Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 19, 2018

တပ်မတော် တစ်ခုထဲ ရှိရမယ် ဆိုသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဘောထားအပေါ်



တပ်မတော် တစ်ခုထဲ ရှိရမယ် ဆိုသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဘောထားအပေါ် ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီ နှင့် စစ်ဦးစီးချုပ် ၂ ဘောကျော်ဟဲ တို့၏  သဘောထား..

မေး။ ။
မြန်မာ နိုင်ငံမှာ တပ်မတော် တစ်ခုထဲ ထားရှိရမည် ဆိုသော ဗမာ့တက်မတော် ရဲ့ သဘောထားကို ဘယ်လို မြင်ပါသလဲ?

ဖြေ။ ။

ဗိုလ်ချုပ် ဂျော်နီ( KNLA) စစ်ဦးစီးချုပ် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်

တစ်ကမ္ဘာ လုံးက ဒီမိုကရေစီ တိုင်းပြည် တွေမှာ စစ်တပ်ဟါ သမ္မတ အောက်မှာဘဲရှိကြတယ်။ အဲဒီ မင်း အောင်လှိုင်က အောင်ဆန်းစုကြည် ပြီးလဲသူ မပြီးဘူး သမ္မတပြီးလဲသူ မပြီးတဲ့ အပြင် သူ က ဟိုးသမ္မတ အပေါ်မှာ နေ နေတယ်။သူတို့က စစ်အာဏါရှင်ဘဲလေ..ကောင်းတဲ့ စစ်တပ်မှ မဟုတ်ဘဲ။ တစ်မတ်သား ၂၅ ၀် စစ်ဗိုလ်ချုပ် ဘဲ ဆိုတာလူတိုင်းသိတယ်။ သူက ၂၀၀၈ ဖွဲ့ စည်းပုံကို ကာကွယ်ထားတယ်ဆိုတော့ ၂၀၀၈ ဖွဲ့ စည်းပုံ အတိုင်းဘဲသူပြောတာပေါ့..အဲဒီအတိုင်းလုပ်လို့ကတော့ တပ်မတော် တစ်ရပ် ဆို တာ နောက် အနှစ် ၂၀ လည်းဖြစ်မလာနိုင်ဘူး။ တပ်မတော် တစ်ရပ်ဆိုတာ တိုင်းပြည်တစ်ခုလုံး အေးချမ်းသာယာသွားပြီးမှ ဖက်ဒရယ်တပ်မတော် ဆိုတာဖြစ်လာရမယ်။ ဗမာ့တပ်မတော် ကချင် တပ်မတော် ကရင်တပ်မတော် မွန်တပ်မတော်မဟုတ်ဘဲ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ ဖက်ဒရယ် တပ် မတော်ဖြစ်ရမယ်။ အခုအချိန်က တိုင်းပြည် တစ်ကယ် မငြိမ်းချမ်းသေးတော့ တပ်မတော်တစ်ခုထဲ ထားလို့ရတဲ့ အချိန်မရောက်သေးဘူး...ကျနော်တို့ကို ဗမာစစ်တပ်က အတင်းသူ တို့ စစ်သားလုပ်ခိုင်းလို့ကတော့ ကရင့်တပ်မတော်ဆိုတာ အချဉ်လား အခါးလား သူတို့ သိသွားမှာပါ။ စစ်အာဏါရှင်ကို ကျနော် တစ်ယောက်ထဲတိုက်လာတာ နှစ် ၅၀ ရှိပြီ သူတို့က ကျနော်တို့ တို့ တိုင်းရင်းသားအခွင့်အရေးကို ဘယ်တော့မှ လွယ်လွယ် နဲ့ မပေးဘူး ဆိုတာ ကျနော်တို့သိတယ်။

