Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 16, 2018

ပြတ်​သွားတိုင်းသာ တရားစွဲမယ်​ဆို မြန်​မာပြည်​မှာကျန်​စစ်​သား​တောင်​မလွတ်​ဘူ


ပြတ်​သွားတိုင်းသာ တရားစွဲမယ်​ဆို မြန်​မာပြည်​မှာကျန်​စစ်​သား​တောင်​မလွတ်​ဘူး။
ကျန်​စစ်​သား​နော်​ ​လှံ​ထောက်​ခုန်​လိုက်​ ​ရှောက်​သီးခူးလိုက်​နဲ့
နောက်​ဆုံးကျ
ထန်း​ရေမူးပြီး သမ္ဘူလကို​ခြေ​တော်​တင်​တာပဲ။

သမ္ဘူလလည်း ကိုယ်​ဝင်းကြည်​ဖြစ်​​ရော လက်​စွပ်​တစ်​ကွင်း​ပေးပြီး
သုတ့်​ရော ။ ခု​ခေတ်​ ကို​ဝေကြီးတို့လိုပဲ​နော်​ အတည်​ယူမှာလိုလို
မယူဘူးလိုလိုနဲ့ ပတ်​​ပြေးတာ ။

ခု​ခေတ်​လို သိန်းတစ်​​သောင်းနဲ့လည်း လာမညှိဘူး။ကွန်​ဒိုတိုက်​ခန်း​လေးတစ်​ခန်း ဘဏ်​အ​ကောင့်​​လေးတစ်​​ကောင့်​​တောင်​ဖွင့်​မ​ပေးဘူးဗျာ။

သမ္ဘူလ သား​လေး​မွေးလို့သာနန်း​တော်​လိုက်​သွားခွင့်​ရတာ
မိန်းက​လေးသာ​မွေးရင်​ သုံးသိန်း​တောင်​မတန်​တဲ့လက်​စွပ်​တစ်​ကွင်းနဲ့
တသက်​လုံး ဒုက္ခခံ​ရောပဲ ။

သူ့​ရှေ့မှာလည်း မဏိစန္ဒာဆိုတဲ့ မွန်​ကပြားမ​လေးကို ညိ​သေးတယ်​။

သထုံနဲ့ပုဂံ ကား​မောင်းသွားရင်​တစ်​ညအိပ်​​လောက်​နဲ့​ရောက်​တဲ့ခရီးကို
လမ်းမှာ ထမင်း​ကြော်​​ကျွေးပြီး နှိုက်​မြည်းတယ်​။
မဏိစန္နာက ခိုး​ပြေးပါလည်းဆို​ရော အရှင့်​သစ္စာ​စောင့်​ထိန်းရတဲ့ မင်းမှုထမ်းပါဆိုတဲ့
ဒန်​ယာ​လော့အ​ဟောင်းကြီးသုံးပြီးခွါလိုက်​တယ်​။ စားပြီးနားမလည်​လုပ်​တယ်​။ တကယ်​တမ်းသာ အရှင့်​သစ္စာ​စောင့်​ထိန်းရင်​ အစတည်းက
မဏိစန္နာနဲ့ညိစရာ​ကြောင်းမှမရှိတာ ။ ပြီးမှအ​နော်​ရထာကို အပျိုစင်​ဆိုပြီး ဂျင်းထဲ့တယ်​ ။ ဖရိန်​​စောင်း​နေတဲ့ မဏိစန္နာကိုကြည့်​ပြီး ​မြွေ​မြွေခြင်း
ခြေမြင်​တဲ့ အ​နော်​ရထာက ဂျင်း​ကောင်​(ကျန်​စစ်​သား)ကို ဖမ်းပြီး
အင်းစိန်​ပို့ထားတယ်​။ တရားရုံးမှာ ရုံးထုတ်​စစ်​​တော့ ​ဒေါသမထိန်းနိုင်​တဲ့အ​နော်​ရထာက ခါးကြားပစ္စတိုထုတ်​ပြီးပစ်​တယ်​ ။ ကိုကျန်​တို့များ
ကံ​ကောင်းချင်​​တော့ လူကိုမမှန်​ပဲ ခတ်​ထားတဲ့ လက်​ထိပ်​ကိုမှန်​ပြီး
ကျန်​စစ်​သားလွတ်​သွားတယ်​ ။

ဒါ​တောင်​ ဘုရင်​ဖြစ်​ပြီး​နောက်​မိန်းမ​တွေထပ်​ယူပြီး ဒုက္ခ​တွေထပ်
ပေး​သေးတယ်​ ။
ကျန်​စစ်​သားသာ ခုချိန်​ရှိ​သေးတယ်​ ​သေချာတယ်
အမှု​ပေါင်း​သောင်း​ခြောက်​​ထောင်နဲ့ အင်းစိန်​အချုပ်​​ဆောင်​မှာ ပုံစံ
ထိုင်​​နေရ​လောက်​ပြီ ။
😛😛 credit

No comments:

Post a Comment