Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 17, 2018

လူတစ္ေယာက္ရဲ႕ မ်က္ႏွာက်ကိုၾကည့္ျပီး သူဘယ္လိုလူမ်ိဳးလဲဆုိတာ ခန္႕မွန္းၾကည့္ႏိုင္……


လူတစ္ေယာက္ရဲ႕ မ်က္ႏွာက်ကို ၾကည့္ျပီး သူ႕စိတ္ေနစိတ္ထား၊ ဘယ္လိုလူမ်ိဳးလဲဆုိတာ သင္သိႏိုင္ပါတယ္။ The Wisdom of Your Face ဆုိတဲ့စာအုပ္ကို ေရးသားတဲ့ Jean Haner ရဲ႕ ေျပာၾကားခ်က္အရေရာ၊ အျခားသုေတသနေတြ အရပါ လူတစ္ေယာက္ရဲ႕မ်က္ႏွာကို ေလ့လာၾကည့္ရႈလိုက္တာနဲ႕ ဒီလူ ဘယ္လိုလူမ်ိဳးလဲ ဘာေတြခံစားေနသလဲ ေတြးေနသလဲ ဆိုတာကိုပါ သိႏိုင္ပါတယ္တဲ့။ ကဲ ဘယ္လိုမ်က္ႏွာက်က ဘယ္လိုလူမ်ိဳးျဖစ္မလဲ ၾကည့္ၾကရေအာင္။

၁။အသည္းပံုမ်က္ႏွာ ပိုင္ဆုိင္သူေတြ

သင္ဟာ နဖူးနည္းနည္းက်ယ္ျပီး ေမးေစ့ကို သြယ္ျပီးဆင္းသြားတဲ့ မ်က္ႏွာက်မ်ိဳး ပိုင္ဆုိင္တယ္ဆုိရင္ေတာ့ ဒါ အသည္းပံုမ်က္ႏွာလုိ႕ သတ္မွတ္ၾကပါတယ္။ ဒီလိုမ်က္ႏွာက်မ်ိဳးရွိသူေတြဟာ ဥာဏ္ရည္ထက္ျမက္ၾကျပီး တစ္ခုခုကို ေလးေလးနက္နက္ေတြးေတာတတ္ၾကတာ အသစ္တစ္ခုကို လုပ္ၾကည့္ဖုိ႕လည္း စိတ္အားထက္သန္ၾကပါတယ္။ သူတုိ႕ဟာ ဖန္တီးမႈစြမ္းအားျမင့္မားၾကေပမယ့္ ေခါင္းမာတယ္။ တစ္ခုခုဆုိ တစ္ပါးသူကိုပါ အတင္းလိုက္လုပ္ခုိင္းတတ္တယ္။ ဒါ့အျပင္ ေငြေရးေၾကးေရးအခက္အခဲေတြလည္း မၾကာခဏၾကံဳရတတ္ပါတယ္။

၂။ေထာင့္မွန္စတုဂံမ်က္ႏွာရွည္ ပိုင္ရွင္ေတြ

သင့္နဖူးဟာက်ယ္ျပီး ေမးရိုးကလည္း ကားမယ္ဆုိရင္သင္ဟာ မ်က္ႏွာေလးေထာင့္ပုိင္ရွင္ပါ။ မ်က္ႏွာေလးေထာင့္ပုိင္ရွင္ေတြဟာ က်ိဳးေၾကာင္းက်က် ဆင္ျခင္ေတြးေခၚတတ္တယ္။ သင္ဟာ တစ္ခုခုကို ထပ္ခါထပ္ခါ ေတြးေခၚတတ္ျပီး ခံစားခ်က္ေတြကို အျမဲသိမ္းဆည္းထားတတ္တဲ့ လူမ်ိဳးပါ။

