Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 28, 2018

မနက္စာမစားခင္ ၾကက္သြန္ျဖဴ နဲ႔ ပ်ားရည္ကို တြဲစားေပးျခင္းရဲ့ အက်ိဳးေက်းဇူးေတြ

Honey and Garlic

မနက္အိပ္ယာထၿပီး မနက္စာမစားရေသးခင္မွာ ၾကက္သြန္ျဖဴနဲ႔ ပ်ားရည္ကိုတြဲၿပီးစားေပးရင္ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြ ရွိေနပါတယ္။ သူတို႔ႏွစ္ခုလံုးမွာ Antibiotic ေတြပါ၀င္ၿပီး ကိုယ္ခံအားစနစ္ကိုျမင့္တင္ေပးပါတယ္။

ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစျခင္း
ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။ မနက္ပိုင္းအစာမစားခင္ ၾကက္သြန္ျဖဴကို ပ်ားရည္နဲ႔ တြဲစားေပးရင္ Gastric အရည္ေတြထုတ္ေပးၿပီး သံဓာတ္စုပ္ယူမႈကို အားေကာင္းေစပါတယ္။ ဒါ့အျပင္ ဗီတာမင္နဲ႔ သတၱဳဓါတ္ၾကြယ္၀လို႔လည္း ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။

ၾကက္သြန္ျဖဴကိုဘာလို႔စားသင့္လဲ။

အသားအေရအတြက္ေကာင္းမြန္ျခင္း
Antioxidant ၾကြယ္၀စြာပါ၀င္လို႔ ဆဲလ္ေတြကို ျပန္လည္ႏုပ်ိဳေစသလို အသားအေရကိုလည္း ၾကည္လင္ေစပါတယ္။

ဘက္တီးရီးယားေတြကို ကာကြယ္ေပးျခင္း
ကိုယ္ခံအားစနစ္ေကာင္းမြန္ေစလို႔ မျမင္ႏိုင္တဲ့ ဘက္တီးရီးယားပိုးမႊားေတြကို ကာကြယ္တိုက္ထုတ္ေပးႏိုင္ပါတယ္။

ပ်ားရည္ဘာလို႔စားသင့္လဲ
ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးပါတယ္
ပ်ားရည္က ခ်ိဳလို႔ ကိုယ္အေလးခ်ိန္မေလွ်ာ့ခ်ေပးႏိုင္ဘူးလို႔ မထင္လိုက္ပါနဲ႔ေနာ္။ ၾကက္သြန္ျဖဴနဲ႔ တြဲစားလုိက္ရင္ သင့္ရဲ့ အစားအလြန္အကၽြံစားခ်င္တဲ့စိတ္ကို ထိန္းေပးၿပီး ဗိုက္ကိုေရာင့္ရဲ တင္းတိမ္ေစပါတယ္။ စိတ္ဖိစီးမႈကိုလည္း ေလွ်ာ့က်ေစၿပီး ေဟာ္မုန္းကိုညီမွ်ေစပါတယ္။

နာက်င္ကိုက္ခဲမႈကို သက္သာေစျခင္း
ေခါက္တစ္ျခမ္းကိုက္ျခင္း (သို႔) နာတာရွည္ကိုက္ကဲျခင္းေတြကို ပ်ားရည္က သက္သာေစပါတယ္။ ပ်ားရည္မွာ နာက်င္ကိုက္ခဲမႈကို သက္သာေစတဲ့ ဂုဏ္သတၱိေတြပါ၀င္လို႔ သင္ေရြးခ်ယ္သင့္တဲ့ အစားအစာတစ္ခုပါပဲ။

အားျပည့္ေစတယ္
တစ္ေန႔တာလံုးအတြက္လိုအပ္တဲ့ အားအင္ေတြကို ေပးစြမ္းႏိုင္ပါတယ္။ ပင္ပန္းႏြမ္းနယ္ျခင္းေတြကို သက္သာေစပါတယ္။ ဒါ့ေၾကာင့္ဘာလို႔ အားျဖည့္အခ်ိဳရည္ေတြ ေသာက္ေနဦးမွာလဲ။

