Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 19, 2018

ေလာက္ေသရြက္၏ သင္မသိေသးေသာ ေဆးဖက္၀င္အသံုး

လန္းဆန္းေစေသာေလာက္ေသရြက္ အသုပ္တစ္ခြက္

ေလာက္ေသရြက္မ်ားအားေရျဖင့္စင္ေအာင္ေဆးျပီးဓါးျဖင္ ့ပါးပါး လွီ၍ ၾကက္သြန္ ေၾကာ္၊ ႏွမ္းေလွာ္၊ပုဇြန္ေျခာက္တို႔ ကိုထည့္ျပီး သံပုရာရည္ဆမ္းကာ ေလာက္ေသ ရြက္ကို သုပ္ေကြ်းျခင္းျဖစ္သည္ဟုဆိုေလသည္။အေဒၚ၏ ေျပာျပ ခ်က္အရ ေခြ်းငုတ္ သူမ်ား ေခြ်းပုပ္မ်ားထြက္ျပီး လူခႏၶာ အား လန္းဆန္းေစေၾကာင္း၊ အမွန္ဆိုလွ်င္ ထား၀ယ္မိွဳင္း ပင္ပါ ထည့္သြင္းျပီးသုပ္ၾကေၾကာင္းႏွင့္လက္ဖက္ရည္၀ိုင္း တြင္တည္ ခင္းေသာ ရိုးရာဓေလ့တစ္ခုလည္းျဖစ္သည္ဆို ေလသည္။

ေလာက္ေသပင္၏ ထား၀ယ္အမည္မွာ မုဆိုးလံွဟု ေခၚဆိုပါသည္။ ထား၀ယ္ျမိဳ႔တြင္ အစိုးရတာ ၀န္ထမ္းေဆာင္ခဲ႔စဥ္ ေလာက္ေသရြက္အားလက္ဖက္ ေျခာက္ အျဖစ္ ေရေႏြးၾကမ္း ေသာက္ၾကသည္လည္း ေတြ႔ဖူးခဲ့ပါသည္။

ေဆးလိပ္မျဖတ္သူတို႔အတြက္ ေလာက္ေသရြက္

အခ်ိဳ႕လူအမ်ား ေဆးလိပ္ကို အလြန္ႏွစ္ျခိဳက္ၾကပါသည္။ ေဆးလိပ္ေသာက္ျခင္း၏ ဆိုးၾကိဳးကို ထိုသူတို႔ သိၾကပါ ေသာ္လည္း ေဆးလိပ္ကိုမျဖတ္နိုင္ဘဲ ျဖစ္ခ်င္ရာျဖစ္ ဆက္၍ေသာက္သံုးသူမ်ားရွိေနၾကသလို ေဆးလိပ္ကို က်န္းမာေရးအသိ အမွန္ရွိစြာ ျဖတ္ေတာက္သူမ်ားလည္း ရွိေလသည္။

ေဆးလိပ္မျဖတ္နိုင္သည့္သူမ်ားအတြက္အဆုတ္ေကာင္းမြန္ ေစရန္ ေလာက္ေသ ရြက္ကို အသံုးျပဳၾကျပန္သည္။ ေလာက္ေသရြက္(၁၀)ဆယ္သားအား သန္႔စင္စြာ ေဆးေၾကာျပီး ေရတစ္ဖလားခန္႔ျဖင့္ ျပဳတ္က်ိဳရန္ျဖစ္ပါ သည္။ ထိုသို႔ျပဳတ္က်ိဳစဥ္ ဆားအနည္းငယ္ႏွင့္ သံပုရာသီးတစ္ျခမ္းခန္႔ထည့္၍ ျပဳတ္သည္လည္း ရွိေလ သည္။ ရရွိေသာ ေလာက္ေသရြက္ျပဳတ္ေဆးရည္ကို နံနက္၊ေန႔လည္၊ည ငါးၾကင္းဖန္ခြက္ျဖင့္ ေန႔စဥ္ေသာက္ သံုးျခင္းျဖစ္ေလသည္။ (၇)ရက္ေျမာက္ေန႔တြင္ ေဆးလိပ္ ေဆးဂ်ိဳး(ခ်ိဳး)မ်ား ကြာက်လာျပီး အသက္ရွဴလမ္း ေၾကာင္းသိသာစြာ ေကာင္းမြန္ လာပါသည္။ထိုေၾကာင့္ ေဆးလိပ္မျဖတ္နိုင္သူတို႔အတြက္ ေဘးထြက္ဆိုးက်ိဳး မရွိသည့္ ေလာက္ေသရြက္ကို အဆုတ္ေကာင္းေစရန္ အမွတ္တရသံုးစဲြသင့္ေပ သည္။

ေလာက္ေသရြက္ႏွင့္ပန္းေသေရာဂါ

ပန္းေသျဖစ္က ၀မ္းမသာရသည္က အမ်ိဳးသားတို႔၏ ဘ၀သာျဖစ္သည္။ အမ်ိဳး သားတို႔ျဖစ္တတ္ၾကေသာ ပန္းေသေရာဂါတြင္လည္း ေလာက္ေသပင္၏ အစြမ္း အံ့မခန္းပါ၀င္ျပန္သည္။ လက္ေတြ႔ပန္းေသေရာဂါခံစားခဲ႔ဖူးသူ မိတ္ေဆြတစ္ဦးက ေလာက္ေသပင္သည္ေဆးအျဖစ္အသံုးျပဳေသာဟင္းလ်ာ ျဖစ္ပါေၾကာင္း ယံုၾကည္ သူတို႔ အတြက္ အမွန္ပင္ပန္း ေသေရာဂါကို ေပ်ာက္ကင္းေစသည္ ဟုဆိုပါသည္။

စားဖြယ္အျဖစ္ ေလာက္ေသရြက္၊လယ္ပတူရြက္၊ ငရံ႕ပတူ ရြက္ႏွင့္ ဆီးျဖဴသီးတို႔ကို ေရေႏြးျဖင့္ေဖ်ာ၍အစားသြပ္ျပီး ပံုမွန္သုပ္စားျခင္းပင္ျဖစ္သည္ဟုဆိုပါသည္။ထိုသို႔သုပ္စား ေပးျခင္းျဖင့္ ပန္းေသေရာဂါကိုေပ်ာက္ကင္းေစသည့္ အျပင္ ပန္းနာ၊ ေခ်ာင္း ဆိုး၊ ဆီးေအာင့္ ၊ေခါင္းကိုက္၊ ကေလးခြ်ဲထျခင္း၊ကေလးႏွာပိတ္ျခင္း၊အမ်ိဳးသမီးမ်ားမီးယပ္ေသြးမမွန္ေသာေရာဂါ၊ ၀မ္းသက္ျခင္းႏွင့္ လန္႔တတ္ ျခင္း တို႔ကိုပါကာကြယ္ေပးနိုင္ေလသည္။

