Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 12, 2018

တို့နိုင်ငံက ဆယ်လီ


အလကားလာလာမေးတဲ့
အင်တာဗျူးတွေကို ဖြေရတယ်
ကြည့်တဲ့သူတွေရဲ့ဆဲတာခံရတယ်
ဒီနိုင်ငံက cele

ကို့ privacy ကိုဖွင့်ချခံရတယ်
ဝိုင်းအားပေးကြတယ်
တပျော်တပါး ဆဲကြ ရှဲကြတယ်
အားမရသေးဘူး
နောက်ထပ်ဘယ်သူ့ကိုပါ ဟက်ပေးပါလို့တောင်တောင်းဆိုကြတယ်
ဘာမှလုပ်လို့မရဘဲထိုင်ကြည့်နေရတယ်
ဒီနိုင်ငံက cele

လူချစ်လူခင်များဖို့
မိဘကိုလုပ်ကျွေးနေရပါတယ်
ပရဟိတတွေဝါသနာပါပါတယ်
ပရိသတ်ကြီးကိုချစ်ပါတယ်လို့
နေ့တိုင်းမုသားတွေပြောပြီးစန်းတက်အောင်
ယတြာအမျိုးမျိုးချေနေရတယ်
ဒီနိုင်ငံက cele

ကိုယ်ယုံကြည်တဲ့ဘာသာ
ကိုယ်ကိုးကွယ်တဲ့ဘုရား
ကိုယ်ထောက်ခံတဲ့ပါတီ
ကိုယ်မွေးဖွားခဲ့တဲ့လူမျိုးကို
အမှန်အတိုင်းပြောခွင့်မရှိဘူး
ဒီနိုင်ငံက cele

Gay ဖြစ်ခွင့်မရှိဘူး
Lesbian ဖြစ်ခွင့်မရှိဘူး
နောက်အိမ်ထောင်ပြုခွင့်မရှိဘူး
ပရိသတ်ကိုပြန်ပြောခွင့်မရှိဘူး
ပေါ်လဆီကားရိုက်ခွင့်မရှိဘူး
ပရိသတ်မသိဘဲရည်းစားထားခွင့်မရှိဘူး
အသားမည်းခွင့်မရှိဘူး
အရပ်ပုခွင့်မရှိဘူး
ဝခွင့်မရှိဘူး
နို့ပေါ်ခွင့်မရှိဘူး
ဖင်အစစ်နဲ့ရိုက်ခွင့်မရှိဘူး
ကိုယ့်စရိုက်ကို ကိုယ့်စိတ်ရင်းကို
အမှန်အတိုင်းပြခွင့်မရှိဘူး
အားလုံးကအတုအယောင်နဲ့
ဟန်ဆောင်ထားတာကိုပဲလက်ခံကြတယ်
ဒီနိုင်ငံက cele

တကယ်အားပေးကြလားဆိုတော့လည်း...

ရုပ်သံကအလကားလွှင့်ရင်ကြည့်ကြတယ်
ရုံမှာဆို လာမကြည့်ကြဘူး

Zapya နဲ့ကူးလို့ရရင်နားထောင်တယ်
မူရင်းခွေဝယ်ဆို နှမြောတယ်

ဒုက္ခနည်းနည်းမရောက်လိုက်နဲ့
ဝိုင်းပြီး ဝမ်းသာကြတယ်
အဆင်ပြေနေလည်း J ဝင်ကြတယ်

အကယ်ဒမီရလည်းဆဲတယ်
မရလည်းဆဲတယ်

ဇာတ်ကားပေါက်လည်းဆဲတယ်
မပေါက်လည်းဟားတယ်

HD ထွက်လာရင်လည်း ကြည့်တယ်
မထွက်လာရင်လည်း
ထွက်လာဖို့ hack ခိုင်းတယ်

အပေါစားဝတ်ရင်ဝိုင်းဟားတယ်
Branded ဝတ်တော့လည်း Jဝင်ကြတယ်

သေရင်လည်း သွားပုပ်လေလွင့်ပြောကြတယ်
ရှင်နေရင်လည်း အပြစ်ရှာကြတယ်

တကယ်တော့
ခင်များတို့သိပ်မှားတယ်
အနုပညာရှင်မဖြစ်ခဲ့သင့်ဘူး
ဒီနိုင်ငံမှာ
#တကယ့်အနုပညာရှင်စစ်စစ်တွေရဲ့
ဖန်တီးမှုတွေဟာ
တန်ဖိုးမဲ့လူသားတွေရဲ့
သတ်မှတ်ချက်တွေအောက်မှာ
ထပ်မံရှင်သန်ခွင့်မရဘဲ
အမြဲလိုလိုသေဆုံးသွားကြတယ်။

Credit to Min Yel Kyaw Swar

No comments:

Post a Comment