Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 17, 2018

ဇက္ေၾကာတက္သူေတြ အတြက္ ကန္စြန္းရြက္


ဇက္ေၾကာတက္ၾကသူမ်ား၊ ဇက္ေတာင့္တင္းျခင္း၊ ကိုယ္ေငြ႕ေႏြးေႏြးႏွင့္ ဖ်ားခ်င္ သကဲ့သို႔ ျဖစ္ၿပီး ကိုယ္လက္မ်ား ေလးလံျခင္း၊ ေခၽြးငုပ္ ျခင္းမ်ား ခံစားရပါက သိေႏၶာဆား အနည္းငယ္မွ်ကို ကန္စြန္းရြက္ ႀကိတ္ညႇစ္ရည္ စပ္ေပးပါ။ ထိုေဆးရည္ကို လူႀကီး ေဆးတစ္ခြက္စာအတြက္ ဟင္းစာ စတီးဇြန္းႏွင့္ တစ္ခြန္းကို နံနက္ တစ္ႀကိမ္၊ ေန႔လယ္ တစ္ႀကိမ္၊ ညတစ္ႀကိမ္ တစ္ေန႔ သံုးႀကိမ္ တိုက္ေကၽြးေပးပါ။

အဆိုပါ လကၡာဏာမ်ား အတြက္ ဤေဆးရည္ တစ္စက္ကို သန္႔ရွင္းေသာ ေရဆယ္စက္ႏွင့္ ေရာစပ္၍ မ်က္စဥ္း ေဆးရည္အျဖစ္ ခပ္ေပး ႏိုင္ပါသည္။

ဟင္းလ်ာတစ္ခြက္ က်န္းမာေရးအတြက္

လတ္ဆက္သည့္ ကန္စြန္း႐ိုးနီ၊ ရြက္က် ပန္းလိန္ရြက္ကို ေရးေႏြးႏွင့္ ေဖ်ာပါ။ ထို႔ေနာက္ ပါးပါးလွီး ျဖတ္ေတာက္၍ ငါးက်ည္းေျခာက္၊ င႐ုတ္၊ ၾကက္သြန္နီ၊ ဆီ၊ ဆား ထည့္၍ သံပရာရည္ ဆမ္းကာ အသုပ္အျဖစ္ စားသံုးေပးျခင္းျဖင့္ အူလမ္းေၾကာင္းတြင္ ျဖစ္ေပၚ ႏိုင္ေသာ ဝမ္းကိုက္ ေရာဂါ၊ ေသြးဝမ္း ကိုက္ေရာဂါ၊ အမ်ဳိးသမီးတို႔တြင္ ျဖစ္ေပၚတတ္ေသာ မီးယပ္ ေသြးပုပ္ က်န္ေသာ ေရာဂါ၊ မီးယပ္ ေသြးမမွန္ေသာ ေရာဂါ၊ သားအိမ္ေလွ်ာက်ေသာ ေရာဂါ၊ သားျမတ္နာ (ႏို႔အံုနာ)၊ ႏို႔ထြက္နည္းျခင္း၊ ဇက္ေၾကာထိုးျခင္း၊ ဇက္ေၾကာတက္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသားအေရႏွင့္ ပတ္သက္ေသာ အေရျပား ေရာဂါမ်ား၊ အသံဝင္ အသံပ်က္ ေရာဂါအျပင္ ဆီးအိမ္ႏွင့္ ပတ္သက္ေသာ ေရာဂါတို႔တြင္ ကုသရာ၌ အသံုးဝင္ ေစပါသည္။

က်န္းမာေရး

မၾကာခဏ ကန္စြန္းရြက္ကို စားသံုး ေပးျခင္းျဖင့္ က်န္းမာမႈကို ျမႇင့္တင္ ေပးႏိုင္ၿပီး ခြန္အား ဗလရွိျခင္း၊ ဝမ္းတြင္း ေရာဂါကို သန္႔စင္ေပးျခင္း၊ အပူဒဏ္၊ အေအးဒဏ္ကို ခံႏိုင္ရည္ ရွိ ေစျခင္း၊ ေရာဂါ တစ္စံုတစ္ရာ လြယ္ကူစြာ ဝင္ေရာက္မႈကို တားဆီး ကာကြယ္ ေစႏိုင္ပါသည္။

Myfood

#Unicode Version#
ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။ ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာအတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။

အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည်အဖြစ် ခပ်ပေး နိုင်ပါသည်။

ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်

လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။

ကျန်းမာရေး

မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။
Myfood

No comments:

Post a Comment