ဦးေရျပားႏွင့္ေလာက္ေသရြက္

(၁၀)ႏွစ္တာကာလ မေတြ႔ရသည့္ သူငယ္ခ်င္းတစ္ဦးႏွင့္ အမွတ္မထင္ေတြ႔ဆံုစဥ္ ယခင္ႏွင့္မတူ တစ္ေခါင္းလံုး ေျပာင္ေနေလသည္။ စိတ္ထဲတြင္ရင္ႏွီးေသာ သူငယ္ ခ်င္းအား ေနာက္ေျပာင္၍ ေျပာင္ၾကီးဟု ေခၚခ်င္စိတ္ ရွိခဲ႔ေသာ္လည္း မေခၚျဖစ္ ခဲ႔ပါ။ထိုေနာက္ေနာက္တစ္ၾကိမ္ မွတ္မွတ္ရရ ရန္ကုန္ျမိဳ႕၊ဆူးေလေစတီေတာ္ တြင္ဆံုျပန္ ရာ အံ့ၾသစရာေကာင္းစြာ သူငယ္ခ်င္း၏ဆံပင္မ်ားျပန္ လည္နက္ေမွာင္သန္စြမ္းေနေၾကာင္းေတြ႔ရ၍ ေဆးနည္း အားေမးမိရာ ဆရာၾကီးေက်ာ္တင့္ ေဆြ၏ ေဆးသိပၸံ အျမင္ႏွင့္တိုင္းရင္းေဆး သဘာ၀ကုထံုးမ်ားအား စာအုပ္ထဲက နည္းအတိုင္းေဖၚစပ္အသံုးျပဳခဲ႔ေၾကာင္း ဆိုပါသည္။

ေဆးနည္းမွာ ေလာက္ေသ ရြက္ေျခာက္၊ စံကားစိမ္းပြင့္ေျခာက္တို႔ကို ႏွမ္းဆီစစ္စစ္ျဖင့္စိမ္း၍ နံက္တစ္ၾကိမ္၊ ညတစ္ၾကိမ္ ေန႔စဥ္ဦးေရျပားထဲ စိမ္႔၀င္ေအာင္လိမ္းေပးျခင္း ျဖစ္သည္ဟု ဆိုေလသည္။ ထိုသို႔လိမ္းေပးျခင္းျဖင့္ ေခါင္းကိုက္ျခင္း ၊ဦးေရျပားပူျခင္း၊ ေဗာက္ ထျခင္း၊သန္ေရာဂါတို႔ကင္းရွင္းကာ ဆံပင္ကို သန္စြမ္းျပီး ဦးေႏွာက္ကိုၾကည္လင္ေစ သည္ဟုဆိုပါ သည္။

ေလာက္ေသပင္ကို ရုကၡေဗဒအမည္အရ(Desmodium triquetrum DC)ဟု ေခၚပါသည္။ ျမန္မာေဆးက်မ္းမ်ားအလိုအရေလာက္ ေသပင္သည္ေလ၊ သလိပ္၊သည္းေျခကိုနိုင္၏။အသက္ကို ရွည္ေစကာ ကာမအားကိုတိုးေစ၏။ ေရာဂါပိုးကိုပယ္ တတ္၏။အဆီကိုတိုးပြါးေစ၏။ အူတို႔ကိုတြန္႔ရွုံ႕ေစတတ္၏။

အဖ်ားေရာဂါတို႔ေၾကာင့္ ျဖစ္တတ္ေသာ
ေလေရာဂါ၊ျမင္းသရိုက္၊ေဖါေရာင္ျခင္း၊ ပန္းနာ၊ ေခ်ာင္ဆိုး ၊အန္ျခင္း စသည္တို႔ကို ေပ်ာက္ကင္း သက္သာ ေစနိုင္ပါသည္။
ေလာက္ေသရြက္ကို လက္ဖက္ ေျခာက္ကဲ႔သို႔ေသာက္သံုးျခင္းျဖင့္ ဆီးပူ၊ဆီးေအာင့္ႏွင့္ အေရျပားေရာဂါတို႔ေပ်ာက္ ကင္းေစေၾကာင္း မွတ္သားမိ သမွ်ေရးသားလိုက္ရပါသည္။

ေက်းဇူးေတာ္ရွင္ မဟာေဗာဓိျမိဳင္ဆရာေတာ္ၾကီးအား အာရုံျဖင့္ဦးခိုက္လွ်က္

#ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

ေလာက္ေသပင္ (ေခၚ) ေရႊကူသံလ်က္ပင္

ဒီတခါ လူေျပာမ်ားလွတဲ့ ေလာက္ေသပင္အေၾကာင္း တင္ျပလုိတယ္၊ ေလာက္ေသလုိ႔သာ သိၾကေပမဲ့ သူ႔ကုိ ေရႊကူသံလ်က္လည္းေခၚၾကပါေသးတယ္၊ ေဆးက်မ္းထဲတြင္ မဟာကာလွံတင္၊ ေရႊကူလွံတင္ စသျဖင့္ အမ်ဳိးမ်ဳိးေခၚေဝၚၾကတယ္၊ အရြက္ကုိၾကည့္ၿပီး အရြက္ေသးမ်ဳိးကုိ "ေလာက္ေသ" အရြက္အႀကီးကုိ "ေရႊကူသံလ်က္"လုိ႔ အမည္ေပးေသာ္လည္း သိပၸံနည္းမက်၍ မွတ္ယူလုိ႔လည္းမရႏုိင္ပါ၊ တန္ေဆာင္မုန္းလဟာ ေလာက္ေသမ်ားပြင့္ေသာလျဖစ္တယ္၊ ေဒသအေခၚ အမည္တူေတြေၾကာင့္ ေလာက္ေသပင္ဟာ ဘယ္ဟာမွန္းမသိသူေတြ အတြက္ ဒီအပင္ေလးရဲ႕ထူးျခားခ်က္ေတြကုိ စုစည္းၿပီးတင္ျပလုိက္ပါတယ္၊

