Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 17, 2018

မသံုးရက္ မစားရက္ ႏွမ္းေရာင္းရတဲ့ ေငြေလးကို သားသမီးဆီ ေငြလာလႊဲတယ္ ဒါကို အတုဆိုျပီး ဘဏ္ဝန္ထမ္းက သိမ္းေတာ့


တစ္​​ေသာင္​းတန္​အတု

ဒါသိမ္​းမယ္​ဆိုရင္​ က်​ေနာ္​့ကို အစားျပန္​​ေပးပါ မရဘူး အကို သိမ္​းပဲ သိမ္​းခိုင္​းတာ မသိမ္​းပဲ ျပန္​​ေပးလိုက္​ရင္​လည္​း ​ေနာက္​တစ္​ခါသံုးရင္​ ​ေရာသံုးမွာ​ေလ ဒါဆို တစ္​႐ြက္​ ၅၀၀၀ ​ေတာ့ ျပန္​​ေပးပါ မရဘူး အကို မထားခဲ့ရင္​ ရဲစခန္​းဆီဖုန္​းဆက္​လိုက္​မယ္​

က်​ေနာ္​တို႔က နွမ္​း​ေရာင္​းၿပီး က​ေလးဆီ ​ေငြလာလႊဲတာ ကိုယ္​လည္​းမလုပ္​ဘူး က်​ေနာ္​ ​ေငြလႊဲလာထုတ္​ရင္​း ဘဏ္​က ​ဝန္​ထမ္​းေကာင္​မ​ေလးနဲ႔ အသက္​​ေလးဆယ္​ဝန္​းက်င္​​ေလာက္​ရွိမယ္​့လင္​မယားလို႔ ထင္​ရတဲ့သူ​ေတြ ​ေျပာဆို​ေနတာကို ၾကား​ေနရတာပါ ။

သူတို႔ခမ်ားလည္​း မသံုးလ်က္​ မစားလ်က္​ နွမ္​း​ေရာင္​းရတဲ့ ​ေငြ​ေလးကို နယ္​က သားသၼီးဆီ လာလႊဲတယ္​ ထင္​ပါတယ္​ ။ဒါကို အတုဆိုၿပီး ဘဏ္​ဝန္​ထမ္​းက သိမ္​း​ေတာ့ နွ​ေမ်ာ​ေနရွာတာ ။ အစားမရလို႔ ျပန္​ယူသြားမယ္​ဆို​ေတာ့လည္​း ရဲစခန္​းဖုန္​းဆက္​မယ္​ဆို​ေတာ့ မ်က္​နွာ​ေတြ မ​ေကာင္​းရွာဘူး ။

က်​ေနာ္​လည္​း ၾကည္​့​ေနရင္​းက မ​ေနနိုင္​​ေတာ့တာနဲ႔ ဘယ္​ဟာက အတုလဲဆိုၿပီး ကိုင္​ၾကည္​့မိတယ္​ ဒါက အစစ္​အကို ဒါက အတု ​ေသခ်ာၾကည္​့ၾကည္​့ပါ ဦး ဘဏ္​ဝန္​ထမ္​း​​ေတြက ေျပာျပ​ေနတာပါ က်​ေနာ္​ၾကည္​့​ေတာ့လည္​း ဘာမွ သိပ္​ထူးျခားတာ မရွိလွပါဘူး မ​ေသခ်ာမွာစိုးလို ​ေငြမထုတ္​​ေသးပဲ အတုအစစ္​ နွစ္​႐ြက္​လံုးကို ​ေသခ်ာကိုၾကည္​့တာ။

ေနာက္​ဆံုး မ​ေနနိုင္​​ေတာ့ ညီမတို႔က အတုအစစ္​ဘယ္​လို စစ္​တာလဲ ဒီလို​ေကာ ကိုယ္​့ဆံုးျဖတ္​ခ်က္​နဲ႔ကိုယ္​ သိမ္​းခြင္​့ ရွိလား ​ေမးလိုက္​တယ္ ဥပ​​ေဒရွိပါတယ္​ ဦး….

​ေရာ …ခက္​ၿပီ ​ေအး …အဲဒါဆို မ​ေန႔တ​ေန႔ကမွ အလုပ္​ဝင္​လာတဲ့ ဘဏ္​ဝန္​းထမ္​းက ဒါမ်ဳိး​ေတြလုပ္​​ေနရင္​​ေကာ ဘယ္​လို ယံုၾကည္​ရမလဲ ။ ဘဏ္​ဝန္​ထမ္​း​ေတြက ပိုက္​ဆံအတုအစစ္​ ခဲြတဲ့ပညာ​ေကာ အကုန္​သင္​ခဲ့ ရတာလား ။ မွားယြင္​းတဲ့ ဆံုးျဖတ္​ခ်က္​ဆိုရင္​ ပိုင္​ဆိုင္​သူဘက္​က နစ္​နာလြန္​းမ​ေနဘူးလား ။