ပ်ားရည္နဲ႔ ၾကက္သြန္ျဖဴကို ဘယ္လိုစားမလဲ

ပါ၀င္ပစၥည္း
ၾကက္သြန္ျဖဴ ၁၂ မႊာ
ပ်ားရည္ ၁ ခြက္
အဖံုးပါတဲ့ ဘူးတစ္ဘူး

ၾကက္သြန္ျဖဴကို ေတာက္ေတာက္စဥ္းလိုက္ပါ။ (သို႔) ဓါးနဲ႔ ျပားသြားေအာင္ ရိုက္ေပးလိုက္ပါ။ ၿပီးရင္ ဘူးထဲထည့္လိုက္ၿပီး ပ်ားရည္ထည့္လိုက္ပါ။ ၿပီးရင္ေသခ်ာေရာလိုက္ၿပီး ဘူးကိုအဖံုးပိတ္လိုက္ကာ ေမွာင္တဲ့ေနရာမွာ ထားပါ။ ၿပီးရင္ မနက္စာမစားခင္ စားပြဲတင္ဇြန္း ၁ ဇြန္းေသာက္ေပးပါ။

My Food Myanmar

#Unicode Version#

မနက်အိပ်ယာထပြီး မနက်စာမစားရသေးခင်မှာ ကြက်သွန်ဖြူနဲ့ ပျားရည်ကိုတွဲပြီးစားပေးရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ သူတို့နှစ်ခုလုံးမှာ Antibiotic တွေပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပါတယ်။

သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း

သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ မနက်ပိုင်းအစာမစားခင် ကြက်သွန်ဖြူကို ပျားရည်နဲ့ တွဲစားပေးရင် Gastric အရည်တွေထုတ်ပေးပြီး သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝလို့လည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူကိုဘာလို့စားသင့်လဲ။

အသားအရေအတွက်ကောင်းမွန်ခြင်း

Antioxidant ကြွယ်ဝစွာပါဝင်လို့ ဆဲလ်တွေကို ပြန်လည်နုပျိုစေသလို အသားအရေကိုလည်း ကြည်လင်စေပါတယ်။

ဘက်တီးရီးယားတွေကို ကာကွယ်ပေးခြင်း

ကိုယ်ခံအားစနစ်ကောင်းမွန်စေလို့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်တိုက်ထုတ်ပေးနိုင်ပါတယ်။

ပျားရည်ဘာလို့စားသင့်လဲ

ကိုယ်အလေးချိန်လျှော့ချပေးပါတယ်

ပျားရည်က ချိုလို့ ကိုယ်အလေးချိန်မလျှော့ချပေးနိုင်ဘူးလို့ မထင်လိုက်ပါနဲ့နော်။ ကြက်သွန်ဖြူနဲ့ တွဲစားလိုက်ရင် သင့်ရဲ့ အစားအလွန်အကျွံစားချင်တဲ့စိတ်ကို ထိန်းပေးပြီး ဗိုက်ကိုရောင့်ရဲ တင်းတိမ်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျှော့ကျစေပြီး ဟော်မုန်းကိုညီမျှစေပါတယ်။

နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း

ခေါက်တစ်ခြမ်းကိုက်ခြင်း (သို့) နာတာရှည်ကိုက်ကဲခြင်းတွေကို ပျားရည်က သက်သာစေပါတယ်။ ပျားရည်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ သင်ရွေးချယ်သင့်တဲ့ အစားအစာတစ်ခုပါပဲ။

အားပြည့်စေတယ်

တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့်ဘာလို့ အားဖြည့်အချိုရည်တွေ သောက်နေဦးမှာလဲ။

ပျားရည်နဲ့ ကြက်သွန်ဖြူကို ဘယ်လိုစားမလဲ

ပါဝင်ပစ္စည်း

ကြက်သွန်ဖြူ ၁၂ မွှာ
ပျားရည် ၁ ခွက်
အဖုံးပါတဲ့ ဘူးတစ်ဘူး

ကြက်သွန်ဖြူကို တောက်တောက်စဉ်းလိုက်ပါ။ (သို့) ဓါးနဲ့ ပြားသွားအောင် ရိုက်ပေးလိုက်ပါ။ ပြီးရင် ဘူးထဲထည့်လိုက်ပြီး ပျားရည်ထည့်လိုက်ပါ။ ပြီးရင်သေချာရောလိုက်ပြီး ဘူးကိုအဖုံးပိတ်လိုက်ကာ မှောင်တဲ့နေရာမှာ ထားပါ။ ပြီးရင် မနက်စာမစားခင် စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပေးပါ။

No comments:

Post a Comment