Taxonomic descriptions

ေလာက္ေသပင္ေတြဟာ ပဲမ်ဳိးရင္း Fabaceae ထဲက Desmodium genus ထဲမွာပါပါတယ္။ အရင္ကDesmodium triquetrum အေနနဲသုံးႏွဳံးခဲ့ေပမဲ့ အခုအခါမွာကြဲျပားလွတဲ့ Characters မ်ားေႀကာင့္Tadehagi triquetrum အျဖစ္ေခၚေ၀ၚခဲ့ပါတယ္။ အပင္က လူတရပ္သာသာျမင့္ေသာ ျခဳံပင္ျဖစ္ပါတယ္၊ တခါတရံ ၃ မီတာခန္႔ျမင့္တတ္ပါတယ္၊ စုိက္ပ်ဳိးပင္မဟုတ္ေတာထဲမွာအ႐ုိင္းေပါက္တယ္၊ အစုလုိက္ေတြ႕ရတတ္တယ္၊ လူေတြကတူးယူစုိက္ပ်ဳိးရင္းနဲ႔ ရင္းႏွီးကြၽမ္းဝင္လာေသာ ဘယေဆးပင္တပင္ပါ၊

ဒီအပင္မွာထူးျခားခ်က္ေလးေတြ ရွိပါတယ္ ၊ အဓိကကပင္စည္ပါ သူ႕ရဲ့ ပင္စည္ က triquetrous (၃ ေထာင့္)ပုံစံပါ၊ ပုံမွာျပတားတဲ့အတုိင္းပါ၊ ပဲမ်ဳိးရင္းေတြမွာ ၃ ေထာင့္ ပင္စည္႐ွိတာ အလြန္႐ွားပါတယ္၊ ေလာက္ေသပင္လုိ႔ေျပာေနတဲ့ အပင္ရဲ႕ပင္စည္ကုိ ျဖတ္ၾကည့္လုိ႔မွ ၃ ေထာင့္မရရင္ ေလာက္ေသမဟုတ္ပါဘူး၊

ေနာက္တခုက အရြက္ပါ ၊ အရြက္ပုံစံက ျမင္ေနၾက မ်ဳိးႏြယ္တူ အရြက္ေတြနဲ႔မတူပါဘူး၊အခ်ဳိ႕စာအုပ္မ်ားမွာ ရြက္ထီး (simple leaf) လုိ႔ေခၚၿပီး အခ်ဳိ႕ကေတာ့ unifoliolate compound ရြက္ေပါင္းလုိ႔ ေခၚၾကပါတယ္၊ အျခားအရြက္ေတြနဲ႔မတူကြဲျပားတာကေတာ့ ရြက္ညႇာ (petiole) ပါဘဲ၊ ရြက္ညႇာရဲ႕ တဖက္တခ်က္မွာ အေတာင္ပုံစံ wings ေလးေတြ႐ွိတယ္၊ အေတာင္ wing မပါရင္ ေလာက္ေသမဟုတ္ပါဘူး၊ ဒါ့ေၾကာင့္ အရြက္ကုိျမင္႐ုံနဲ႔ ဒီအပင္ဟုတ္မဟုတ္လြယ္ ္လြယ္ကူကူေျပာႏုိင္ပါဘီ။

ပုိၿပီးေသျခာေစျခင္ရင္ အရြက္ထဲက ေဘးရြက္ေႀကာ (lateral veins) ေလးေတြေရတြက္ၾကည့္ပါ ၊ အလြန္ထင္႐ွားၿပီး ၁၈-၂၀ အစုံေလာက္႐ွိတာေတြ႕ရမယ္၊ အရြက္အရင္းဖက္မွာ ၇ြက္စြယ္ (stipules) ေတြကလည္း ႀကီးမားထင္ရွားလွပါတယ္။

ပန္းခုိင္ႀကီးက ထိပ္ျဖား သုိ႔မဟုတ္ ၾကားကေနထြက္တဲ့ ေရစင္း raceme ျဖစ္တယ္၊ ပန္းခုိင္ ပြင့္ကုိင္းကုိျဖတ္ၾကည့္ရင္လည္း ၃ ေထာင့္ပုံစံသာျမင္ရမွာပါ၊ ပန္းပြင့္ေတြက ပန္းေရာင္ပါ၊ ပဲပန္းျဖစ္တာမုိ႔ ပဲပြင့္တခုရဲ႕ လကၡဏာအျပည့္အစုံပါတယ္၊ ပြင့္ခ်ပ္အုံ corolla ရဲ႕ ဖြဲ႔စည္းပုံက papilionaceous ျဖစ္ၿပီး အသြင္မတူေသာ ပြင့္ခ်ပ္ ပုံစံ ၃ မ်ဳိး အေရအတြက္အားျဖင့္ ၅ ခုပါပါတယ္၊ အႀကီးဆုံးအျပင္ဖက္ဆုံးက Standard ၊ သူ႔ေအာက္မွာ wings ၂ ခု အတြင္းဖက္ဆုံးမွာ အေသးဆုံး keels ၂ ခုပါၾကတယ္၊ ဝတ္ဆံဖုိ stamens ၁၀ ခုပါၿပီး ၂စုစည္း diadelphous ပုံစံျဖစ္တယ္၊

ေလာက္ေသပင္မွန္းသိသာေစတဲ့ ေနာက္တခ်က္ကေတာ့ အသီးပုံစံပါ၊ ျပားေသာ ပုံစံ strap-shaped ျဖစ္ၿပီး အေစ့ တေစ့စီအတြက္ အဆစ္အဆစ္ Joints ေလးေတြပါေနပါတယ္၊ ဒီလုိပုံစံသီးတာကုိ Desmodium genus ေတြမွာဘဲေတြ႔ႏုိင္ပါတယ္၊ က်ေနာ္ေရးခဲ့ဖူးေသာ ေလာက္မင္း ကလည္း ဒီအမ်ဳိးအႏြယ္ပါဘဲ၊ ရင့္မွည့္လာရင္ နီညဳိေရာင္ေျပာင္းလာေလ့႐ွိတယ္၊

ဘယေဆးတခ်ဳိ႕မွာဒီအပင္ေလးရဲ႕ ရုကၡအမည္ကုိ Desmodium triquetrum အျဖစ္ေဖၚျပေနေတာ့ up to date ျဖစ္တဲ့ အမည္ကုိသုံးေစျခင္တဲ့ သေဘာနဲ႕ပါ၊