၃။ၾကိဂံမ်က္ႏွာပိုင္ရွင္ေတြ

သင္ဟာ နဖူးက က်ဥ္းေပမယ့္ ေမးရိုးကားျပီး ေမ့ေစ့နားကို တစ္ျဖည္းျဖည္းက်ယ္သြားသလို မ်က္ႏွာက်မ်ိဳးပိုင္ဆုိင္တယ္ဆုိရင္ သင္ဟာ ၾကိဂံမ်က္ႏွာပိုင္ရွင္ပါပဲ။ ဒီလိုမ်က္ႏွာပိုင္ရွင္မ်ိဳးေတြဟာ တစ္ခါတစ္ေလ အူတိအူေၾကာင္ ပံုစံ ေနတတ္ေပမယ့္ အားလံုးအဆင္ေျပျပီး ဆုိရွယ္က်က်လည္း ေနတတ္ပါတယ္။ ေဒါသထြက္လြယ္ေပမယ့္ ဒါကိုဘယ္လိုထိန္းရမလဲ စိတ္ျငိမ္ေအာင္ဘယ္လိုလုပ္ရမလဲဆိုတာကိုလည္း သိေနျပန္ပါတယ္။ ဒါေပမယ့္ ဒီလိုလူမ်ိဳးေတြဟာ သူတုိ႕လုပ္ေဆာင္တဲ့အရာေတြကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏုိင္ၾကပါတယ္။

၄။စိန္သြယ္ သ႑ာန္မ်က္ႏွာပိုင္ရွင္ေတြ

သင့္မ်က္ႏွာတစ္ခုလံုးမွာ ပါးေမးရိုးလုိေနရာက အၾကီးဆံုးျဖစ္ေနမယ္ဆုိရင္ သင္ဟာ စိန္သ႑ာန္မ်က္ႏွာပိုင္ရွင္တစ္ေယာက္ပါပဲ။ ဒီလိုမ်က္ႏွာပိုင္ရွင္မ်ိဳးေတြဟာ ေခါင္းေဆာင္ေကာင္းေတြ ျဖစ္တတ္ၾကျပီး ကိုယ့္ကုိကုိယ္ ျပီးျပည့္စံုေအာင္ ျပဳမူေနထုိင္တတ္ၾကသလို ယံုၾကည္မႈလည္း အျပည့္ရွိၾကပါတယ္။ သူတုိ႕ဟာ ဘ၀မွာ ေအာင္ျမင္မႈကို ရရွိဖုိ႕ လြယ္ကူေပမယ့္ အခ်စ္ေရးမွာေတာ့ အဆင္ေျပတာမ်ိဳး ရွားပါတယ္။ ေဒါသထြက္လြယ္ျပီး သူတုိ႕ကို ဘယ္လိုလူမ်ိဳးလို႕ ခန္႕မွန္းရခက္ပါတယ္။

၅။ေလးေထာင့္သ႑ာန္မ်က္ႏွာပိုင္ရွင္ေတြ

သင့္မ်က္ႏွာဟာ ေမးရိုးလည္းက်ယ္တယ္။ အားလံုးဟာ ညီေနသလိုမ်ိဳး မ်က္ႏွာဆုိရင္ေတာ့ ဒါဟာ ေလ့ေထာင့္သ႑ာန္မ်က္ႏွာပိုင္ရွင္ပဲျဖစ္ပါတယ္။ ဒီမ်က္ႏွာပိုင္ရွင္တြဟာ လက္ေတြ႔က်တယ္။ အၾကံဥာဏ္ေကာင္းေတြ ေပးတတ္တဲ့သူေတြ ျဖစ္ျပီး ဆံုးျဖတ္ခ်က္ခ်ရမွာလည္း မွန္ကန္ၾကပါတယ္။ အျပိဳင္အဆုိင္မ်ားတဲ့ ဘ၀မွာသာ ေနလိုၾကတယ္။ သူတစ္ပါး လႊမ္းမိုးတာကို ဘယ္ေတာ့မွ မခံတတ္ဘူး။

