Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 16, 2018

အမ်ိဳးသမီးမ်ား သတိထားႏိုင္ဖို႕ ကိုယ္တိုင္ၾကံဳခဲ႔သူေတြရဲ႔ ျဖစ္ရပ္မွန္ ေယာက်္ားပိုင္းလုံးေတြအေၾကာင္း

ကြ်န္မက ပိုင္းလုံးေတြအေၾကာင္းေရးေတာ့ အမ်ိဳးသမီးတခ်ိဳ႕က ရယ္စရာလို သေဘာထားၿပီး ကြန္မန္႔လာေပးၾကတယ္။ သူတို႔ကိုယ္သူတို႔ ယုံၾကည္မႈ အျပည့္ရွိတယ္ထင္ရင္ ကြ်န္မဝမ္းသာရမွာပါ ။

ဟိုးတေလာက ဆရာဝန္မေလးတေယာက္ ဒူဘိုင္းက ျမန္မာတေယာက္နဲ႔ ၿငိပါတယ္။ ဟိုက ဘယ္ေလာက္အေျပာေကာင္းတယ္မသိဘူး။ ဆရာဝန္မေလးက အိုင္ဖုန္းတလုံးဝယ္ေပးလိုက္တယ္။ အျပင္မွာ မေတြ႕ဖူးဘူးေနာ္။ ရသမွ် ခ်ဴေနရင္း ၾကာေတာ့ မူမမွန္တာ သိလာတယ္။

ေနာက္ေတာ့ဆရာဝန္မေလးက live လႊင့္ၿပီး အေၾကာင္းစုံဖြင့္ခ်လို႔ အဲဒီေကာင္အေၾကာင္း ဗူးေပၚသလ္ို ေပၚလာမွ ဖုန္းဖိုးေငြေတြ ျပန္ေပးပါတယ္။ အဲဒီေကာင္ဟာ ကြ်န္မအေကာင့္မွာပါ လာအက္ထားတာ ေတြ႕ရတယ္။

ေနာက္တခါ ညီမေလးတေယာက္ သူ ့ကိုယ္ေတြ႕ အျဖစ္အပ်က္ကို ကြ်န္မကို ဝန္ခံရင္း ရင္ဖြင့္ပါတယ္။ အဲဒီညီမေလးက ျဖဴျဖဴေခ်ာေခ်ာေလးပါ။ အသက္ကလည္း (၂၅) ေက်ာ္ေက်ာ္ပဲရွိတယ္။

သူက ဘန္ေကာက္မွာမာစတာတက္ေနရင္း ျမန္မာျပည္က လူတေယာက္နဲ႔ သိပါတယ္။ FB မွာ ေတြ႕ၾကတာပါ။ အဲဒီလူက ႏိုင္ငံျခားက ျပန္လာတာပါ။ သူ႔ပ႐ိုဖိုင္းဝင္ၾကည့္ရင္ ဘြဲ႕ေတြက အပ်ံစားပါပဲ။ ဓါတ္ပုံေတြတင္ထားတာလည္း အမိုက္စားပုံေတြပါ။

ဒီလိုနဲ႔ ျမန္မာျပည္ျပန္ေရာက္ေတာ့ သူတို႔ ေတြ႕ၾကၿပီး ေနာက္ပိုင္း living together ေနၾကပါတယ္။ မိန္းကေလးကို သူေနတဲ့တိုက္ခန္း ေခၚသြားပါတယ္။
အဲဒီအခါ ဘယ္လိုေျပာလဲဆိုေတာ့ သူေနတဲ့တိုက္ခန္းကို ေခၚသြားထဲက silent တြဲတာမဟုတ္ဘူး။ လူသိရွင္ၾကား တြဲတာလို႔ အေျပာေကာင္းေကာင္းနဲ႔ ႏွစ္သိမ့္ပါတယ္။
(၂) ႏွစ္တိတိ လုံးဝမသိပါဘူးတဲ့။ သူက အဲဒီလူအေကာင့္ထဲကို ေငြေတြလႊဲေပးထားပါတယ္။ အဲဒီပိုက္ဆံေတြနဲ႔ တျခားေကာင္မေလးေတြကို ဖုန္းဝယ္ေပးတာမ်ိဳး ေပးကမ္းတာမ်ိဳးေတြ လုပ္ပါတယ္။

