Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 2, 2017

သတင်းစာဆရာတွေ ဥပဒေ အထက်မှာရှိသူ အခွင့်ထူးခံတွေ မဟုတ်ဟု NLD အစိုးရပြောပြီ


သတင်းစာဆရာတွေ ဥပဒေရဲ့ အထက်မှာ ရှိသူတွေ၊ အခွင့်ထူးခံတွေ မဟုတ်ဘူးလို့ NLD အစိုးရက
 ပြောကြားလိုက်ပါတယ်။

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အစိုးရအာဘော်ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကနေ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ သတင်းစာဆရာတွေအနေနဲ့ နိုင်ငံနဲ့ လူမျိုးအတွက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။

ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကိုတော့ မနက် ၁၀ နာရီအချိန်မှာ ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအခမ်းအနားကို NLD အစိုးရအဖွဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့တာဖြစ်ပါတယ်။
MCN

No comments:

Post a Comment