Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 19, 2018

​ေက်ာက္ဖရံုသီးအစြမ္း အံ့မခန္း

 ေက်ာက္ဖရံုသီးဟာ ႏြယ္ပင္မ်ိဳးႏြယ္၀င္ ျဖစ္ၿပီး အသီးနဲ႔ အညႊန္႔ကို စားၾကပါတယ္။ ေက်ာက္ဖရံုမွာ အခ်ိဳနဲ႔ အခါးဆိုၿပီး အရသာ ႏွစ္မ်ိဳး ကြဲျပားပါတယ္။ အခါးမ်ိဳးကေတာ့ အလံုးအနည္းငယ္ေသးၿပီး အခ်ိဳမ်ိဳးကေတာ့ အလံုးႀကီးမ်ိဳး ျဖစ္ပါတယ္။

ေက်ာက္ဖရံုသီးကို လက္တင္ဘာသာျဖင့္ Benincasa Cerifera ဟုေခၚျပီး အဂၤလိပ္ ဘာသာျဖင့္ White Ground Melon ဆိုၿပီး ေခၚၾကပါတယ္။ ေက်ာက္ဖရံုသီးဟာ အားကိုတိုးပြားေစျခင္း၊ သုတ္ကို တိုးပြား ေစျခင္း၊ ၀မ္းမီးကိုေတာက္ေစျခင္း၊ ဆီးအိမ္ကို သန္႔စင္ေစျခင္း၊ သည္းေျခကိုႏုိင္ျခင္း၊ ေသြးေလေရာဂါတို႔ကို ေပ်ာက္ကင္းေစႏုိင္ျခင္း အစရွိတဲ့ အစြမ္းသတၱိေတြ ရွိပါတယ္။

ေက်ာက္ဖရံုသဟာည္ ေခ်ာင္းဆိုးေရာဂါ၊ ပန္းနာရင္က်ပ္ေရာဂါမ်ားကို ေက်ာက္ဖရံုျမစ္အား အမွဳန္႕ျပဳ၍ ေရေႏြးျဖင့္ တိုက္ေကြ်း ကုသေပ်ာက္ ကင္းေစသည္ဟုလည္းေကာင္း၊ ၀မ္းေရာဂါကို ေက်ာက္ခရ့ုပြင့္ သံုးမူးသားကိုၾကိတ္၍ ေကြ်းပါက ကုသေပ်ာက္ကင္းေစနိုင္သည္ဟူ၍ လည္းေကာင္း၊ ၀မ္းတြင္းပိုး(သံေကာင္)စည္မ်ားကို ေက်ာက္ဖရံု အေစ့(၅)မတ္သားကို ၾကိတ္၍ ဆီျဖင့္ေဖ်ာ္ေသာက္ ေစျပီး ၀မ္နူးေဆးကို တိုက္ေကြ်းပါက ၀မ္းတြင္း ပိုးမ်ား က်သည္ဟု သိရပါတယ္။

ေက်ာက္ဖရံုသီးပြင့္ကို ႀကိတ္ၿပီးစားရင္ ၀မ္းေရာဂါကို သက္သာေစႏုိင္ပါတယ္။ အဆုတ္ေရာဂါေၾကာင့္ အားအင္ကုန္ခမ္းေနရင္လည္း အသီးကို ခ်က္စားေပးပါ။ ေက်ာက္ဖရံုသီးဟာ ေက်ာက္ကပ္ေရာဂါသည္ေတြ အတြက္ အထူးေဆးတစ္လက္ပါပဲ။ ေက်ာက္ဖရံုရည္ကို ၀က္ရူးနာ၊ ေလနာ နဲ႔ အရူးေရာဂါေတြ အတြက္ အသံုးျပဳၾကပါတယ္။ ေက်ာက္ကပ္ေဖာေရာင္ျခင္းႏွင့္ အသည္းေရာင္အသား၀ါေရာဂါမ်ားအတြက္ ေက်ာက္ဖရံုသီးသတၱဳရည္ကို သၾကားႏွင့္ ေရာစပ္တုိက္ေကၽြးလို႔ ရပါတယ္။