ရဲစခန္​းတိုင္​မယ္​ဆိုလည္​း တိုင္​​ေပါ့ ဘာ​ေၾကာက္​စရာရွိလဲ အတုလုပ္​တဲ့သူ​ေတြ ရွိရင္​ ပိုက္​ဆံကိုင္​​ေနသူ​ေတြလက္​မွာ အတုလည္​းပါလာနိုင္​တာပဲ​ေလ… ဒါကို ဘယ္​ကရသလဲတဲ့လား ရွင္​းရွင္​း​ေလးပဲ အ​ေရာင္​းအဝယ္​လုပ္​ရင္​းက ရတယ္​ ။

ဒီလိုအတုကို လက္​ဝယ္​ထားရွိရင္​ အဖမ္​းအစီးခံရမယ္​တဲ့လား ညီမရဲသာ ​ေခၚလိုက္​ပါ ရဲက​ေကာ အတုအစစ္​ခြဲတဲ့ပညာတတ္​လား ညီမတို႔​ေတြပါးစပ္​ကအတုဆိုတာနဲ႔ပဲ သူတို႔ပိုက္​ဆံက တု​ေရာလား ညီမ ….

အတုအစစ္​သူတို႔လည္​း ဘယ္​သိနိုင္​မလဲ ညီမတို႔ေတာင္​ မနည္​းၿဖဲၾကည္​့​ေနရတာမလား ….ဒါဆို ညီမတို႔ ျမန္​မာ့စီးပြား​ေရးဘဏ္​က​ေကာ ပုဂၢလိက ဘဏ္​​ေတြက​ေကာ ​ေငြ​ေၾကး အတုအစစ္​နဲ႔ပတ္​သက္​ၿပီး လူထုကို အသိပညာ​ေပး ဘာ​ေတြျဖန္​႔​ေဝဘူးလဲ လို႔ ​ေမးမယ္​ ညီမ ။

အတုအစစ္​ ျပႆနာက နိုင္​​ငံ​ေတာ္​အစိုးရက စီစစ္​ရမွာပါ ထုတ္​လုပ္​သူ​ေတြကိုသာ အ​ေရးယူရမွာပါ ရိုးရိုးသားသား ​ေရာင္​းဝယ္​​ေဖာက္​ကား​ေနသူ​ေတြရဲ႕ လက္​ထဲမွာ အတု​ေကာအစစ္​​ေကာ ရွိ​ေနနိုင္​တယ္​…

အတုဆိုတာနဲ႔ လူကို ဖမ္​းလို႔ မရပါဘူး အတုဆိုတာကို သက္​ဆိုင္​ရာ​ေတြနဲ႔ သက္​​ေသခိုင္​လံု​ေအာင္​ ျပၿပီးမွ ကာယကံရွင္​ဆီက ပိုက္​ဆံကို သိမ္​းရတာပါ ။က်​ေနာ္​တစ္​​ေယာက္​တည္​း ​ေတာက္​​ေလွ်ာက္​​ေျပာ​ေန​ေတာ့ ဘဏ္​ဝန္​ထမ္​း​ေတြက တျဖည္​းျဖည္​းစုလာလို႔ က်​ေနာ္​ သူတို႔ကိုၾကည္​့ရင္​းက ဆက္​​ေျပာ​ေနမိတာပါ ။

ဒါ​ေပမယ္​့ ပိုက္​ဆံ ၁၀၀၀၀တန္​ ​ေလးငါး႐ြက္​ေတာ့ ကာယကံရွင္​​ေတြဆီက​ေန ဘဏ္​ဝန္​ထမ္​းက သိမ္​းသြားပါၿပီ ကာယကံရွင္​ နွစ္​​ေယာက္​ကလည္​းျပန္​ဖို႔ လုပ္​​ေနၿပီဆို​ေတာ့ က်​ေနာ္​လည္​း ​ေငြလႊဲထုတ္​ၿပီး ျပန္​လာခဲ့တယ္​။

မဆိုင္​ဘူးဗ် လက္​ဝယ္​ရွိတာနဲ႔ ဘယ္​ဖမ္​းလို႔ရမလဲ အတုမွန္​းမသိလို႔ လက္​ခံခဲ့တာ​ေလဗ်ာ အတု ဘယ္​သူ ယူခ်င္​မွာလဲ အတုဆိုတာ သက္​​ေသခိုင္​လုံ​ေအာင္​ရွင္​းျပ ​ေသခ်ာၿပီဆို သိမ္​း​ေပါ့ ။

