီး ) မဆောင်သဖြင့် ရွံရှာ၍ မင်းသမီးက မခစားခြင်းကို ကွက်မျက်သည်။ ပဋိက္ခရားပြည် ကုလားမင်းကြားသိ၍ ကုလားသူရဲရှစ်ယောက်ကို ပုဏ္ဏားယောင်ဆောင်စေကာ လုပ်ကြံစေသည်။ နရသူကို ကုလားကျမင်းဟုလည်း ခေါ်လေသည်။
နရသူအနီးရှိ ကိုယ်ရံတော်များ အဆင်သင့်မဖြစ်မှီ ၊ လက်မဦးမှီ၊ ဓားမရံမှီ လုပ်ကြံသည်ကို အစွဲပြု၍ "ဓားမရံမှီ" ထိုမှ ဓမ္မရံကြီးဟု ခေါ်ဆိုခဲ့သည်။ ။ ဘုရား၏ အနောက်မြောက်ထောင့် အနီး တွင် အဆောက်အဦးတွင် ဓမ္မရံသီ ဆရာတော် သတင်းသုံးခဲ့သည်ဟု ကျောက်စာတွင် ဖော်ပြသည်။ ထို ဘုန်းကြီးကိုအစွဲပြုကာ ဓမ္မရံသီ ဘုရား ထိုမှ ဓမ္မရံကြီးဘုရားဟု အမည်တွင်ခဲ့သည်ဟုလည်း အဆိုရှိသည်။
ဓမ္မရံကြီးဘုရားတွင် အထူးဆန်းဆုံးမှာ အတွင်းလှိုင်ပတ်လမ်း ပိတ်ထားခြင်းဖြစ်သည်။ အဘယ် ကြောင့်ပိတ်ခဲ့သနည်းဆိုသည်ကား ပဟေဠိ ဆန်လွန်း သဖြင့် မည်သူမျှ မသိနိုင်ချေ။ ၎င်းကို ဘာသာရပ်ဆိုင်ရာ ပညာရှင်များက အမျိုးမျိုး သုံးသပ်ကြသည်။
သမိုင်းရှု့ထောင့်
------------------
- နရသူသည် ဖခင်သတ်ခဲ့၍ စိတ်မကြည်မသာဖြစ်ကာ ထိုအတွင်းလှိုင်ပတ်လမ်းကို ပိတ်ပစ်သည်။
- ထာပနာများထည့်သွင်း၍ ပိတ်ပစ်သည်။
နည်းပညာရှု့ထောင့်
----------------------
- ထုထည်အလွန်ကြီးမားသဖြင့် အပေါ်ဝိတ် ကြီးမားလာသည်။ ထို့အတွက် မဏ္ဍိုင်ကို အားဖြည့်ရန် လိုအပ်သဖြင့် ဝမ်းစာဖြည့်သဘောဖြင့် အတွင်းလှိုင်ပတ် လမ်းကို ပိတ်ကာ မဏ္ဍိုင်ကိုအားဖြည့်ပေးသည်။
စသည်ဖြင့် ဥာဏ်မမှီနိုင်ပဲ မရေရာသော ထင်မြင်ချက် များဖြင့်သာ လှိုင်ပတ်လမ်း အပိတ်က ထူးဆန်းစွာ တည်ရှိနေလျက်ရှိသည်။
ငredit0rg
#MinGyi
No comments:
Post a Comment