ကိုးကားမ်ား။ ။ ရွင္နာဂသိန္ ပံုျပေဆးအဘိဓါန္။ျမန္မာ့ ေဆးဖက္ဝင္အပင္မ်ား။ ဆရာဦးသာတင့္ ပုဂၢလ က်မ္း Online Data မ်ား။
Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
 ကျောက်ဖရုံသီးဟာ နွယ်ပင်မျိုးနွယ်ဝင် ဖြစ်ပြီး အသီးနဲ့ အညွှန့်ကို စားကြပါတယ်။ ကျောက်ဖရုံမှာ အချိုနဲ့ အခါးဆိုပြီး အရသာ နှစ်မျိုး ကွဲပြားပါတယ်။ အခါးမျိုးကတော့ အလုံးအနည်းငယ်သေးပြီး အချိုမျိုးကတော့ အလုံးကြီးမျိုး ဖြစ်ပါတယ်။

ကျောက်ဖရုံသီးကို လက်တင်ဘာသာဖြင့် Benincasa Cerifera ဟုခေါ်ပြီး အင်္ဂလိပ် ဘာသာဖြင့် White Ground Melon ဆိုပြီး ခေါ်ကြပါတယ်။ ကျောက်ဖရုံသီးဟာ အားကိုတိုးပွားစေခြင်း၊ သုတ်ကို တိုးပွား စေခြင်း၊ ဝမ်းမီးကိုတောက်စေခြင်း၊ ဆီးအိမ်ကို သန့်စင်စေခြင်း၊ သည်းခြေကိုနိုင်ခြင်း၊ သွေးလေရောဂါတို့ကို ပျောက်ကင်းစေနိုင်ခြင်း အစရှိတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။

ကျောက်ဖရုံသဟာည် ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါများကို ကျောက်ဖရုံမြစ်အား အမှုန့်ပြု၍ ရေနွေးဖြင့် တိုက်ကျွေး ကုသပျောက် ကင်းစေသည်ဟုလည်းကောင်း၊ ဝမ်းရောဂါကို ကျောက်ခရ့ုပွင့် သုံးမူးသားကိုကြိတ်၍ ကျွေးပါက ကုသပျောက်ကင်းစေနိုင်သည်ဟူ၍ လည်းကောင်း၊ ဝမ်းတွင်းပိုး(သံကောင်)စည်များကို ကျောက်ဖရုံ အစေ့(၅)မတ်သားကို ကြိတ်၍ ဆီဖြင့်ဖျော်သောက် စေပြီး ဝမ်နူးဆေးကို တိုက်ကျွေးပါက ဝမ်းတွင်း ပိုးများ ကျသည်ဟု သိရပါတယ်။

ကျောက်ဖရုံသီးပွင့်ကို ကြိတ်ပြီးစားရင် ဝမ်းရောဂါကို သက်သာစေနိုင်ပါတယ်။ အဆုတ်ရောဂါကြောင့် အားအင်ကုန်ခမ်းနေရင်လည်း အသီးကို ချက်စားပေးပါ။ ကျောက်ဖရုံသီးဟာ ကျောက်ကပ်ရောဂါသည်တွေ အတွက် အထူးဆေးတစ်လက်ပါပဲ။ ကျောက်ဖရုံရည်ကို ဝက်ရူးနာ၊ လေနာ နဲ့ အရူးရောဂါတွေ အတွက် အသုံးပြုကြပါတယ်။ ကျောက်ကပ်ဖောရောင်ခြင်းနှင့် အသည်းရောင်အသားဝါရောဂါများအတွက် ကျောက်ဖရုံသီးသတ္တုရည်ကို သကြားနှင့် ရောစပ်တိုက်ကျွေးလို့ ရပါတယ်။

ကိုးကားများ။ ။ ရှင်နာဂသိန် ပုံပြဆေးအဘိဓါန်။မြန်မာ့ ဆေးဖက်ဝင်အပင်များ။ ဆရာဦးသာတင့် ပုဂ္ဂလ ကျမ်း Online Data များ။
Original Uploader

No comments:

Post a Comment