ပိုက္​ဆံအတုလည္​း မသိလို႔လက္​ခံရ​ေသးတယ္​ အဖမ္​းပါ ခံရမယ္​ဆိုရင္​ ဒါ မတရားတာပဲ အတုထုတ္​တဲ့​ေနရာ​ေတြ ရွာပါ အ​ေရးယူပါ လူထုကို ပညာ​ေပးပါ ဒီလို ဘဏ္​ဝန္​ထမ္​း​ေတြအ​ေနနဲ႔ အတုလို႔ ​ေျပာၿပီး သိမ္​းပိုင္​ခြင္​့ရွိတယ္​ဆိုရင္​လည္​း ကြၽမ္​းက်င္​သူ​ေတြကို ​ေနရာ​ေပးပါ။

ဥပ​ေဒဆိုတိုင္​း တရားတယ္​ထင္​​ေနရင္​ က်​ေနာ္​တို႔​ေတြ ညံ့လို႔ပဲ​ေလ အရင္​းအျမစ္​ကို အ​ေရးမယူပဲ​ေနသ၍ အတုအစစ္​ေတြ ရွိ​ေနဦးမယ္​ဆိုတာကို​ေတြးရင္​း က်​ေနာ္​ ျပန္​ခဲ့လိုက္​တယ္​ ။

ေလးစားစြာျဖင့္ ကိုခ်မ္းေအး
 Zaw Aung

#Unicode Version#
တစ်သောင်းတန်အတု

ဒါသိမ်းမယ်ဆိုရင် ကျနော့်ကို အစားပြန်ပေးပါ မရဘူး အကို သိမ်းပဲ သိမ်းခိုင်းတာ မသိမ်းပဲ ပြန်ပေးလိုက်ရင်လည်း နောက်တစ်ခါသုံးရင် ရောသုံးမှာလေ ဒါဆို တစ်ရွက် ၅၀၀၀ တော့ ပြန်ပေးပါ မရဘူး အကို မထားခဲ့ရင် ရဲစခန်းဆီဖုန်းဆက်လိုက်မယ်

ကျနော်တို့က နှမ်းရောင်းပြီး ကလေးဆီ ငွေလာလွှဲတာ ကိုယ်လည်းမလုပ်ဘူး ကျနော် ငွေလွှဲလာထုတ်ရင်း ဘဏ်က ဝန်ထမ်းကောင်မလေးနဲ့ အသက်လေးဆယ်ဝန်းကျင်လောက်ရှိမယ့်လင်မယားလို့ ထင်ရတဲ့သူတွေ ပြောဆိုနေတာကို ကြားနေရတာပါ ။

သူတို့ခများလည်း မသုံးလျက် မစားလျက် နှမ်းရောင်းရတဲ့ ငွေလေးကို နယ်က သားသ္မီးဆီ လာလွှဲတယ် ထင်ပါတယ် ။ဒါကို အတုဆိုပြီး ဘဏ်ဝန်ထမ်းက သိမ်းတော့ နှမျောနေရှာတာ ။ အစားမရလို့ ပြန်ယူသွားမယ်ဆိုတော့လည်း ရဲစခန်းဖုန်းဆက်မယ်ဆိုတော့ မျက်နှာတွေ မကောင်းရှာဘူး ။

ကျနော်လည်း ကြည့်နေရင်းက မနေနိုင်တော့တာနဲ့ ဘယ်ဟာက အတုလဲဆိုပြီး ကိုင်ကြည့်မိတယ် ဒါက အစစ်အကို ဒါက အတု သေချာကြည့်ကြည့်ပါ ဦး ဘဏ်ဝန်ထမ်းတွေက ပြောပြနေတာပါ ကျနော်ကြည့်တော့လည်း ဘာမှ သိပ်ထူးခြားတာ မရှိလှပါဘူး မသေချာမှာစိုးလို ငွေမထုတ်သေးပဲ အတုအစစ် နှစ်ရွက်လုံးကို သေချာကိုကြည့်တာ။

နောက်ဆုံး မနေနိုင်တော့ ညီမတို့က အတုအစစ်ဘယ်လို စစ်တာလဲ ဒီလိုကော ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သိမ်းခွင့် ရှိလား မေးလိုက်တယ် ဥပဒေရှိပါတယ် ဦး….