ဒီေလာက္ဆုိရင္ ကုိယ့္အိမ္မွာဘဲျဖစ္ျဖစ္ ေတာထဲမွာဘဲျဖစ္ျဖစ္ ဒီအပင္ဟာ ေလာက္ေသပင္လားလုိ႔ တစုံတေယာက္က ေမးလာခဲ့ရင္ တိတိက်က် ေျပာျပႏုိင္ေလာက္ဘီထင္ပါတယ္၊ အိမ္မွာစုိက္ထားမိရင္လည္းမွန္မွန္ စီစစ္လုိ႔ရေအာင္ ပုံေလးေတြကုိတင္ေပးလုိက္ပါတယ္၊ ကေလးတကၠသုိလ္ ဝင္းအတြင္း ေတာထဲက အ႐ုိင္းေပါက္ ေလာက္ေသပင္ေလးပါ၊

ေလာက္ေသပင္ရဲ႕ေဆးဝင္ပုံေတြကမ်ားျပားလွပါတယ္။ အ႐ွင္နာဂသိမ္ေဆးက်မ္းထဲက အခ်ဳိ့အခ်က္မ်ားကုိ ေဖာ္ျပလုိက္ပါတယ္၊

ကုိသက္ႏုိင္ဦး ၊ မုံရြာ တကၠသုိလ္
28.11.2016

ေလာက္ေသပင္ နွင့္ ေဆးဖက္အသုံး၀င္ပုံ

( အာနိသင္ )

* ျမန္မာေဆးက်မ္းမ်ား အလိုအရ ေလာက္ေသရြက္
သည္ ေလ သလိပ္ သည္းေျခကို
နိုင္ဧ။္ ၊ အသက္ကိုရွည္ေစဧ။္ ၊ ေရာဂါျဖစ္ေစေသာ ပိုးမ်ား
ကို ပယ္တတ္ဧ။္ ၊ အဆီကို တိုးပြါးေစဧ။္ ၊ အူတို႔ကို တြန္႔
ရံႈ႕ေစဧ။္ ၊ အဖ်ားေရာဂါ နွင့္ ထိုေရာဂါေျကာင့္ျဖစ္ေသာ
စိတ္မသက္သာမႈ၊ ေလေရာဂါ၊ ျမင္းသရိုက္၊ ေဖာေရာင္ျခင္း၊
ပန္းနာ ေခ်ာင္းဆိုး၊ ေရငတ္ျခင္း နွင့္ အန္ျခင္းတို႔ကို ေပ်ာက္ေစနိုင္သည္ ။

( ေဆးဖက္အသုံး၀င္ပုံ )

အျမစ္

( ဆီးတြင္ေသြးပါေသာ ေရာဂါအတြက္ ) အျမစ္ကို ငရုတ္ေကာင္း အနည္းငယ္ထည့္က်ိဳျပီး ဆီးျပြန္ေခ်ာင္းမွ
ထိုျပဳတ္ေဆးရည္ကို ဖန္ျပြန္ပိုက္ စသည္တို႔ျဖင့္ သြင္းေပး
ပါက ေပ်ာက္ကင္းဧ။္ ။

# အရြက္ #
( ၀မ္းကိုက္ျခင္း၊ ၀မ္းေဖာ၀မ္းေရာင္ျခင္း၊ ကေလးမ်ား
သန္၀မ္းကိုက္ျခင္း ၊ ရင္ျပည့္ရင္ကယ္ ျဖစ္ျခင္း ) အတြက္
အရြက္ မနု မရင့္ကို ျပဳတ္၍ သုပ္စားျခင္း၊ တို႔စားျခင္းျဖင့္
ေပ်ာက္ကင္းေစပါသည္ ။

* ( ဆီးပူ ဆီးေအာင့္ျခင္း နွင့္ အေရျပားေရာဂါ အတြက္ )
အရြက္ကို လက္ဖက္ေျခာက္က့ဲသို႔ ေသာက္သုံးေပးပါ ။

* အရြက္ကို အျခားေသာေဆးပင္တို႔နွင့္ ေပါင္းစပ္၍ ဆီးရႊင္ေဆးအျဖစ္ ေဖာ္စပ္သုံးစြဲန္ိုင္သည္ ။

* ( ဆီးပူ ဆီးေအာင့္၊ ၀မ္းကိုက္၊ ေသြး၀မ္းသြား၊ ေသြး
ျမင္းသရုိက္၊ မီးယပ္ေသြးလြန္ျခင္းအတြက္ ) ေလာက္ေသရြက္ နွင့္ ထား၀ယ္မိႈင္းရြက္ကို ေရေႏြးေျဖာ၍ သုပ္စားေပးပါက ထိုေရာဂါတ္ုိ႔က္ို ရပ္တန္႔ေစပါသည္ ။

* ( ေခါင္းကိုက္ျခင္း၊ ေခါင္းပူျခင္း၊ ေဘာက္ထျခင္း၊ ယားျခင္း၊ သန္းေပါျခင္း အတြက္ ) ေလာက္ေသရြက္ နွင့္
စကားစိမ္းပြင့္ေျခာက္တို႔ကို နွမ္းဆီစစ္စစ္နွင့္ စိမ္ျပီးေခါင္းလိမ္းဆီ အျဖစ္ အသုံးျပဳပါက ထိုေရာဂါမ်ား ကင္းေ၀းျပီး ( ဦးေနွာက္ ) ကို ျကည္လင္ေစပါဧ။္ ။

* ေလာက္ေသရြက္ နွင့္ ေဆာက္ျပာရြက္ နွစ္မ်ိဳးကိုျပဳတ္၍ ေရေႏြးေႏြးျဖင့္ မီးဖြားျပီး မိခင္ကိို၎၊ ကေလးကို၎ခ်ိဳးေပးပါက ( က်ဗဟုံးေရာဂါ (သူငယ္နာ ငန္းေရာဂါ ) ၊ ေမြးကတည္းက ပါလာေသာ သူငယ္နာမ်ိဳးစုံ ၊ အေျကာတက္၊ အေျကာကပ္၊ေရာဂါနွင့္ မိဘကိုယ္မွ ကူးစက္တတ္ေသာ ေရာဂါမ်ား) ကိုကာကြယ္နိုင္ဧ။္ ။

* ေလာက္ေသရြက္ကို ကိုယ္ပူခြ်ဲထ၊ အေညွာ္၀င္၊ ေခ်ာင္းဆိုး၊ နွာေဆး၊ နွာပိတ္ေရာဂါအတြက္ ေဆး၀ါးေဖာ္
စပ္ သုံးနိုင္ဧ။္ ။

