Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 23, 2018

ပဲခူးၿမိဳ႕နယ္၌ အသက္ ၃ ႏွစ္အရြယ္ မိန္းကေလးငယ္တဦး အဓမၼျပဳက်င့္ခံရ၍ အေရးေပၚေဆး႐ံုတင္ထားရ

ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္ထဲမွာ အသက္ ၃ ႏွစ္အရြယ္ မိန္းကေလးငယ္တဦးကို အသက္ ၃၀ ေက်ာ္ အမ်ိဳးသားတဦးက အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့လို႔ တရားခံကို ဖမ္းဆီး အေရးယူထားတယ္လို ့ ပဲခူး ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ႏိုင္စိုးက ေျပာပါတယ္။

ပဲခူးၿမိဳ နယ္၊ ကမာနက္ေက်းရြာမွာ ထီးရိုးကန္ ဘုန္းေတာ္ႀကီးဘုရား ထီးတင္ပဲြက်င္းပေနစဥ္ ဒီဇင္ဘာ ၂၁ ရက္ ညက အသက္ ၃ႏွစ္ ၄ လ အရြယ္ရွိ မိန္းကေလးငယ္တဦးကို အသက္ ၃၀ ႏွစ္ခန္႔ အရြယ္ရွိ တရြာထဲေနထိုင္တဲ့ အသိအမ်ဳိးသားတဦးက လယ္ကြင္းထဲကို ေခၚေဆာင္သြားၿပီး အဓမၼျပက်င့္ခဲ့တာလို႔ ကေလးမေလးရဲ႕ အဖြားေတာ္စပ္သူ ေဒၚေဌးျမင့္ကေျပာပါတယ္။

“အဲဒီည ၁၁ နာရီေလာက္က ဖခင္ျဖစ္သူ ဆိုင္း၀ိုင္းကိုသြားေနၿပီး ေနအိမ္ရဲ႕ အေပၚထပ္မွာ အဖြားနဲ႔ သားအလတ္ဇနီးေမာင္နံတို႔အတူရွိေနတယ္၊ အိမ္ေအာက္ထပ္မွာေတာ့ ကေလးက တ ေယာက္တည္း ေဆာ့ကစားေနပါတယ္။ အဲဒီအခ်ိန္မွာ ေနအိမ္ကိုအျမဲ၀င္ထြက္ေနတဲ့ တူ၀မ္းကဲြေတာ္စပ္သူ ဦးျမင့္စိုးရဲ႕သား ၀င္းကိုက ထီးတင္ပဲြသြားမယ္။ ဆိုင္း၀ိုင္းမွာ နင့္အေဖရွိတယ္ လိုက္မလားဆိုၿပီး ေခၚသြားသံကို ၾကားလိုက္တယ္”လို႔ေျပာပါတယ္

ဆိုင္း၀ိုင္းကေန အေဖေတြ ညီကိုေမာင္ႏွမေတြ ျပန္ေရာက္လာေပမယ့္ ေနာက္ေန႔မနက္ ၁ နာရီခဲြတဲ့အထိ ကေလးမေလး ျပန္ေရာက္မလာေသးတဲ့အတြက္ ဦးေလးေတြ အေဒၚေတြက လိုက္ေခၚရာမွာ ပဲြခင္းထဲမွာ ၀င္းကိုက ကေလးကို ေပြ႔ထားတာေတြ႔ရလို႔ အိမ္ျပန္ေခၚလာတယ္လို႔ ဆိုပါတယ္။

“ျပန္ေခၚလာေတာ့ ကေလးက ငိုေနတယ္။ ဒါနဲ႔ အိပ္ခ်င္လို႔ထင္တယ္ ထင္ၿပီး သိပ္ထားလိုက္တယ္။ ဒီမနက္ ၈ နာရီေလာက္မွ နာတယ္၊ နာတယ္ ဆိုၿပီးေျပာေတာ့ ဘယ္က နာတာလဲ၊ ျပစမ္းဆိုၿပီး ၾကည့္မွကေလးရဲ႕ မိန္းမကိုယ္ကေန ေသြးေတြထြက္ေနတယ္။ ဘယ္သူလုပ္တာလဲဆိုေတာ့၊ ဦး၀င္းကို လုပ္တာ လယ္ကြင္းထဲမွာလို႔ေျပာတယ္”လို႔ ေဒၚခင္ေဌးျမင့္က ဆက္ေျပာပါတယ္

ကေလးမေလးရဲ႕ မိန္းမကိုယ္မွာ ဒဏ္ရာအျပင္းအထန္ရထားတဲ့အျပင္ ပါးျပင္၊ လည္ပင္းနဲ႔ ပါးစပ္ေတြမွာလည္း ႐ုိးျပတ္ေတြ ပ်က္ရွထားတဲ့ဒဏ္ရာေတြရရွိထားလို႔ ပဲခူးျပည္သူ႔ ေဆး႐ုံမွာ အေရးေပၚ တင္ထားရတယ္လို ့ အဖြားျဖစ္သူရဲ႕ ေျပာျပခ်က္အရသိရပါတယ္။ ဒီအမႈနဲ႔ ပတ္သက္ၿပီး ၀င္းကို ကို ပဲခူးၿမိဳ႕မ ရဲစခန္းက ေန (ပ)၂၃၁၆/ ၃၂၃ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/၃၂၃ နဲ႔ ဖမ္းဆီး အေရးယူထားပါတယ္။

