Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 12, 2018

ေညာင္းညာကိုက္ခဲျခင္း ႏွင္႔ အနင္း အႏွိပ္ကင္းကင္းေနနိုင္ဖို႔ လက္ေတြ႔နည္းလမ္းေလး…

“ေညာင္းတယ္ညာတယ္ပဲ မင္းအျမဲေျပာေနတယ္။” “ငါေျပာတာကိုမင္းလက္ေတြ႔လုပ္ၾကည့္ မဟုတ္ရင္ မင္းၾကိဳက္သလိုေျပာ..”။
“လုပ္ရမွာကမင္းတာ၀န္.ခ်က္ခ်င္းေပ်ာက္ကင္းတယ္မေျပာဘူးကြ..သက္သာရာက ေပ်ာက္ကင္းတယ္လို႔ပဲငါေျပာမယ္…။ အေဖေျပာေသာ အေၾကာင္းသာျဖစ္၏။”

အျမဲတမ္းေညာင္းညာကိုက္ခဲမွဳသည္က စိတ္ပ်က္စရာေကာင္းလွျပီး၊အက်င့္ပါလွသည္။ ေညာင္းညာမည္ေပါ႔…တစ္ေန႔လံုး ရံုးစားပဲြ၊ ကြန္ျပဴတာ၊ဖံုးတို႔ႏွင့္ ကြာသည္မရွိ၊တစ္ခါတစ္ရံ စားခ်ိန္ ေသာက္ခ်ိန္မမွန္…။ဒီၾကားထဲ မ်က္မွန္တပ္သည့္ၾကား မ်က္ရည္ပူတို႔ကစီး၍က်ျပန္သည္။

ထိုျပင္အႏွိပ္သမားကအေတာ္ႏွင့္အေညာင္းအညာ မေျပ အေၾကာေတြေတာင့္တင္းလွ၍ခပ္ၾကမ္းၾကမ္း ႏွိပ္နင္းျပန္ရာ ဇက္ေၾကာေပါင္ေၾကာႏွင့္ေျခသလံုးသားမ်ား အညိဳအမည္းပင္ စဲြေနေတာ့သည္။ဒါလည္းအေညာင္းေျပသည္မဟုတ္ခဲ႔။

“ဒါျဖင့္ နည္းသာေပးပါအေဖရာ…ကြ်န္ေတာ္အေသအခ်ာလုပ္ပါမယ္”
“လုပ္ပါကြာ…တကယ္ထိေရာက္ျပီး..တစ္ပတ္တိတိသာ စမ္းလုပ္ပါ..။ မထူးျခားဘဲမေနပါဘူး။ အပန္းလည္းမၾကီးပါဘူးကြာ”

ညအိပ္ရာ၀င္ခါနီးတိုင္း ေရဇလံုထဲေရေႏြးႏွင့္ ဆား(၃၀)သား ေရာစပ္ျပီး ဆားေပ်ာ္ရည္ပူ ေႏြးေႏြးေလးထဲသို႔ ေျခႏွစ္ဖက္အား ေျခမ်က္စိအုပ္ရံု နာရီ၀က္ေလာက္ ထည့္စိမ္ေပးရန္ျဖစ္ပါသည္။ အပူေလ်ာ့ပါက ေရေႏြးအနည္းငယ္ထပ္မံစပ္ ေပးရပါမည္။

ေရခ်ိဳးစဥ္ေျခဖ၀ါး အလယ္ႏွင့္ ခါးကိုဆားျဖင့္ ပြတ္ေပးပါက အႏွိပ္အနင္းလြတ္သူျဖစ္လာမည္ကမလဲြ အမွန္ဧကန္ ္ပင္ျဖစ္ေပလိမ့္မည္။ ဆားသည္ကား သက္ရွိ သတၱ၀ါတို႔အတြက္မရွိမျဖစ္ေသာ အရာျဖစ္ေလသည္။

ထိုျပင္ ဆီးမွန္၀မ္းမွန္ ပိုမိုအဆင္ေျပေစရန္ကား ဆင္တံုးမႏြယ္မွဳန္႔အား ေန႔စဥ္ေကာ္ဖီဇြန္းေလး(၁)ဇြန္းသာ စားျပီးေနၾကည့္ပါ။ ဆီးမွန္၀မ္းမွန္အေညာင္းအညာေျပျပီးက်န္းမာ ေရးအတြက္အားလံုးအိုေကျဖစ္ရကာ မ်က္ရည္ပူမ်ားယိုစီးျခင္း ဘ၀ကလြတ္ေျမာက္မည္မွာေသခ်ာေနပါေတာ့သည္။