* ေလာက္ေသရြက္၊ ေရခရာရြက္၊ နႏြင္းရိုးရိုး တို႕ကို အရြက္ဆတူ အကြ်မ္းေလွာ္၍ နွမ္းဆီနွင့္ ေဖ်ာ္လိမ္းပါက
( ကေလးမ်ား ခ်က္ျကိုး၊ ခ်က္တိုင္ ကိုက္ျခင္း) ကို ေပ်ာက္ကင္း၍ ခ်က္ျက္ုိး ေျကြလြယ္ဧ။္ ။

* မိခင္မ်ား နို႔ေခ်ာင္းပိတ္ျခင္း၊ နို႔နာ၊ နို႔ပ်ဥ္းထျခင္း အတြက္ လိမ္းေပးပါက လ်င္ျမန္စြာ သက္သာေပ်ာက္ကင္း
ေစပါဧ။္ ။

* ( ကေလးမ်ား အနာစက္၊ ၀ဲစို ၊ အိုင္းနာ ) အတြက္ေလာက္ေသရြက္ အကြ်မ္းေလွာ္၍ ေရနံေခ်းစစ္စစ္နွင့္ လူး
ေပးလ်ွင္ ေပ်ာက္ကင္းဧ။္ ။

* ကြ်ဲ ႏြားမ်ား အနာေပါက္၍ ေလာက္ေကာင္မ်ားက်ျခင္း၊
ငါးပိအိုးတြင္ ေလာက္ေကာင္မ်ားက်ပါက ထိုအရြက္ကိုေထာင္း၍ အမႈန္႔ျဖဴးေပးပါက ေလာက္ေသ၍ အနာ အသားနု တက္ေစပါသည္ ။
<< ျမန္မာ့ေဆး၀ါးပင္မ်ားမွ ကူးယူေဖာ္ျပပါသည္ ။ >>
က်မ္းကုိး.. အ႐ွင္နာဂသိမ္ ပုံျပေဆးအဘိဓာန္

သင့္က်န္းမာေရး တိုင္းရင္းေဆး
# Unicode Version ျဖင့္ ဖတ္ပါ #
လန်းဆန်းစေသောလောက်သေရွက် အသုပ်တစ်ခွက်

လောက်သေရွက်များအားရေဖြင့်စင်အောင်ဆေးပြီးဓါးဖြင့်ပါးပါး လှီ၍ ကြက်သွန် ကြော်၊ နှမ်းလှော်၊ပုဇွန်ခြောက်တို့ ကိုထည့်ပြီး သံပုရာရည်ဆမ်းကာ လောက်သေ ရွက်ကို သုပ်ကျွေးခြင်းဖြစ်သည်ဟုဆိုလေသည်။အဒေါ်၏ ပြောပြ ချက်အရ ချွေးငုတ် သူများ ချွေးပုပ်များထွက်ပြီး လူခန္ဓာ အား လန်းဆန်းစေကြောင်း၊ အမှန်ဆိုလျှင် ထားဝယ်မှိုင်း ပင်ပါ ထည့်သွင်းပြီးသုပ်ကြကြောင်းနှင့်လက်ဖက်ရည်ဝိုင်း တွင်တည် ခင်းသော ရိုးရာဓလေ့တစ်ခုလည်းဖြစ်သည်ဆို လေသည်။

လောက်သေပင်၏ ထားဝယ်အမည်မှာ မုဆိုးလံှဟု ခေါ်ဆိုပါသည်။ ထားဝယ်မြို့တွင် အစိုးရတာ ဝန်ထမ်းဆောင်ခဲ့စဉ် လောက်သေရွက်အားလက်ဖက် ခြောက် အဖြစ် ရေနွေးကြမ်း သောက်ကြသည်လည်း တွေ့ဖူးခဲ့ပါသည်။

ဆေးလိပ်မဖြတ်သူတို့အတွက် လောက်သေရွက်

အချို့လူအများ ဆေးလိပ်ကို အလွန်နှစ်ခြိုက်ကြပါသည်။ ဆေးလိပ်သောက်ခြင်း၏ ဆိုးကြိုးကို ထိုသူတို့ သိကြပါ သော်လည်း ဆေးလိပ်ကိုမဖြတ်နိုင်ဘဲ ဖြစ်ချင်ရာဖြစ် ဆက်၍သောက်သုံးသူများရှိနေကြသလို ဆေးလိပ်ကို ကျန်းမာရေးအသိ အမှန်ရှိစွာ ဖြတ်တောက်သူများလည်း ရှိလေသည်။

ဆေးလိပ်မဖြတ်နိုင်သည့်သူများအတွက်အဆုတ်ကောင်းမွန် စေရန် လောက်သေ ရွက်ကို အသုံးပြုကြပြန်သည်။ လောက်သေရွက်(၁၀)ဆယ်သားအား သန့်စင်စွာ ဆေးကြောပြီး ရေတစ်ဖလားခန့်ဖြင့် ပြုတ်ကျိုရန်ဖြစ်ပါ သည်။ ထိုသို့ပြုတ်ကျိုစဉ် ဆားအနည်းငယ်နှင့် သံပုရာသီးတစ်ခြမ်းခန့်ထည့်၍ ပြုတ်သည်လည်း ရှိလေ သည်။ ရရှိသော လောက်သေရွက်ပြုတ်ဆေးရည်ကို နံနက်၊နေ့လည်၊ည ငါးကြင်းဖန်ခွက်ဖြင့် နေ့စဉ်သောက် သုံးခြင်းဖြစ်လေသည်။ (၇)ရက်မြောက်နေ့တွင် ဆေးလိပ် ဆေးဂျိုး(ချိုး)များ ကွာကျလာပြီး အသက်ရှူလမ်း ကြောင်းသိသာစွာ ကောင်းမွန် လာပါသည်။ထိုကြောင့် ဆေးလိပ်မဖြတ်နိုင်သူတို့အတွက် ဘေးထွက်ဆိုးကျိုး မရှိသည့် လောက်သေရွက်ကို အဆုတ်ကောင်းစေရန် အမှတ်တရသုံးစွဲသင့်ပေ သည်။

လောက်သေရွက်နှင့်ပန်းသေရောဂါ

ပန်းသေဖြစ်က ဝမ်းမသာရသည်က အမျိုးသားတို့၏ ဘဝသာဖြစ်သည်။ အမျိုး သားတို့ဖြစ်တတ်ကြသော ပန်းသေရောဂါတွင်လည်း လောက်သေပင်၏ အစွမ်း အံ့မခန်းပါဝင်ပြန်သည်။ လက်တွေ့ပန်းသေရောဂါခံစားခဲ့ဖူးသူ မိတ်ဆွေတစ်ဦးက လောက်သေပင်သည်ဆေးအဖြစ်အသုံးပြုသောဟင်းလျာ ဖြစ်ပါကြောင်း ယုံကြည် သူတို့ အတွက် အမှန်ပင်ပန်း သေရောဂါကို ပျောက်ကင်းစေသည် ဟုဆိုပါသည်။