အဲဒီလူဟာ တကၠသိုလ္တက္ခါစ မႏူးမနပ္ေလးေတြကို ဖ်က္ဆီးတာပါ။ သူ ့တိုက္ခန္းကို ေခၚေခၚၿပီး အိပ္ပါတယ္။ ၿပီးရင္ ေကာင္မေလးေတြ ရဲ႕ မလုံမလဲပုံေတြကို တိတ္တိတ္ေလး ဓါတ္ပုံ႐ိုက္ထားပါတယ္။ အဲဒီလူဟာ sex addict ျဖစ္ေနတဲ့သေဘာပါ။ မိန္းကေလးေတြနဲ႔ ဘယ္ေလာက္အိပ္အိပ္ မတင္းတိမ္တဲ့ ကာမမုဆိုးပါ။

တေန႔ေတာ့ အဲဒီညီမေလးက ဘန္ေကာက္ကျပန္လာၿပီးသူ ့တိုက္ခန္းမွာ ဆုံၾကပါတယ္။ ကံေကာင္းခ်င္ေတာ့ အဲဒီလူေရခ်ိဳးခန္းဝင္ေနတုန္း ဖုန္းကို ယူၾကည့္မိပါတယ္တဲ့။ မယုံႏိုင္ေလာက္ေအာင္ တုန္လႈပ္သြားပါတယ္။ အဲဒီလူဖုန္းထဲမွာ အိပ္ယာေပၚေတြမွာ၊ ေရခ်ိဳးခန္းထဲမွာ ခိုး႐ိုက္ထားတဲ့ ေကာင္မေလးငယ္ငယ္ေလးေတြရဲ႕ ပုံေပါင္းမ်ားစြာကို ေတြ႕လိုက္ရပါတယ္။

အေၾကာင္းတိုက္ဆိုင္စြာနဲ႔ ေနာက္ပိုင္းမွာ အဲဒီလူအေၾကာင္းေတြ တစတစ ပိုသိလာခဲ့ရတယ္။ အဲဒီလူက အသက္ႀကီးႀကီး သူေဌးမတေယာက္ကို အပိုင္ကိုင္ထားတာပါ။ သူေနတဲ့တိုက္ခန္းေတြ၊ ကားေတြ အဲဒီသူေဌးမက ဝယ္ေပးထားတာပါ။ စက္႐ုံလည္း ေထာင္ေပးထားပါတယ္။

အဲဒီသူေဌးမကိုေတာ့ သူက ပ်ာေနေအာင္ ေၾကာက္ပါတယ္။ ဒါေပမဲ့ ေကာင္မေလးေတြကိုေတာ့ သူ႔ကိုယ္သူ စက္႐ုံပိုင္ရွင္သူေဌးလို ဟန္ေဆာင္ထားတာပါ။ ပထမႏွစ္တက္ေနတဲ့ ကေလးမတေယာက္ဆို အိမ္ကိုက်ဴရွင္သြားမယ္ေျပာခိုင္းျပီး တပတ္ (၂) ရက္ သူေခၚအိပ္ပါတယ္။ အခုေတာ့ အဲဒီေကာင္မေလးလည္း သိသြားပါၿပီ။

ဘန္ေကာက္က ညီမေလးဆီကေတာ့ သိန္းတရာ ပါသြားပါတယ္။ ဒါေတြဟာ တကယ့္အျဖစ္အပ်က္ေတြပါ။

အထင္ႀကီးယုံစားမိလို႔ အကာအကြယ္မယူဘဲ တူတူအိပ္ခဲ့မိတဲ့ အျဖစ္ကို ေတြးၿပီး ေၾကာက္လန္႔ေနမိတယ္လို႔ ေျပာပါတယ္။ ဒီေတာ့ သတိဆိုတာ ပိုတယ္မရွိပါဘူး။ ကြ်န္မအေမ အသက္ (၇၀) ေက်ာ္ကိုေတာင္ လာၿပီး ဟိုင္းတဲ့ သေကာင့္သားေတြ အမ်ားႀကီးရွိပါတယ္၊

ဒါေတြဟာ အမုန္းခံၿပီး ေျပာျပေနတာ။ ကြ်န္မအတြက္ နည္းနည္းမွ မပါ ပါဘူး။ အပ်ံသင္ခါစ သမီးငယ္ေတြ၊ FB သုံးခါစ လူႀကီးပိုင္းေတြ၊ ႐ိုးသားၿပီး လူရည္မလည္တဲ့ အမ်ိဳးသမီးငယ္ေတြ၊ ခ်စ္သူကို မ်က္စိစုံမွိတ္ယုံတတ္သူေတြအတြက္ အသိေလး နည္းနည္းရသြားရင္၊ ဗဟုသုတေလးတခု ျဖစ္သြားရင္ ေတာ္ပါၿပီ။
ေကာ္ပီယူခ်င္လည္း ရပါတယ္။ Credit မေပးလည္း ရပါတယ္။

