Breaking news
...........................
ကြောက်ကြောက်နဲ့ ဘဲ အားနာ နာနဲ့ ဘဲ အခုဘဲ ကျန်းမာရေးဝန်ကြီး ဆရာကြီး
ဦးမြင့်ထွေးထံသို့  ဖုံးဆက်၍ ဇီးပင်ကြီးကိစ္စတင်ပြ ပြောဆို စုံစမ်းလိုက်ရပါသည်။
ဆရာကြီး ပြောပြချက်အရ ယခုကိစ္စမှာ ကျန်းမာရေး ဝန်ကြီး ဆရာ ကြီး ကိုယ်တိုင်
ရော ဒု ဝန်ကြီးရော အတွင်းဝန်ရော လုံးဝ သိရှိခြင်း မရှိဘဲ လုံးဝ တင်ပြအသိပေးခြင်း မရှိဘဲ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ်နှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှုး
( စစ်ဆေးရေး) နေပြည်တော်တို့ မှ ရုံးတွင်း လုပ်ရိုး လုပ်စဉ်အတိုင်း မဟုတ်ဘဲ လုပ်ကိုင်
ဆောင်ရွက်သွားခြင်း ဖြစ်သည် ဟု အတိ
အကျပြောကြားပါသည်။ သို့ ဖြစ်ရာ ထိုသို့  လုပ်ဆောင်သွားသူ တာဝန်ရှိသူ နှစ်ဦးအား အရေး ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အားလုံးကို အသိပေးလိုက်ပါသည်။ Dr စိုးသူရဇော် ပြောစကားများသည် အမှန်တရား များသာဖြစ်သည် ။လုံးဝ အရေးယူ ဆောင်ရွက်စရာ မရှိ ဟု အတိအလင်း ပြောကြားလိုက်ပါသည် ။ အလုပ်ဝင် မည့်သူ များကို ၄၀ကျော် ဖြုတ်သည့် ကိစ္စ တပါ
တည်း တင်ပြရာ ဆရာကြီးကိုယ်တိုင်က လုံးဝ မဖြစ်သင့်ဟု ယူဆပြီး စိတ်မကောင်း
ဖြစ်ပြီး ရာထူးဝန်မှ ဖြုတ်ချသည့် ကိစ္စ အတွက် သမ္မတသို့  တိုင်ကြားဆောင်ရွက်
သွားမည်ဟု လည်း ပြောပါသည်။
စိတ်ပူနေကြသော ပြည်သူ လူထု အား လုံး နှင့်တကွ ဆရာဝန်ထု တရပ်လုံး သိစေရန် ဆရာကြီးဝန်ကြီး၏ ဆန္ဒ ခွင့်ပြုချက်ဖြင့် အသိပေး အကြောင်းကြားအပ် ပါသည်။
Dr. Ah Linkar Oo
No comments:
Post a Comment