ရော …ခက်ပြီ အေး …အဲဒါဆို မနေ့တနေ့ကမှ အလုပ်ဝင်လာတဲ့ ဘဏ်ဝန်းထမ်းက ဒါမျိုးတွေလုပ်နေရင်ကော ဘယ်လို ယုံကြည်ရမလဲ ။ ဘဏ်ဝန်ထမ်းတွေက ပိုက်ဆံအတုအစစ် ခွဲတဲ့ပညာကော အကုန်သင်ခဲ့ ရတာလား ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုရင် ပိုင်ဆိုင်သူဘက်က နစ်နာလွန်းမနေဘူးလား ။

ရဲစခန်းတိုင်မယ်ဆိုလည်း တိုင်ပေါ့ ဘာကြောက်စရာရှိလဲ အတုလုပ်တဲ့သူတွေ ရှိရင် ပိုက်ဆံကိုင်နေသူတွေလက်မှာ အတုလည်းပါလာနိုင်တာပဲလေ… ဒါကို ဘယ်ကရသလဲတဲ့လား ရှင်းရှင်းလေးပဲ အရောင်းအဝယ်လုပ်ရင်းက ရတယ် ။

ဒီလိုအတုကို လက်ဝယ်ထားရှိရင် အဖမ်းအစီးခံရမယ်တဲ့လား ညီမရဲသာ ခေါ်လိုက်ပါ ရဲကကော အတုအစစ်ခွဲတဲ့ပညာတတ်လား ညီမတို့တွေပါးစပ်ကအတုဆိုတာနဲ့ပဲ သူတို့ပိုက်ဆံက တုရောလား ညီမ ….

အတုအစစ်သူတို့လည်း ဘယ်သိနိုင်မလဲ ညီမတို့တောင် မနည်းဖြဲကြည့်နေရတာမလား ….ဒါဆို ညီမတို့ မြန်မာ့စီးပွားရေးဘဏ်ကကော ပုဂ္ဂလိက ဘဏ်တွေကကော ငွေကြေး အတုအစစ်နဲ့ပတ်သက်ပြီး လူထုကို အသိပညာပေး ဘာတွေဖြန့်ဝေဘူးလဲ လို့ မေးမယ် ညီမ ။

အတုအစစ် ပြဿနာက နိုင်ငံတော်အစိုးရက စီစစ်ရမှာပါ ထုတ်လုပ်သူတွေကိုသာ အရေးယူရမှာပါ ရိုးရိုးသားသား ရောင်းဝယ်ဖောက်ကားနေသူတွေရဲ့ လက်ထဲမှာ အတုကောအစစ်ကော ရှိနေနိုင်တယ်…

အတုဆိုတာနဲ့ လူကို ဖမ်းလို့ မရပါဘူး အတုဆိုတာကို သက်ဆိုင်ရာတွေနဲ့ သက်သေခိုင်လုံအောင် ပြပြီးမှ ကာယကံရှင်ဆီက ပိုက်ဆံကို သိမ်းရတာပါ ။ကျနော်တစ်ယောက်တည်း တောက်လျှောက်ပြောနေတော့ ဘဏ်ဝန်ထမ်းတွေက တဖြည်းဖြည်းစုလာလို့ ကျနော် သူတို့ကိုကြည့်ရင်းက ဆက်ပြောနေမိတာပါ ။

ဒါပေမယ့် ပိုက်ဆံ ၁၀၀၀၀တန် လေးငါးရွက်တော့ ကာယကံရှင်တွေဆီကနေ ဘဏ်ဝန်ထမ်းက သိမ်းသွားပါပြီ ကာယကံရှင် နှစ်ယောက်ကလည်းပြန်ဖို့ လုပ်နေပြီဆိုတော့ ကျနော်လည်း ငွေလွှဲထုတ်ပြီး ပြန်လာခဲ့တယ်။

မဆိုင်ဘူးဗျ လက်ဝယ်ရှိတာနဲ့ ဘယ်ဖမ်းလို့ရမလဲ အတုမှန်းမသိလို့ လက်ခံခဲ့တာလေဗျာ အတု ဘယ်သူ ယူချင်မှာလဲ အတုဆိုတာ သက်သေခိုင်လုံအောင်ရှင်းပြ သေချာပြီဆို သိမ်းပေါ့ ။

ပိုက်ဆံအတုလည်း မသိလို့လက်ခံရသေးတယ် အဖမ်းပါ ခံရမယ်ဆိုရင် ဒါ မတရားတာပဲ အတုထုတ်တဲ့နေရာတွေ ရှာပါ အရေးယူပါ လူထုကို ပညာပေးပါ ဒီလို ဘဏ်ဝန်ထမ်းတွေအနေနဲ့ အတုလို့ ပြောပြီး သိမ်းပိုင်ခွင့်ရှိတယ်ဆိုရင်လည်း ကျွမ်းကျင်သူတွေကို နေရာပေးပါ။

ဥပဒေဆိုတိုင်း တရားတယ်ထင်နေရင် ကျနော်တို့တွေ ညံ့လို့ပဲလေ အရင်းအမြစ်ကို အရေးမယူပဲနေသ၍ အတုအစစ်တွေ ရှိနေဦးမယ်ဆိုတာကိုတွေးရင်း ကျနော် ပြန်ခဲ့လိုက်တယ် ။

လေးစားစွာဖြင့် ကိုချမ်းအေး
Zaw Aung

No comments:

Post a Comment