ပံုမွန္ျဖစ္သြားပါကအနည္းဆံုးတစ္ပတ္လွ်င္(၂)ၾကိမ္ျပဳလုပ္ ေပးရမည္ျဖစ္သည္။

လိုသူတို႔သံုးေစတနာအျပံဳးျဖင့္ ရႊင္လန္းနိုင္ၾကပါေစ…

 ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

#Unicode Version#
“ညောင်းတယ်ညာတယ်ပဲ မင်းအမြဲပြောနေတယ်။” “ငါပြောတာကိုမင်းလက်တွေ့လုပ်ကြည့် မဟုတ်ရင် မင်းကြိုက်သလိုပြော..”။
“လုပ်ရမှာကမင်းတာဝန်.ချက်ချင်းပျောက်ကင်းတယ်မပြောဘူးကွ..သက်သာရာက ပျောက်ကင်းတယ်လို့ပဲငါပြောမယ်…။ အဖေပြောသော အကြောင်းသာဖြစ်၏။”

အမြဲတမ်းညောင်းညာကိုက်ခဲမှုသည်က စိတ်ပျက်စရာကောင်းလှပြီး၊အကျင့်ပါလှသည်။ ညောင်းညာမည်ပေါ့…တစ်နေ့လုံး ရုံးစားပွဲ၊ ကွန်ပြူတာ၊ဖုံးတို့နှင့် ကွာသည်မရှိ၊တစ်ခါတစ်ရံ စားချိန် သောက်ချိန်မမှန်…။ဒီကြားထဲ မျက်မှန်တပ်သည့်ကြား မျက်ရည်ပူတို့ကစီး၍ကျပြန်သည်။

ထိုပြင်အနှိပ်သမားကအတော်နှင့်အညောင်းအညာ မပြေ အကြောတွေတောင့်တင်းလှ၍ခပ်ကြမ်းကြမ်း နှိပ်နင်းပြန်ရာ ဇက်ကြောပေါင်ကြောနှင့်ခြေသလုံးသားများ အညိုအမည်းပင် စွဲနေတော့သည်။ဒါလည်းအညောင်းပြေသည်မဟုတ်ခဲ့။

“ဒါဖြင့် နည်းသာပေးပါအဖေရာ…ကျွန်တော်အသေအချာလုပ်ပါမယ်”
“လုပ်ပါကွာ…တကယ်ထိရောက်ပြီး..တစ်ပတ်တိတိသာ စမ်းလုပ်ပါ..။ မထူးခြားဘဲမနေပါဘူး။ အပန်းလည်းမကြီးပါဘူးကွာ”

ညအိပ်ရာဝင်ခါနီးတိုင်း ရေဇလုံထဲရေနွေးနှင့် ဆား(၃၀)သား ရောစပ်ပြီး ဆားပျော်ရည်ပူ နွေးနွေးလေးထဲသို့ ခြေနှစ်ဖက်အား ခြေမျက်စိအုပ်ရုံ နာရီဝက်လောက် ထည့်စိမ်ပေးရန်ဖြစ်ပါသည်။ အပူလျော့ပါက ရေနွေးအနည်းငယ်ထပ်မံစပ် ပေးရပါမည်။

ရေချိုးစဉ်ခြေဖဝါး အလယ်နှင့် ခါးကိုဆားဖြင့် ပွတ်ပေးပါက အနှိပ်အနင်းလွတ်သူဖြစ်လာမည်ကမလွဲ အမှန်ဧကန် ်ပင်ဖြစ်ပေလိမ့်မည်။ ဆားသည်ကား သက်ရှိ သတ္တဝါတို့အတွက်မရှိမဖြစ်သော အရာဖြစ်လေသည်။

ထိုပြင် ဆီးမှန်ဝမ်းမှန် ပိုမိုအဆင်ပြေစေရန်ကား ဆင်တုံးမနွယ်မှုန့်အား နေ့စဉ်ကော်ဖီဇွန်းလေး(၁)ဇွန်းသာ စားပြီးနေကြည့်ပါ။ ဆီးမှန်ဝမ်းမှန်အညောင်းအညာပြေပြီးကျန်းမာ ရေးအတွက်အားလုံးအိုကေဖြစ်ရကာ မျက်ရည်ပူများယိုစီးခြင်း ဘဝကလွတ်မြောက်မည်မှာသေချာနေပါတော့သည်။

ပုံမှန်ဖြစ်သွားပါကအနည်းဆုံးတစ်ပတ်လျှင်(၂)ကြိမ်ပြုလုပ် ပေးရမည်ဖြစ်သည်။

လိုသူတို့သုံးစေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ကြပါစေ…
 ရဲမျိုးသူ(ဗောဓိမြိုင်)

No comments:

Post a Comment