၆။ဘဲဥပံု မ်က္ႏွာပိုင္ရွင္ေတြ

သင့္မ်က္ႏွာဟာ ဘဲဥပံုလိုမ်ိဳး မ်က္ႏွာက်ရွိတယ္ဆုိရင္ေတာ့ သင္ဟာ တျခားမ်က္ႏွာက်ပိုင္ရွင္ေတြထက္ ပိုၾကည့္ေကာင္းတယ္လုိ႕ ဆုိၾကပါတယ္။ ဒီမ်က္ႏွာပိုင္ရွင္ေတြဟာ သင့္ေတာ္မွန္ကန္တဲ့ စကားလံုးေရြးခ်ယ္မႈအပိုင္းမွာ ထူးခ်ြန္ၾကပါတယ္။ အျခားသူတစ္ေယာက္ စိတ္သက္သာရာရေအာင္ ဘယ္လိုေျပာဆုိရမယ္ဆုိတာကိုလညး္ သိၾကပါတယ္။ သူတုိ႕ေတြက IQျမင့္မားၾကျပီး ထူးခ်ြန္ထက္ျမက္ၾကပါတယ္။

maymyanmar.asia

#Unicode Version#
လူတစ်ယောက်ရဲ့ မျက်နှာကျကို ကြည့်ပြီး သူ့စိတ်နေစိတ်ထား၊ ဘယ်လိုလူမျိုးလဲဆိုတာ သင်သိနိုင်ပါတယ်။ The Wisdom of Your Face ဆိုတဲ့စာအုပ်ကို ရေးသားတဲ့ Jean Haner ရဲ့ ပြောကြားချက်အရရော၊ အခြားသုတေသနတွေ အရပါ လူတစ်ယောက်ရဲ့မျက်နှာကို လေ့လာကြည့်ရှုလိုက်တာနဲ့ ဒီလူ ဘယ်လိုလူမျိုးလဲ ဘာတွေခံစားနေသလဲ တွေးနေသလဲ ဆိုတာကိုပါ သိနိုင်ပါတယ်တဲ့။ ကဲ ဘယ်လိုမျက်နှာကျက ဘယ်လိုလူမျိုးဖြစ်မလဲ ကြည့်ကြရအောင်။

၁။အသည်းပုံမျက်နှာ ပိုင်ဆိုင်သူတွေ

သင်ဟာ နဖူးနည်းနည်းကျယ်ပြီး မေးစေ့ကို သွယ်ပြီးဆင်းသွားတဲ့ မျက်နှာကျမျိုး ပိုင်ဆိုင်တယ်ဆိုရင်တော့ ဒါ အသည်းပုံမျက်နှာလို့ သတ်မှတ်ကြပါတယ်။ ဒီလိုမျက်နှာကျမျိုးရှိသူတွေဟာ ဉာဏ်ရည်ထက်မြက်ကြပြီး တစ်ခုခုကို လေးလေးနက်နက်တွေးတောတတ်ကြတာ အသစ်တစ်ခုကို လုပ်ကြည့်ဖို့လည်း စိတ်အားထက်သန်ကြပါတယ်။ သူတို့ဟာ ဖန်တီးမှုစွမ်းအားမြင့်မားကြပေမယ့် ခေါင်းမာတယ်။ တစ်ခုခုဆို တစ်ပါးသူကိုပါ အတင်းလိုက်လုပ်ခိုင်းတတ်တယ်။ ဒါ့အပြင် ငွေရေးကြေးရေးအခက်အခဲတွေလည်း မကြာခဏကြုံရတတ်ပါတယ်။

၂။ထောင့်မှန်စတုဂံမျက်နှာရှည် ပိုင်ရှင်တွေ

သင့်နဖူးဟာကျယ်ပြီး မေးရိုးကလည်း ကားမယ်ဆိုရင်သင်ဟာ မျက်နှာလေးထောင့်ပိုင်ရှင်ပါ။ မျက်နှာလေးထောင့်ပိုင်ရှင်တွေဟာ ကျိုးကြောင်းကျကျ ဆင်ခြင်တွေးခေါ်တတ်တယ်။ သင်ဟာ တစ်ခုခုကို ထပ်ခါထပ်ခါ တွေးခေါ်တတ်ပြီး ခံစားချက်တွေကို အမြဲသိမ်းဆည်းထားတတ်တဲ့ လူမျိုးပါ။

