Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 28, 2018

လားရႈိးသိန္းေအာင္ ကြယ္လြန္

Lasho Thein Aung(aka)Jimmy Jack


''နႈတ္မဆက္နဲ႕ ငိုခ်င္တယ္''၊ ''ငွက္ငယ္အလား ကိုယ့္အမွား''၊ ''စက္ေခါင္းအမွတ္ ၀၀၉''  စတဲ့
နာမည္ၾကီးသီခ်င္းမ်ားစြာကိုသီဆိုခဲ့သူ စတူဒီယိုေခတ္ဦးအဆိုေတာ္ၾကီး ဂ်င္မီဂ်က္(ေခၚ)လားရွိဳးသိန္းေအာင္ဟာ
ဒီဇင္ဘာလ ၂၈ ရက္ေန႔ ေန႔လည္ ၂ နာရီခြဲ ဝန္းက်င္က
အေမရိကန္ႏိုင္ငံတကၠဆပ္ျပည္နယ္၊ ဟူစတန္ျမိဳ ့မွာ
ႏွလံုးေရာဂါနဲ့ ကြယ္လြန္သြားၿပီလုိ႔ ၾကားသိရပါတယ္။
ဂီတခ်စ္ျမတ္ႏိုးသူေတြအတြက္ေတာ့ ဒီသတင္းဟာစိတ္ထိခိုက္ေၾကကြဲစရာျဖစ္ခဲ့ပါတယ္။
ဂီတေဖ်ာ္ေျဖပြဲစိီစဥ္သူ အီၾကာေကြးက
''Rest In Peace အကိုႀကီး ေနမေကာင္းတဲ့သတင္းအစအနေတာင္မၾကားရပဲ ခ်က္ခ်င္းႀကီးဗ်ာ''
လို့ စိတ္မေကာင္းစြာေရးသားထားျပီး လားရွိဳးသိန္းေအာင္ရဲ့ အမွတ္သေကၤတ ေကာင္းဘိြဳင္ဥိးထုပ္ဖိနပ္နဲ့ ဂစ္တာပံုကိုလည္း တင္ထားတာေတြ့ရပါတယ္။
သတင္းစံုေပ်ာ္၀င္အိုးၾကီး
#Unicode Version#
''နှုတ်မဆက်နဲ့ ငိုချင်တယ်''၊ ''ငှက်ငယ်အလား ကိုယ့်အမှား''၊ ''စက်ခေါင်းအမှတ် ၀၀၉''  စတဲ့
နာမည်ကြီးသီချင်းများစွာကိုသီဆိုခဲ့သူ စတူဒီယိုခေတ်ဦးအဆိုတော်ကြီး ဂျင်မီဂျက်(ခေါ်)လားရှိုးသိန်းအောင်ဟာ
ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီခွဲ ဝန်းကျင်က
အမေရိကန်နိုင်ငံတက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို ့မှာ
နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ ကြားသိရပါတယ်။
ဂီတချစ်မြတ်နိုးသူတွေအတွက်တော့ ဒီသတင်းဟာစိတ်ထိခိုက်ကြေကွဲစရာဖြစ်ခဲ့ပါတယ်။
ဂီတဖျော်ဖြေပွဲစိီစဉ်သူ အီကြာကွေးက
''Rest In Peace အကိုကြီး နေမကောင်းတဲ့သတင်းအစအနတောင်မကြားရပဲ ချက်ချင်းကြီးဗျာ''
လို့ စိတ်မကောင်းစွာရေးသားထားပြီး လားရှိုးသိန်းအောင်ရဲ့ အမှတ်သင်္ကေတ ကောင်းဘွိုင်ဥိးထုပ်ဖိနပ်နဲ့ ဂစ်တာပုံကိုလည်း တင်ထားတာတွေ့ရပါတယ်။

No comments:

Post a Comment