စားဖွယ်အဖြစ် လောက်သေရွက်၊လယ်ပတူရွက်၊ ငရံ့ပတူ ရွက်နှင့် ဆီးဖြူသီးတို့ကို ရေနွေးဖြင့်ဖျော၍အစားသွပ်ပြီး ပုံမှန်သုပ်စားခြင်းပင်ဖြစ်သည်ဟုဆိုပါသည်။ထိုသို့သုပ်စား ပေးခြင်းဖြင့် ပန်းသေရောဂါကိုပျောက်ကင်းစေသည့် အပြင် ပန်းနာ၊ ချောင်း ဆိုး၊ ဆီးအောင့် ၊ခေါင်းကိုက်၊ ကလေးချွဲထခြင်း၊ကလေးနှာပိတ်ခြင်း၊အမျိုးသမီးများမီးယပ်သွေးမမှန်သောရောဂါ၊ ဝမ်းသက်ခြင်းနှင့် လန့်တတ် ခြင်း တို့ကိုပါကာကွယ်ပေးနိုင်လေသည်။

ဦးရေပြားနှင့်လောက်သေရွက်

(၁၀)နှစ်တာကာလ မတွေ့ရသည့် သူငယ်ချင်းတစ်ဦးနှင့် အမှတ်မထင်တွေ့ဆုံစဉ် ယခင်နှင့်မတူ တစ်ခေါင်းလုံး ပြောင်နေလေသည်။ စိတ်ထဲတွင်ရင်နှီးသော သူငယ် ချင်းအား နောက်ပြောင်၍ ပြောင်ကြီးဟု ခေါ်ချင်စိတ် ရှိခဲ့သော်လည်း မခေါ်ဖြစ် ခဲ့ပါ။ထိုနောက်နောက်တစ်ကြိမ် မှတ်မှတ်ရရ ရန်ကုန်မြို့၊ဆူးလေစေတီတော် တွင်ဆုံပြန် ရာ အံ့သြစရာကောင်းစွာ သူငယ်ချင်း၏ဆံပင်များပြန် လည်နက်မှောင်သန်စွမ်းနေကြောင်းတွေ့ရ၍ ဆေးနည်း အားမေးမိရာ ဆရာကြီးကျော်တင့် ဆွေ၏ ဆေးသိပ္ပံ အမြင်နှင့်တိုင်းရင်းဆေး သဘာဝကုထုံးများအား စာအုပ်ထဲက နည်းအတိုင်းဖေါ်စပ်အသုံးပြုခဲ့ကြောင်း ဆိုပါသည်။

ဆေးနည်းမှာ လောက်သေ ရွက်ခြောက်၊ စံကားစိမ်းပွင့်ခြောက်တို့ကို နှမ်းဆီစစ်စစ်ဖြင့်စိမ်း၍ နံက်တစ်ကြိမ်၊ ညတစ်ကြိမ် နေ့စဉ်ဦးရေပြားထဲ စိမ့်ဝင်အောင်လိမ်းပေးခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ထိုသို့လိမ်းပေးခြင်းဖြင့် ခေါင်းကိုက်ခြင်း ၊ဦးရေပြားပူခြင်း၊ ဗောက် ထခြင်း၊သန်ရောဂါတို့ကင်းရှင်းကာ ဆံပင်ကို သန်စွမ်းပြီး ဦးနှောက်ကိုကြည်လင်စေ သည်ဟုဆိုပါ သည်။

လောက်သေပင်ကို ရုက္ခဗေဒအမည်အရ(Desmodium triquetrum DC)ဟု ခေါ်ပါသည်။ မြန်မာဆေးကျမ်းများအလိုအရလောက် သေပင်သည်လေ၊ သလိပ်၊သည်းခြေကိုနိုင်၏။အသက်ကို ရှည်စေကာ ကာမအားကိုတိုးစေ၏။ ရောဂါပိုးကိုပယ် တတ်၏။အဆီကိုတိုးပွါးစေ၏။ အူတို့ကိုတွန့်ရှုံ့စေတတ်၏။

အဖျားရောဂါတို့ကြောင့် ဖြစ်တတ်သော
လေရောဂါ၊မြင်းသရိုက်၊ဖေါရောင်ခြင်း၊ ပန်းနာ၊ ချောင်ဆိုး ၊အန်ခြင်း စသည်တို့ကို ပျောက်ကင်း သက်သာ စေနိုင်ပါသည်။
လောက်သေရွက်ကို လက်ဖက် ခြောက်ကဲ့သို့သောက်သုံးခြင်းဖြင့် ဆီးပူ၊ဆီးအောင့်နှင့် အရေပြားရောဂါတို့ပျောက် ကင်းစေကြောင်း မှတ်သားမိ သမျှရေးသားလိုက်ရပါသည်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးအား အာရုံဖြင့်ဦးခိုက်လျှက်

#ရဲမျိုးသူ(ဗောဓိမြိုင်)

လောက်သေပင် (ခေါ်) ရွှေကူသံလျက်ပင်

ဒီတခါ လူပြောများလှတဲ့ လောက်သေပင်အကြောင်း တင်ပြလိုတယ်၊ လောက်သေလို့သာ သိကြပေမဲ့ သူ့ကို ရွှေကူသံလျက်လည်းခေါ်ကြပါသေးတယ်၊ ဆေးကျမ်းထဲတွင် မဟာကာလှံတင်၊ ရွှေကူလှံတင် စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြတယ်၊ အရွက်ကိုကြည့်ပြီး အရွက်သေးမျိုးကို "လောက်သေ" အရွက်အကြီးကို "ရွှေကူသံလျက်"လို့ အမည်ပေးသော်လည်း သိပ္ပံနည်းမကျ၍ မှတ်ယူလို့လည်းမရနိုင်ပါ၊ တန်ဆောင်မုန်းလဟာ လောက်သေများပွင့်သောလဖြစ်တယ်၊ ဒေသအခေါ် အမည်တူတွေကြောင့် လောက်သေပင်ဟာ ဘယ်ဟာမှန်းမသိသူတွေ အတွက် ဒီအပင်လေးရဲ့ထူးခြားချက်တွေကို စုစည်းပြီးတင်ပြလိုက်ပါတယ်၊