ဖြေ။. ။KNLA ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲ

အချိန်မကျသေးဘူးလို့ မြင်တယ်။ အများကြီးလိုသေးတယ်။တပ်မတော်တစ်ခုထဲဆိုတာ ဘယ်လို တပ်မတော်မျိုးလဲ?အခု လက်ရှိဗမာ့တပ်မတော်က စစ်အာဏါရှင် တပ်မတော်ဖြစ်နေဆဲဘဲ။ဒီတော့ ဒီ စစ်အာဏါရှင် တပ်မတော် နှင့် ကျနော်တို့က ဘယ်လို တပ်မတော်တစ်ခုထဲ လက်ခံလို့ရမလဲ..မဖြစ်နိုင်ဘူး..အချိန်အများကြီးလိုသေးတယ်။တပ်မတော်တစ်ခုထဲဖြစ်လာဖို့က ဒီမိုကရေစီ အစိုးရဟါ တစ်ကယ်အာဏါရလာပြီ နေရာမှန်သွားပြီ စစ်အာဏာရှင် အုပ်ချုပ် စိုး မိုးချယ်လှယ် နေတာမဟုတ်တော့ဘူး ဆိုမှ တပ်မတော် တစ်ခုထဲ ဘယ်လို ပေါင်းစည်းကြမလဲဆိုမှ ကျနော် တို့ ပြောဆိုညှိနိုင်းကြရမှာလေ။ အခုအချိန်က စစ်အာဏါရှင်တွေကဘဲ အာဏါ ဆက်လက် ကိုင်စွဲထားကြတာဖြစ်ပြီးဘယ်သူမှ သူတို့ကို မထောက်ခံကြတဲ့အပြင် သူတို့ရဲ့ဦးဆောင်မှုက မမှန်ဘူး မကောင်းဘူးလို့  လူတိုင်းမြင်နေကြပြီး နိုင်ငံတစ်ကာကလည်း အရေးယူဖို့  လုပ်နေကြတယ်။ဒီလို တပ်မတော်မျိုးနှင့် ကျနော်တို့ဘယ်လို ပေါင်းစည်း အလုပ်လုပ်လို့ရမလဲ။ တပ်မတော် တစ်ခုထဲ ထားရှိဖို့ပေါင်းစည်းဖို့  အချိန်လုံးဝမဟုတ်သေးဘူး။ ပြောချင်တာက နိုင်ငံရေး အာမခံချက် ဘာမှမရှိသေးဘူး..နိုင်ငံရေးအာမခံချက်တွေ တစ်ဆင့်ပြီးတစ်ဆင့် ရှိလာမှ အဆင်ပြေလာမှ ကျနော်တို့ စည်းစားလို့ရမယ်။နိုင်ငံရေးအခြေအနေက ဘယ်ကိုမှ မသွားသေးဘဲ ရပ်နေသလို အာမခံချက်ဘာမှမရှိသေးဘူး။တပ်မတော်တစ်ခုထဲထားရှိဖို့ ပေါင်းစည်းဖို့ ဆိုတာ စည်းစားလို့မရသလို အိပ်မက်မက်လို့လဲမရသေးဘူး။ အဓိကကတော့ အခု လက်ရှိ ဗမာစစ်တပ်ဟါ အာဏါရှင်စစ်တပ်။ စစ်ဗိုလ်တစ်စုရဲ့ အခွင့်အာဏါကို ကာကွယ်နေတဲ့စစ်တပ်ဘဲ။ ပြည်သူကို ကာကွယ်တဲ့ စစ်တပ်မဟုတ်ဘူး။တိုင်းပြည်ကို ကာကွယ်နေတဲ့ စစ်တပ်မဟုတ်ဘူး။သူ့ ပြည်သူ ကို သူ မကာကွယ်တဲ့အပြင် သတ်ဖြတ်တယ် ညှင်းဆဲ အနိုင်ကျင့်တယ်။

ဒီတော့ သူ တို့ကလူ့အခွင့်အရေးကို ချိုးဖောက်တယ် ပြည်သူအတွက်မဟုတ်တဲ့ ပြည်သူကိုမကာကွယ်တဲ့ စစ်အာဏါရှင် ကျနော်တို့က စစ်အာဏါရှင်မဟုတ်ဘူး..ဒီတော့ ကျနော်တို့ သူတို့နှင့် ဘယ်လိုမှပေါင်းစည်း ဖို့ မဖြစ်နိုင်ဘူး။အတူ ပေါင်းစည်း တပ်မတော်တစ်ခုထဲဖြစ်လာဖို့က သူတို့ရဲ့ အခြေအနေတွေ အကုန်လုံး ပြောင်းလဲသွားပြီ စစ်အာဏါရှင်မဟုတ်တော့ဘူး ပြည်သူ ကို ကာကွယ်တဲ့ စစ်တပ် တိုင်းပြည်ကိုကာကွယ်တဲ့ စစ်တပ် ဒီမိုကရေစီ အစိုးရအောက်မှာ ရှိတဲ့ စစ်တပ်ဖြစ်လာပြီဆိုရင်တော့ နောက်တစ်ဆင့် ကျနော်တို့ ဆက်စဉ်းစားလို့ ရမယ်။
Kawthoo Lei

No comments:

Post a Comment