Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 12, 2018

နာမည္ႀကီးေနတဲ့ မြန္ျပည္နယ္ မုဒံုၿမိဳ႕နယ္ ႏွီးပေဒါ စံျပရြာမွာ ေက်ာက္ေတြရဲ႔အျဖစ္မွန္က ဒီလိုပါတဲ့

ႏွီးပေဒါ စံျပ႐ြာမွာ ေက်ာက္ေတြ အလိုလိုထြက္လာတယ္ဆိုတဲ့သတင္း တက္လာေတာ့ စိတ္ဝင္စားမိတာနဲ႔ နဲနဲလိုက္စပ္စုမိလိုက္တာအဲ့ဒိေက်ာက္ေတြက မြန္ ၊ကရင္၊တနသၤာရီတိုင္း ဖက္ကထြက္တဲ့ garnet လို႔ေခၚတဲ့ ျမန္မာအမည္ ဥေဒါင္းေက်ာက္ေတြ ပါ မြန္ျပည္နယ္ထဲကတေနရာရာမွာေတာ္ေတာ္ ထြက္ေနပုံရတယ္ ၊ကားနဲ႔သယ္ရင္ ထြက္က်ခဲ့တာျဖစ္ႏိုင္တယ္၊ ဒီေက်ာက္ရဲ႕ မာေၾကာအဆင့္က ၅ ေလာက္ရွိပါတယ္ ၊သူက ရတနာ တန္းဝင္ေပမဲ့ လူႀကိဳက္ နည္းပါတယ္၊ေနေရာင္နဲ႔ထိမွ အနီေရာင္သန္းၿပီးဒီအတိုင္းအရိပ္ထဲ ဆို အညိဳေရာင္ဖက္ပါ ပါတယ္၊

က်ေနာ္တို႔မြန္ကရင္ေဒသမွာေတာ္ေတာ္ေတာ္ထြက္တယ္လို႔ ဆိုပါတယ္ အဲ့ဒိေက်ာက္ေတြကို ယခုေလာက္မ်ားမ်ားသယ္ယူေနပုံေထာက္ရင္ ဘယ္ေနရာမွာ ဘယ္သူေတြက ဘယ္သူ႔ခြင့္ျပဳ အမိန႔္နဲ႔ ဘယ္အခ်ိန္ကတည္းကတူးေနၿပီး၊ ႏိုင္ငံေတာ္က အခြန္ေငြ ဘယ္ေလာက္မ်ားရေနသလည္းဆိုတာ သိခ်င္ေနမိတာေတာ့ အမွန္ပဲ။ေက်ာက္နဲ႔ပတ္သပ္လို႔ သိလိုသမွ် အခ်က္အလက္ေတြကို စိတ္ရွည္ရွည္ျဖင့္ေျပာျပေပးပါေသာ ဆရာမႀကီး ေဒၚခင္ခင္ႏြယ္ကိုလည္း အထူးေက်းဇူးတင္ပါတယ္။

ဘာမွ ရတနာမိုး ေ႐ႊမိုး ေငြမိုးေတြ႐ြာတာမဟုတ္ဘူး၊အဲ့ဒါ ၿဗဳံးစသာသာေတြ ေက်ာက္စီပန္းခ်ီမွာလည္းသုံးတယ္ ၊ ယၾတာ လည္းေခ်ၾကတယ္၊ ဌာပနာထဲလည္းထည့္တယ္ ၊ ယိုးဒယားလည္းပို႔တယ္ ၊ ယိုးဒယားကိုပို႔တဲ့ ကားေပၚကအထုတ္ေတြထဲက ေပါက္က်လာတာလည္းျဖစ္ႏိုင္တယ္၊တိုင္းျပည္လည္း လဒနားရတာနဲ႔၊ မင္းေလာင္းေမ်ာ္ရတာနဲ႔ ၊ ေ႐ႊမိုးေငြမိုး ရတနာမိုး႐ြာရတာနဲ႔ dreaming ျဖစ္ေနတယ္ ၊

ေပါက္လႊတ္ပဲစား အေတြးေတြ ကန႔္ကြက္ပါတယ္ 😂
myinthtay

#Unicode Version#
နှီးပဒေါ စံပြရွာမှာ ကျောက်တွေ အလိုလိုထွက်လာတယ်ဆိုတဲ့သတင်း တက်လာတော့ စိတ်ဝင်စားမိတာနဲ့ နဲနဲလိုက်စပ်စုမိလိုက်တာအဲ့ဒိကျောက်တွေက မွန် ၊ကရင်၊တနင်္သာရီတိုင်း ဖက်ကထွက်တဲ့ garnet လို့ခေါ်တဲ့ မြန်မာအမည် ဥဒေါင်းကျောက်တွေ ပါ မွန်ပြည်နယ်ထဲကတနေရာရာမှာတော်တော် ထွက်နေပုံရတယ် ၊ကားနဲ့သယ်ရင် ထွက်ကျခဲ့တာဖြစ်နိုင်တယ်၊ ဒီကျောက်ရဲ့ မာကြောအဆင့်က ၅ လောက်ရှိပါတယ် ၊သူက ရတနာ တန်းဝင်ပေမဲ့ လူကြိုက် နည်းပါတယ်၊နေရောင်နဲ့ထိမှ အနီရောင်သန်းပြီးဒီအတိုင်းအရိပ်ထဲ ဆို အညိုရောင်ဖက်ပါ ပါတယ်၊

ကျနော်တို့မွန်ကရင်ဒေသမှာတော်တော်တော်ထွက်တယ်လို့ ဆိုပါတယ် အဲ့ဒိကျောက်တွေကို ယခုလောက်များများသယ်ယူနေပုံထောက်ရင် ဘယ်နေရာမှာ ဘယ်သူတွေက ဘယ်သူ့ခွင့်ပြု အမိန့်နဲ့ ဘယ်အချိန်ကတည်းကတူးနေပြီး၊ နိုင်ငံတော်က အခွန်ငွေ ဘယ်လောက်များရနေသလည်းဆိုတာ သိချင်နေမိတာတော့ အမှန်ပဲ။ကျောက်နဲ့ပတ်သပ်လို့ သိလိုသမျှ အချက်အလက်တွေကို စိတ်ရှည်ရှည်ဖြင့်ပြောပြပေးပါသော ဆရာမကြီး ဒေါ်ခင်ခင်နွယ်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဘာမှ ရတနာမိုး ရွှေမိုး ငွေမိုးတွေရွာတာမဟုတ်ဘူး၊အဲ့ဒါ ဗြုံးစသာသာတွေ ကျောက်စီပန်းချီမှာလည်းသုံးတယ် ၊ ယတြာ လည်းချေကြတယ်၊ ဌာပနာထဲလည်းထည့်တယ် ၊ ယိုးဒယားလည်းပို့တယ် ၊ ယိုးဒယားကိုပို့တဲ့ ကားပေါ်ကအထုတ်တွေထဲက ပေါက်ကျလာတာလည်းဖြစ်နိုင်တယ်၊တိုင်းပြည်လည်း လဒနားရတာနဲ့၊ မင်းလောင်းမျော်ရတာနဲ့ ၊ ရွှေမိုးငွေမိုး ရတနာမိုးရွာရတာနဲ့ dreaming ဖြစ်နေတယ် ၊

ပေါက်လွှတ်ပဲစား အတွေးတွေ ကန့်ကွက်ပါတယ် 😂
myinthtay

No comments:

Post a Comment