Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 23, 2018
ဇီးပင်ကြီးနဲ့ပတ်သက်ပြီး ဆရာမတစ်ဦးရဲ့ ရင်ဖွင့်ချက်..
BBC.VOAရန်တိုက်ပေးနေသည်တို့
ရာထူးမတိုးဘူးဘာညာဖိအားတွေတအားပေးလာတာနဲ့၂၀၀၀ခုနှစ်အပတ်စဉ်၇မှာတက်စရာလူမကျန်သလောက်ဖြစ်ပြီးငြင်းမရတော့လို့တက်ခဲ့ရတာပါ
တက်တဲ့အခါမှာ
Brain Stromingဥာဏ်ဖွင့်သင်ကြားမှု
လိုအပ်လို့ပြောမိရင်ကိုယ်နဲ့ကိုယ့်မိသားစုအပေါ်ကျလာမဲ့အန္တရာယ်ဆိုးနဲဆင်းရဲဒုက္ခတွေကိုကျြမတို့ပြည်သူအားလုံးကြောက်ကြပါတယ်
အဲဒီ၂၀၀၀ခုနှစ်အချိန်အခါဟာကျောင်းသုံးစာအုပ်တွေမှောင်ခိုဈေးကွက်အကောင်းဆုံးအချိန်မှာအစိုးရကျောင်းတွေမှာသူငယ်တန်းကစလို့၁၀တန်းအထိဖတ်စာအုပ်ဝယ်မရပေမဲ့ဈေးထဲမှာအပုံလိုက်ရောင်းနေကြတာပေါ့
  •  ဒေါက်တာမဉ္ဇူသင်းရေးလာတဲ့စာ(ဗဟိုဝန်ထမ်းတက္ကသိုလ်က... ဗိုလ်ချုပ်အောင်ဆန်းကိုတောင် အလေးမပြုခဲ့ဘူးတဲ့)
  • ဇီးပင်ကြီး စစ်တမ်း ( အပိုင်း တစ် )
  • ဇီးပင်ကြီး စစ်တမ်း ( အပိုင်း နှစ် ) ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း
  • ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး ) ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း
  • ကျွန်မကပညာရေးဝန်ထမ်းပါ။
    လုပ်သက်၃၀ကျော်မှာစနစ်ဆိုးရဲ့ခါးသီးမှုတွေကြုံခဲ့ရတာတော့ပြည်သူတွေကြားထဲကပြည်သူတစ်ယောက်အနေနဲ့ပြောစရာမလိုအောင်သိခဲ့ကြပြီးသားတွေဖြစ်ကြပါလိမ့်မယ်။
    ဆရာ/ဆရာမတွေအားလုံးဟာဒီဇီးပင်ကြီးအထူးမွမ်းမံသင်တန်းကိုတက်ကြရတာပါ
    သူတို့ပိုချတဲ့အကြောင်းအရာတွေကလဲဝန်ထမ်းအားလုံးသိကြပြီးသားပါ။အဲဒီအချ်ိန်တွေကတော့ယျေဘူယျအနေနဲ့ပြောရင်လက်နက်နဲ့ငြိ်မ်းချမ်းရေးလဲလှယ်တာတွေ
    မိုးလုံးပြည့်မုသာဝါဒတွေ
    BBC.VOAရန်တိုက်ပေးနေသည်တ်ုိ့
    ဒို့တာဝန်အရေးသုံးပါးတို့ဘာတို့
    သူများမကောင်းကိုယ်သာစေတနာမှန်ကြောင်းတွေပေါ့
    အစပိုင်းမှာမတက်ချင်လို့ရှောင်နေခဲ့ပေမဲ့မတက်ရင်ပြောင်းရွှေ့ခံရမယ်
    ရာထူးမတိုးဘူးဘာညာဖိအားတွေတအားပေးလာတာနဲ့၂၀၀၀ခုနှစ်အပတ်စဉ်ရမှာတက်စရာလူမကျန်သလောက်ဖြစ်ပြီးငြင်းမရတော့လို့တက်ခဲ့ရတာပါ
    တက်တဲ့အခါမှာ
    အခုDr.စိုးသူရဇော်ပြောတဲ့အတိုင်းပါဘဲ။
    ဆရာတိုင်းဟာကလေးတွေကိုသင်တဲ့အခါ
    Brain Stromingဉာဏ်ဖွင့်သင်ကြားမှု
    Think,pair and shareတွေးတွဲမျှဝေသင်ကြားမှုတွေdiscussionလုပ်ပြီးသင်ချင်ကြတာပါ
    ဒါပေမဲ့ဆရာတွေရောဝန်ထမ်းအားလုံးရောပါမယ်ထင်ပါတယ်။ဘာမှပြန်ပီးဆွေးနွေးခွင့်မရ
    သူတို့ပြောတာမှိတ်ကြိတ်နားထောင်နေရတာပါ
    လိုအပ်လို့ပြောမိရင်ကိုယ်နဲ့ကိုယ့်မိသားစုအပေါ်ကျလာမဲ့အန္တရာယ်ဆိုးနဲဆင်းရဲဒုက္ခတွေကိုကြျမတို့ပြည်သူအားလုံးကြောက်ကြပါတယ်
    အဲဒီ၂၀၀၀ခုနှစ်အချိန်အခါဟာကျောင်းသုံးစာအုပ်တွေမှောင်ခိုစျေးကွက်အကောင်းဆုံုးအချိန်မှာအစိုးရကျောင်းတွေမှာသူငယ်တန်းကစလို့၁၀တန်းအထိဖတ်စာအုပ်ဝယ်မရပေမဲ့စျေးထဲမှာအပုံလိုက်ရောင်းနေကြတာပေါ့
    ကျွန်မအနေနဲ့ဇီးပင်ကြီးသင်တန်းဖွင့်ပွဲမှာဗိုလ်ချုပ်ကြီးခင်ညွန့်ကိုအဲဒိစာအုပ်အခက်အခဲရှိပါတယ်လို့တင်ပြမိတာ
    အခြေခံပညာညွှန်ချုပ်(မိုးကျရွှေကိုယ်)က၂နာရီကျော်ခေါ်ယူဆွေးနွေးခံခဲ့ရပါတယ်။
    ကျွန်မကိုထုချေလွှာရေးတင်ခိုင်းပါတယ်
    အဲဒါတောင်ကျွန်မကိုစစ်တဲ့ညွှန်ကြားရေးမှူးကဆရာဘဝကလာတဲ့ခံစားချက်တူတဲ့ဆရာကြီးဖြစ်နေလို့ကျမသက်သာခဲ့ရတာပါ
    ဘာမှရလဒ်ကောင်းမရှိနိုင်တဲ့ဝါဒမှိုင်းသွင်းရုံသက်သက်နဲ့တော့ပြည်သူ့ဘဏ္ဍာဆုံးရှုံးခံပြီးမလုပ်သင့်တော့ပါဘူး။
    Dr.စိုးသူရဇော်ကိုထောက်ခံပါတယ်
    ဆရာမ ဒေါ်ဝေဝေလွင် Wai Lwin
    No comments:
    Post a Comment