ခံစားတတ္တဲ့ ႏွလုံးသားကို လြယ္လြယ္ အလိုမလိုက္ဘို႔ ဆင္ျခင္ဉာဏ္ေလးတခုရသြားရင္ ေက်နပ္ပါတယ္။ ကြ်န္မ နာမည္ႀကီးဘို ့မဟုတ္တဲ့အတြက္ ေစတနာမွန္ရင္ သမီးငယ္ေတြအားလုံး ေဘးရန္အႏၲရာယ္ခပ္သိမ္း ကင္းၿငိမ္းပါေစ။ သြားေလရာ ခလုတ္မထိ ဆူးမၿငိၾကပါေစနဲ႔။ ဝဋ္ေႂကြးမ်ားပါရင္ ေက်ၾကပါေစ။
Myat Yee, Myanmar Live
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်မက ပိုင်းလုံးတွေအကြောင်းရေးတော့ အမျိုးသမီးတချို့က ရယ်စရာလို သဘောထားပြီး ကွန်မန့်လာပေးကြတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်ရှိတယ်ထင်ရင် ကျွန်မဝမ်းသာရမှာပါ ။

ဟိုးတလောက ဆရာဝန်မလေးတယောက် ဒူဘိုင်းက မြန်မာတယောက်နဲ့ ငြိပါတယ်။ ဟိုက ဘယ်လောက်အပြောကောင်းတယ်မသိဘူး။ ဆရာဝန်မလေးက အိုင်ဖုန်းတလုံးဝယ်ပေးလိုက်တယ်။ အပြင်မှာ မတွေ့ဖူးဘူးနော်။ ရသမျှ ချူနေရင်း ကြာတော့ မူမမှန်တာ သိလာတယ်။

နောက်တော့ဆရာဝန်မလေးက live လွှင့်ပြီး အကြောင်းစုံဖွင့်ချလို့ အဲဒီကောင်အကြောင်း ဗူးပေါ်သလို ပေါ်လာမှ ဖုန်းဖိုးငွေတွေ ပြန်ပေးပါတယ်။ အဲဒီကောင်ဟာ ကျွန်မအကောင့်မှာပါ လာအက်ထားတာ တွေ့ရတယ်။

နောက်တခါ ညီမလေးတယောက် သူ့ကိုယ်တွေ့ အဖြစ်အပျက်ကို ကျွန်မကို ဝန်ခံရင်း ရင်ဖွင့်ပါတယ်။ အဲဒီညီမလေးက ဖြူဖြူချောချောလေးပါ။ အသက်ကလည်း (၂၅) ကျော်ကျော်ပဲရှိတယ်။

သူက ဘန်ကောက်မှာမာစတာတက်နေရင်း မြန်မာပြည်က လူတယောက်နဲ့ သိပါတယ်။ FB မှာ တွေ့ကြတာပါ။ အဲဒီလူက နိုင်ငံခြားက ပြန်လာတာပါ။ သူ့ပရိုဖိုင်းဝင်ကြည့်ရင် ဘွဲ့တွေက အပျံစားပါပဲ။ ဓါတ်ပုံတွေတင်ထားတာလည်း အမိုက်စားပုံတွေပါ။

ဒီလိုနဲ့ မြန်မာပြည်ပြန်ရောက်တော့ သူတို့ တွေ့ကြပြီး နောက်ပိုင်း living together နေကြပါတယ်။ မိန်းကလေးကို သူနေတဲ့တိုက်ခန်း ခေါ်သွားပါတယ်။
အဲဒီအခါ ဘယ်လိုပြောလဲဆိုတော့ သူနေတဲ့တိုက်ခန်းကို ခေါ်သွားထဲက silent တွဲတာမဟုတ်ဘူး။ လူသိရှင်ကြား တွဲတာလို့ အပြောကောင်းကောင်းနဲ့ နှစ်သိမ့်ပါတယ်။
(၂) နှစ်တိတိ လုံးဝမသိပါဘူးတဲ့။ သူက အဲဒီလူအကောင့်ထဲကို ငွေတွေလွှဲပေးထားပါတယ်။ အဲဒီပိုက်ဆံတွေနဲ့ တခြားကောင်မလေးတွေကို ဖုန်းဝယ်ပေးတာမျိုး ပေးကမ်းတာမျိုးတွေ လုပ်ပါတယ်။

အဲဒီလူဟာ တက္ကသိုလ်တက်ခါစ မနူးမနပ်လေးတွေကို ဖျက်ဆီးတာပါ။ သူ့တိုက်ခန်းကို ခေါ်ခေါ်ပြီး အိပ်ပါတယ်။ ပြီးရင် ကောင်မလေးတွေ ရဲ့ မလုံမလဲပုံတွေကို တိတ်တိတ်လေး ဓါတ်ပုံရိုက်ထားပါတယ်။ အဲဒီလူဟာ sex addict ဖြစ်နေတဲ့သဘောပါ။ မိန်းကလေးတွေနဲ့ ဘယ်လောက်အိပ်အိပ် မတင်းတိမ်တဲ့ ကာမမုဆိုးပါ။