ေအာင္စိုးမို
DVB

Unicode ျဖင့္ဖတ္ရန္

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ထဲမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အသက် ၃၀ ကျော် အမျိုးသားတဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့လို့ တရားခံကို ဖမ်းဆီး အရေးယူထားတယ်လို ့

ပဲခူး မြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုးက ပြောပါတယ်။ပဲခူးမြို နယ်၊ ကမာနက်ကျေးရွာမှာ ထီးရိုးကန် ဘုန်းတော်ကြီးဘုရား ထီးတင်ပွဲကျင်းပနေစဉ် ဒီဇင်ဘာ ၂၁ ရက် ညက အသက် ၃နှစ် ၄ လ

အရွယ်ရှိ မိန်းကလေးငယ်တဦးကို အသက် ၃၀ နှစ်ခန့် အရွယ်ရှိ တရွာထဲနေထိုင်တဲ့ အသိအမျိုးသားတဦးက လယ်ကွင်းထဲကို ခေါ်ဆောင်သွားပြီး အဓမ္မပြကျင့်ခဲ့တာလို့ ကလေးမလေးရဲ့ အဖွားတော်စပ်သူ ဒေါ်ဌေးမြင့်ကပြောပါတယ်။

“အဲဒီည ၁၁ နာရီလောက်က ဖခင်ဖြစ်သူ ဆိုင်း၀ိုင်းကိုသွားနေပြီး နေအိမ်ရဲ့ အပေါ်ထပ်မှာ အဖွားနဲ့ သားအလတ်ဇနီးမောင်နံတို့အတူရှိနေတယ်၊ အိမ်အောက်ထပ်မှာတော့ ကလေးက တ ယောက်

တည်း ဆော့ကစားနေပါတယ်။ အဲဒီအချိန်မှာ နေအိမ်ကိုအမြဲ၀င်ထွက်နေတဲ့ တူ၀မ်းကွဲတော်စပ်သူ ဦးမြင့်စိုးရဲ့သား ၀င်းကိုက ထီးတင်ပွဲသွားမယ်။ ဆိုင်း၀ိုင်းမှာ နင့်အဖေရှိတယ် လိုက်မလားဆိုပြီး ခေါ်

သွားသံကို ကြားလိုက်တယ်”လို့ပြောပါတယ် ဆိုင်း၀ိုင်းကနေ အဖေတွေ ညီကိုမောင်နှမတွေ ပြန်ရောက်လာပေမယ့် နောက်နေ့မနက် ၁ နာရီခွဲတဲ့အထိ ကလေးမလေး ပြန်ရောက်မလာသေးတဲ့အတွက် ဦးလေးတွေ အဒေါ်တွေက လိုက်ခေါ်ရာမှာ ပွဲခင်းထဲမှာ ၀င်းကိုက ကလေးကို ပွေ့ထားတာတွေ့ရလို့ အိမ်ပြန်ခေါ်လာတယ်လို့ ဆိုပါတယ်။

“ပြန်ခေါ်လာတော့ ကလေးက ငိုနေတယ်။ ဒါနဲ့ အိပ်ချင်လို့ထင်တယ် ထင်ပြီး သိပ်ထားလိုက်တယ်။ ဒီမနက် ၈ နာရီလောက်မှ နာတယ်၊ နာတယ် ဆိုပြီးပြောတော့ ဘယ်က နာတာလဲ၊ ပြစမ်းဆိုပြီး ကြည့်

မှ ကလေးရဲ့ မိန်းမကိုယ်ကနေ သွေးတွေထွက်နေတယ်။ ဘယ်သူလုပ်တာလဲဆိုတော့၊ ဦး၀င်းကို လုပ်တာ လယ်ကွင်းထဲမှာလို့ပြောတယ်”လို့ ဒေါ်ခင်ဌေးမြင့်က ဆက်ပြောပါတယ်ကလေးမလေးရဲ့

မိန်းမကိုယ်မှာ ဒဏ်ရာအပြင်းအထန်ရထားတဲ့အပြင် ပါးပြင်၊ လည်ပင်းနဲ့ ပါးစပ်တွေမှာလည်း ရိုးပြတ်တွေ ပျက်ရှထားတဲ့ဒဏ်ရာတွေရရှိထားလို့ ပဲခူးပြည်သူ့ ဆေးရုံမှာ အရေးပေါ် တင်ထားရ

တယ်လို ့ အဖွားဖြစ်သူရဲ့ ပြောပြချက်အရသိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ၀င်းကို ကို ပဲခူးမြို့မ ရဲစခန်းက နေ (ပ)၂၃၁၆/ ၃၂၃ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၂၃ နဲ့ ဖမ်းဆီး အရေးယူထားပါတယ်။

အောင်စိုးမို
DVB

No comments:

Post a Comment