၃။ကြိဂံမျက်နှာပိုင်ရှင်တွေ

သင်ဟာ နဖူးက ကျဉ်းပေမယ့် မေးရိုးကားပြီး မေ့စေ့နားကို တစ်ဖြည်းဖြည်းကျယ်သွားသလို မျက်နှာကျမျိုးပိုင်ဆိုင်တယ်ဆိုရင် သင်ဟာ ကြိဂံမျက်နှာပိုင်ရှင်ပါပဲ။ ဒီလိုမျက်နှာပိုင်ရှင်မျိုးတွေဟာ တစ်ခါတစ်လေ အူတိအူကြောင် ပုံစံ နေတတ်ပေမယ့် အားလုံးအဆင်ပြေပြီး ဆိုရှယ်ကျကျလည်း နေတတ်ပါတယ်။ ဒေါသထွက်လွယ်ပေမယ့် ဒါကိုဘယ်လိုထိန်းရမလဲ စိတ်ငြိမ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိနေပြန်ပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေဟာ သူတို့လုပ်ဆောင်တဲ့အရာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြပါတယ်။

၄။စိန်သွယ် သဏ္ဍာန်မျက်နှာပိုင်ရှင်တွေ

သင့်မျက်နှာတစ်ခုလုံးမှာ ပါးမေးရိုးလိုနေရာက အကြီးဆုံးဖြစ်နေမယ်ဆိုရင် သင်ဟာ စိန်သဏ္ဍာန်မျက်နှာပိုင်ရှင်တစ်ယောက်ပါပဲ။ ဒီလိုမျက်နှာပိုင်ရှင်မျိုးတွေဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်တတ်ကြပြီး ကိုယ့်ကိုကိုယ် ပြီးပြည့်စုံအောင် ပြုမူနေထိုင်တတ်ကြသလို ယုံကြည်မှုလည်း အပြည့်ရှိကြပါတယ်။ သူတို့ဟာ ဘဝမှာ အောင်မြင်မှုကို ရရှိဖို့ လွယ်ကူပေမယ့် အချစ်ရေးမှာတော့ အဆင်ပြေတာမျိုး ရှားပါတယ်။ ဒေါသထွက်လွယ်ပြီး သူတို့ကို ဘယ်လိုလူမျိုးလို့ ခန့်မှန်းရခက်ပါတယ်။

၅။လေးထောင့်သဏ္ဍာန်မျက်နှာပိုင်ရှင်တွေ

သင့်မျက်နှာဟာ မေးရိုးလည်းကျယ်တယ်။ အားလုံးဟာ ညီနေသလိုမျိုး မျက်နှာဆိုရင်တော့ ဒါဟာ လေ့ထောင့်သဏ္ဍာန်မျက်နှာပိုင်ရှင်ပဲဖြစ်ပါတယ်။ ဒီမျက်နှာပိုင်ရှင်တွဟာ လက်တွေ့ကျတယ်။ အကြံဉာဏ်ကောင်းတွေ ပေးတတ်တဲ့သူတွေ ဖြစ်ပြီး ဆုံးဖြတ်ချက်ချရမှာလည်း မှန်ကန်ကြပါတယ်။ အပြိုင်အဆိုင်များတဲ့ ဘဝမှာသာ နေလိုကြတယ်။ သူတစ်ပါး လွှမ်းမိုးတာကို ဘယ်တော့မှ မခံတတ်ဘူး။

၆။ဘဲဥပုံ မျက်နှာပိုင်ရှင်တွေ

သင့်မျက်နှာဟာ ဘဲဥပုံလိုမျိုး မျက်နှာကျရှိတယ်ဆိုရင်တော့ သင်ဟာ တခြားမျက်နှာကျပိုင်ရှင်တွေထက် ပိုကြည့်ကောင်းတယ်လို့ ဆိုကြပါတယ်။ ဒီမျက်နှာပိုင်ရှင်တွေဟာ သင့်တော်မှန်ကန်တဲ့ စကားလုံးရွေးချယ်မှုအပိုင်းမှာ ထူးချွန်ကြပါတယ်။ အခြားသူတစ်ယောက် စိတ်သက်သာရာရအောင် ဘယ်လိုပြောဆိုရမယ်ဆိုတာကိုလည်း သိကြပါတယ်။ သူတို့တွေက IQမြင့်မားကြပြီး ထူးချွန်ထက်မြက်ကြပါတယ်။
maymyanmar.asia

No comments:

Post a Comment