တနေ့တော့ အဲဒီညီမလေးက ဘန်ကောက်ကပြန်လာပြီးသူ့တိုက်ခန်းမှာ ဆုံကြပါတယ်။ ကံကောင်းချင်တော့ အဲဒီလူရေချိုးခန်းဝင်နေတုန်း ဖုန်းကို ယူကြည့်မိပါတယ်တဲ့။ မယုံနိုင်လောက်အောင် တုန်လှုပ်သွားပါတယ်။ အဲဒီလူဖုန်းထဲမှာ အိပ်ယာပေါ်တွေမှာ၊ ရေချိုးခန်းထဲမှာ ခိုးရိုက်ထားတဲ့ ကောင်မလေးငယ်ငယ်လေးတွေရဲ့ ပုံပေါင်းများစွာကို တွေ့လိုက်ရပါတယ်။

အကြောင်းတိုက်ဆိုင်စွာနဲ့ နောက်ပိုင်းမှာ အဲဒီလူအကြောင်းတွေ တစတစ ပိုသိလာခဲ့ရတယ်။ အဲဒီလူက အသက်ကြီးကြီး သူဌေးမတယောက်ကို အပိုင်ကိုင်ထားတာပါ။ သူနေတဲ့တိုက်ခန်းတွေ၊ ကားတွေ အဲဒီသူဌေးမက ဝယ်ပေးထားတာပါ။ စက်ရုံလည်း ထောင်ပေးထားပါတယ်။

အဲဒီသူဌေးမကိုတော့ သူက ပျာနေအောင် ကြောက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးတွေကိုတော့ သူ့ကိုယ်သူ စက်ရုံပိုင်ရှင်သူဌေးလို ဟန်ဆောင်ထားတာပါ။ ပထမနှစ်တက်နေတဲ့ ကလေးမတယောက်ဆို အိမ်ကိုကျူရှင်သွားမယ်ပြောခိုင်းပြီး တပတ် (၂) ရက် သူခေါ်အိပ်ပါတယ်။ အခုတော့ အဲဒီကောင်မလေးလည်း သိသွားပါပြီ။

ဘန်ကောက်က ညီမလေးဆီကတော့ သိန်းတရာ ပါသွားပါတယ်။ ဒါတွေဟာ တကယ့်အဖြစ်အပျက်တွေပါ။

အထင်ကြီးယုံစားမိလို့ အကာအကွယ်မယူဘဲ တူတူအိပ်ခဲ့မိတဲ့ အဖြစ်ကို တွေးပြီး ကြောက်လန့်နေမိတယ်လို့ ပြောပါတယ်။ ဒီတော့ သတိဆိုတာ ပိုတယ်မရှိပါဘူး။ ကျွန်မအမေ အသက် (၇၀) ကျော်ကိုတောင် လာပြီး ဟိုင်းတဲ့ သကောင့်သားတွေ အများကြီးရှိပါတယ်၊

ဒါတွေဟာ အမုန်းခံပြီး ပြောပြနေတာ။ ကျွန်မအတွက် နည်းနည်းမှ မပါ ပါဘူး။ အပျံသင်ခါစ သမီးငယ်တွေ၊ FB သုံးခါစ လူကြီးပိုင်းတွေ၊ ရိုးသားပြီး လူရည်မလည်တဲ့ အမျိုးသမီးငယ်တွေ၊ ချစ်သူကို မျက်စိစုံမှိတ်ယုံတတ်သူတွေအတွက် အသိလေး နည်းနည်းရသွားရင်၊ ဗဟုသုတလေးတခု ဖြစ်သွားရင် တော်ပါပြီ။
ကော်ပီယူချင်လည်း ရပါတယ်။ Credit မပေးလည်း ရပါတယ်။

ခံစားတတ်တဲ့ နှလုံးသားကို လွယ်လွယ် အလိုမလိုက်ဘို့ ဆင်ခြင်ဉာဏ်လေးတခုရသွားရင် ကျေနပ်ပါတယ်။ ကျွန်မ နာမည်ကြီးဘို့မဟုတ်တဲ့အတွက် စေတနာမှန်ရင် သမီးငယ်တွေအားလုံး ဘေးရန်အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းပါစေ။ သွားလေရာ ခလုတ်မထိ ဆူးမငြိကြပါစေနဲ့။ ဝဋ်ကြွေးများပါရင် ကျေကြပါစေ။
Myat Yee, Myanmar Live

No comments:

Post a Comment