Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 6, 2018

မီဒီယာသမားများသို့ မေးခွန်းများ


...............................................
နေပူတော်ထိပ်သီးဆွေးနွေးပွဲမှာ
ပထွေးတော် ကာပုတက်ဖို့ပျက်ကွက်ခဲ့တဲ့အကြောင်း
သတင်းရေးဖူးလား။
😀

ကိုယ့်ကိုကိုယ်ဖော်မသူတော်ဆိုတဲ့
စရိတ်ငြိမ်းထောက်ခံပွဲတွေအကြောင်း
ဝေဖန်ခဲ့ဘူးလား။
😀
နိုင်ငံတော်လျို့ဝှက်ချက်နဲ့ အပြစ်ပေးခံရတဲ့
ဘဝတူသတင်းသမားတွေအတွက်
ထောက်ခံကူညီခဲ့ဘူးလား။:
😀
ငြိမ်းချမ်းရေးအတွက်
ပြည်တွင်းစစ်တရားခံ ငပွကြီးကို
ပြစ်တင်ဝေဖန်ဘူးရဲ့လား ။: 😀
သာ/ထွန်း/ပြန့် အတွက်
ပါရာဇိတကျမယ့် သင်္ဃန်းဝတ်တွေအကြောင်း
ဆောင်းပါးရေးဘူးသလား။ 😀
တိုင်းရင်းသားဒေသတွေက
စစ်ဘေးရှောင်တွေအတွက်
စာနာထောက်ထားဘူးလား။ 😀
ငါးလောင်းပြိုင်အစ
ဦးကိုနီ၊ အလယ်
လေးလောင်းပြိုင်အဆုံး
ဆန်းကြယ်သော လူသတ်မှုတွေအတွက်
ထင်မြင်ချက်ပေးရဲလား။
😀
ဖြိုးကိုကိုတင့်ဆန်းနဲ့ စိုးထွန်းရှိန်အမှုမှာ
အမှန်တရားအတွက် ဖော်ထုတ်ရဲလား ။ 😀
မြန်မာပြည်ဓားလွယ်ခုတ်ပိုက်လိုင်းနဲ့
မြစ်ဆုံအစတရားခံတွေအကြောင်း
ရေဆုံးရေဖျားလိုက်ဘူးးလား၊
အညာရဲ့အသည်းနှလုံး
ကြေးစင် လက်ပတောင်း စပ္ပါယ်တောင်ရဲ့
သင်္ခါရကို ခရေစေ့တွင်းကျဖော်ပြဘူးလား ။
😀
ဖြေရှင်းနေရဆဲ
လက်ရှိအသိမ်းဆည်းခံမြေယာပြသနာရဲ့
တရားခံအစစ်ကို လက်ညိုးထိုးပြစ်တင်ဘူးလား ၊
😀
ကြားဖြတ်မှာ ယုတ္တိယုတ္တာကင်းတဲု့
ကြိုတင်မဲတွေအကြောင်း
သတင်းဖော်ပြဘူးသလား။
😀
နောက်ဆုံး....
ကုန်ကုန်ပြောရရင်
လက်ရှိနိုင်ငံရေးပြသနာ အရင်းအမြစ်ဖြစ်တဲ့
2008 ခြေအုကို ပယ်ဖျက်ဖို့
ကလောင်အားကိုးနဲ့ တိုက်တွန်းဆော်သြဘူးရဲ့လား။
ဆန့်ကျင်တော်လှန်ရဲပါ့မလားးး.
Kyaw Soe Moe


No comments:

Post a Comment