Taxonomic descriptions

လောက်သေပင်တွေဟာ ပဲမျိုးရင်း Fabaceae ထဲက Desmodium genus ထဲမှာပါပါတယ်။ အရင်ကDesmodium triquetrum အနေနဲသုံးနှုံးခဲ့ပေမဲ့ အခုအခါမှာကွဲပြားလှတဲ့ Characters များကြောင့်Tadehagi triquetrum အဖြစ်ခေါ်ဝေါ်ခဲ့ပါတယ်။ အပင်က လူတရပ်သာသာမြင့်သော ခြုံပင်ဖြစ်ပါတယ်၊ တခါတရံ ၃ မီတာခန့်မြင့်တတ်ပါတယ်၊ စိုက်ပျိုးပင်မဟုတ်တောထဲမှာအရိုင်းပေါက်တယ်၊ အစုလိုက်တွေ့ရတတ်တယ်၊ လူတွေကတူးယူစိုက်ပျိုးရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာသော ဘယဆေးပင်တပင်ပါ၊

ဒီအပင်မှာထူးခြားချက်လေးတွေ ရှိပါတယ် ၊ အဓိကကပင်စည်ပါ သူ့ရဲ့ ပင်စည် က triquetrous (၃ ထောင့်)ပုံစံပါ၊ ပုံမှာပြတားတဲ့အတိုင်းပါ၊ ပဲမျိုးရင်းတွေမှာ ၃ ထောင့် ပင်စည်ရှိတာ အလွန်ရှားပါတယ်၊ လောက်သေပင်လို့ပြောနေတဲ့ အပင်ရဲ့ပင်စည်ကို ဖြတ်ကြည့်လို့မှ ၃ ထောင့်မရရင် လောက်သေမဟုတ်ပါဘူး၊

နောက်တခုက အရွက်ပါ ၊ အရွက်ပုံစံက မြင်နေကြ မျိုးနွယ်တူ အရွက်တွေနဲ့မတူပါဘူး၊အချို့စာအုပ်များမှာ ရွက်ထီး (simple leaf) လို့ခေါ်ပြီး အချို့ကတော့ unifoliolate compound ရွက်ပေါင်းလို့ ခေါ်ကြပါတယ်၊ အခြားအရွက်တွေနဲ့မတူကွဲပြားတာကတော့ ရွက်ညှာ (petiole) ပါဘဲ၊ ရွက်ညှာရဲ့ တဖက်တချက်မှာ အတောင်ပုံစံ wings လေးတွေရှိတယ်၊ အတောင် wing မပါရင် လောက်သေမဟုတ်ပါဘူး၊ ဒါ့ကြောင့် အရွက်ကိုမြင်ရုံနဲ့ ဒီအပင်ဟုတ်မဟုတ်လွယ် ်လွယ်ကူကူပြောနိုင်ပါဘီ။

ပိုပြီးသေခြာစေခြင်ရင် အရွက်ထဲက ဘေးရွက်ကြော (lateral veins) လေးတွေရေတွက်ကြည့်ပါ ၊ အလွန်ထင်ရှားပြီး ၁၈-၂၀ အစုံလောက်ရှိတာတွေ့ရမယ်၊ အရွက်အရင်းဖက်မှာ ရွက်စွယ် (stipules) တွေကလည်း ကြီးမားထင်ရှားလှပါတယ်။

ပန်းခိုင်ကြီးက ထိပ်ဖြား သို့မဟုတ် ကြားကနေထွက်တဲ့ ရေစင်း raceme ဖြစ်တယ်၊ ပန်းခိုင် ပွင့်ကိုင်းကိုဖြတ်ကြည့်ရင်လည်း ၃ ထောင့်ပုံစံသာမြင်ရမှာပါ၊ ပန်းပွင့်တွေက ပန်းရောင်ပါ၊ ပဲပန်းဖြစ်တာမို့ ပဲပွင့်တခုရဲ့ လက္ခဏာအပြည့်အစုံပါတယ်၊ ပွင့်ချပ်အုံ corolla ရဲ့ ဖွဲ့စည်းပုံက papilionaceous ဖြစ်ပြီး အသွင်မတူသော ပွင့်ချပ် ပုံစံ ၃ မျိုး အရေအတွက်အားဖြင့် ၅ ခုပါပါတယ်၊ အကြီးဆုံးအပြင်ဖက်ဆုံးက Standard ၊ သူ့အောက်မှာ wings ၂ ခု အတွင်းဖက်ဆုံးမှာ အသေးဆုံး keels ၂ ခုပါကြတယ်၊ ဝတ်ဆံဖို stamens ၁၀ ခုပါပြီး ၂စုစည်း diadelphous ပုံစံဖြစ်တယ်၊

လောက်သေပင်မှန်းသိသာစေတဲ့ နောက်တချက်ကတော့ အသီးပုံစံပါ၊ ပြားသော ပုံစံ strap-shaped ဖြစ်ပြီး အစေ့ တစေ့စီအတွက် အဆစ်အဆစ် Joints လေးတွေပါနေပါတယ်၊ ဒီလိုပုံစံသီးတာကို Desmodium genus တွေမှာဘဲတွေ့နိုင်ပါတယ်၊ ကျနော်ရေးခဲ့ဖူးသော လောက်မင်း ကလည်း ဒီအမျိုးအနွယ်ပါဘဲ၊ ရင့်မှည့်လာရင် နီညိုရောင်ပြောင်းလာလေ့ရှိတယ်၊

ဘယဆေးတချို့မှာဒီအပင်လေးရဲ့ ရုက္ခအမည်ကို Desmodium triquetrum အဖြစ်ဖေါ်ပြနေတော့ up to date ဖြစ်တဲ့ အမည်ကိုသုံးစေခြင်တဲ့ သဘောနဲ့ပါ၊

ဒီလောက်ဆိုရင် ကိုယ့်အိမ်မှာဘဲဖြစ်ဖြစ် တောထဲမှာဘဲဖြစ်ဖြစ် ဒီအပင်ဟာ လောက်သေပင်လားလို့ တစုံတယောက်က မေးလာခဲ့ရင် တိတိကျကျ ပြောပြနိုင်လောက်ဘီထင်ပါတယ်၊ အိမ်မှာစိုက်ထားမိရင်လည်းမှန်မှန် စီစစ်လို့ရအောင် ပုံလေးတွေကိုတင်ပေးလိုက်ပါတယ်၊ ကလေးတက္ကသိုလ် ဝင်းအတွင်း တောထဲက အရိုင်းပေါက် လောက်သေပင်လေးပါ၊

လောက်သေပင်ရဲ့ဆေးဝင်ပုံတွေကများပြားလှပါတယ်။ အရှင်နာဂသိမ်ဆေးကျမ်းထဲက အချို့အချက်များကို ဖော်ပြလိုက်ပါတယ်၊

ကိုသက်နိုင်ဦး ၊ မုံရွာ တက္ကသိုလ်
28.11.2016

လောက်သေပင် နှင့် ဆေးဖက်အသုံးဝင်ပုံ

( အာနိသင် )

* မြန်မာဆေးကျမ်းများ အလိုအရ လောက်သေရွက်
သည် လေ သလိပ် သည်းခြေကို
နိုင်ဧ။် ၊ အသက်ကိုရှည်စေဧ။် ၊ ရောဂါဖြစ်စေသော ပိုးများ
ကို ပယ်တတ်ဧ။် ၊ အဆီကို တိုးပွါးစေဧ။် ၊ အူတို့ကို တွန့်
ရှုံ့စေဧ။် ၊ အဖျားရောဂါ နှင့် ထိုရောဂါကြောင့်ဖြစ်သော
စိတ်မသက်သာမှု၊ လေရောဂါ၊ မြင်းသရိုက်၊ ဖောရောင်ခြင်း၊
ပန်းနာ ချောင်းဆိုး၊ ရေငတ်ခြင်း နှင့် အန်ခြင်းတို့ကို ပျောက်စေနိုင်သည် ။

( ဆေးဖက်အသုံးဝင်ပုံ )

အမြစ်

( ဆီးတွင်သွေးပါသော ရောဂါအတွက် ) အမြစ်ကို ငရုတ်ကောင်း အနည်းငယ်ထည့်ကျိုပြီး ဆီးပြွန်ချောင်းမှ
ထိုပြုတ်ဆေးရည်ကို ဖန်ပြွန်ပိုက် စသည်တို့ဖြင့် သွင်းပေး
ပါက ပျောက်ကင်းဧ။် ။

# အရွက် #
( ဝမ်းကိုက်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ ကလေးများ
သန်ဝမ်းကိုက်ခြင်း ၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း ) အတွက်
အရွက် မနု မရင့်ကို ပြုတ်၍ သုပ်စားခြင်း၊ တို့စားခြင်းဖြင့်
ပျောက်ကင်းစေပါသည် ။

* ( ဆီးပူ ဆီးအောင့်ခြင်း နှင့် အရေပြားရောဂါ အတွက် )
အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ သောက်သုံးပေးပါ ။

* အရွက်ကို အခြားသောဆေးပင်တို့နှင့် ပေါင်းစပ်၍ ဆီးရွှင်ဆေးအဖြစ် ဖော်စပ်သုံးစွဲနိုင်သည် ။

* ( ဆီးပူ ဆီးအောင့်၊ ဝမ်းကိုက်၊ သွေးဝမ်းသွား၊ သွေး
မြင်းသရိုက်၊ မီးယပ်သွေးလွန်ခြင်းအတွက် ) လောက်သေရွက် နှင့် ထားဝယ်မှိုင်းရွက်ကို ရေနွေးဖြော၍ သုပ်စားပေးပါက ထိုရောဂါတို့ကို ရပ်တန့်စေပါသည် ။

* ( ခေါင်းကိုက်ခြင်း၊ ခေါင်းပူခြင်း၊ ဘောက်ထခြင်း၊ ယားခြင်း၊ သန်းပေါခြင်း အတွက် ) လောက်သေရွက် နှင့်
စကားစိမ်းပွင့်ခြောက်တို့ကို နှမ်းဆီစစ်စစ်နှင့် စိမ်ပြီးခေါင်းလိမ်းဆီ အဖြစ် အသုံးပြုပါက ထိုရောဂါများ ကင်းဝေးပြီး ( ဦးနှောက် ) ကို ကြည်လင်စေပါဧ။် ။

* လောက်သေရွက် နှင့် ဆောက်ပြာရွက် နှစ်မျိုးကိုပြုတ်၍ ရေနွေးနွေးဖြင့် မီးဖွားပြီး မိခင်ကို၎င်း၊ ကလေးကို၎င်းချိုးပေးပါက ( ကျဗဟုံးရောဂါ (သူငယ်နာ ငန်းရောဂါ ) ၊ မွေးကတည်းက ပါလာသော သူငယ်နာမျိုးစုံ ၊ အကြောတက်၊ အကြောကပ်၊ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ်သော ရောဂါများ) ကိုကာကွယ်နိုင်ဧ။် ။

* လောက်သေရွက်ကို ကိုယ်ပူချွဲထ၊ အညှော်ဝင်၊ ချောင်းဆိုး၊ နှာဆေး၊ နှာပိတ်ရောဂါအတွက် ဆေးဝါးဖော်
စပ် သုံးနိုင်ဧ။် ။

* လောက်သေရွက်၊ ရေခရာရွက်၊ နနွင်းရိုးရိုး တို့ကို အရွက်ဆတူ အကျွမ်းလှော်၍ နှမ်းဆီနှင့် ဖျော်လိမ်းပါက
( ကလေးများ ချက်ကြိုး၊ ချက်တိုင် ကိုက်ခြင်း) ကို ပျောက်ကင်း၍ ချက်ြကိုး ကြွေလွယ်ဧ။် ။

* မိခင်များ နို့ချောင်းပိတ်ခြင်း၊ နို့နာ၊ နို့ပျဉ်းထခြင်း အတွက် လိမ်းပေးပါက လျင်မြန်စွာ သက်သာပျောက်ကင်း
စေပါဧ။် ။

* ( ကလေးများ အနာစက်၊ ဝဲစို ၊ အိုင်းနာ ) အတွက်လောက်သေရွက် အကျွမ်းလှော်၍ ရေနံချေးစစ်စစ်နှင့် လူး
ပေးလျှင် ပျောက်ကင်းဧ။် ။

* ကျွဲ နွားများ အနာပေါက်၍ လောက်ကောင်များကျခြင်း၊
ငါးပိအိုးတွင် လောက်ကောင်များကျပါက ထိုအရွက်ကိုထောင်း၍ အမှုန့်ဖြူးပေးပါက လောက်သေ၍ အနာ အသားနု တက်စေပါသည် ။
<< မြန်မာ့ဆေးဝါးပင်များမှ ကူးယူဖော်ပြပါသည် ။ >>
ကျမ်းကိုး.. အရှင်နာဂသိမ် ပုံပြဆေးအဘိဓာန်

သင့်ကျန်းမာရေး တိုင်းရင်းဆေး

No comments:

Post a Comment