Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 20, 2018

ယနေ့တွင်နာမည်ကြီးနေသောတက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄


ယနေ့တွင်နာမည်ကြီးနေသောတက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာ
ကျွန်မ၏ အဘွား ဒေါ်အေးခင် ကိုယ်တိုင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်.
အင်းယား ကန်စပ်မှာမြေ ၂ ဧကကို တန်ဖိုး ၈၀၀၀၀ ကျပ် နှင့်ဝယ်ယူပြီး
England မှ architect ကို ဒီဇိုင်းအပ်နှံပြီးဆောက်လုပ်ခဲ့ရာ ကျပ်ငွေ ၁၅၀၀၀၀
ခန့်ကုန်ကြခဲ့ပါတယ်.

အိမ်ပိုင်ရှင်အဘွား ဒေါ်အေးခင် (ရန်ကုန် ဇာတိ) နဲ့
အဘိုးဦးကံမြင့် ( သုံးခွ ဇာတိ) တို့မှာ ကျွန်မ အဖွား ဒေါ်အုန်းကြည်အပါအဝင်
သားသမီး ၆ ဦးထွန်းကားခဲ့ပါတယ်
အဘိုးဦးကံမြင့်ဟာ ငယ်ရွယ်စဉ်မှာပဲ ရောဂါနဲ့ဆုံးပါးသွားရလို့ သားသမီးများနဲ့ ကျန်ခဲ့တဲ့ အဘွားကို
အဘိုးရဲ့ ညီအရင်းဖြစ်သူဦး သိန်းမောင်နဲ့ လက်ထပ်စေခဲ့ပါတယ်.
ဦး သိန်းမောင်နဲ့ သားတစ်ဦး ထပ်မံထွန်းကားခဲ့ပါတယ်.

စစ်ကြီးပြီးသွားချိန်မှာဦးသိန်းမောင်ဟာ စစ်တွင်းလက်ကျန်ပစ္စည်းများလေလံတင်ရာမှာ စီးပွားရေးလုပ်လို သဖြင့်အဘွား ဒေါ်အေးခင်နှင့်ပြောဆိုကြရာ
သဘောတူညီမှုမရသဖြင့် အိမ်ဂရံကို ပေါင်၍ လုပ်ကိုင်ရန်ကြိုးစားခဲ့ပါသည်.
ဒေါ်အေးခင် မကျန်းမာနေခိုက် ဘဏ်တွင်လူစားထိုး လက်မှတ်ထိုး၍ ပေါင်ခဲ့ပါသည်.
ထိုအတော အတွင်းမှာပဲဒေါ်အေးခင်မှာ အသက် ၅၀ မပြည့်မှီတွင်ပဲ
နာမကျန်းဖြစ်ကာဆုံးပါးခဲ့ပါသည်.
အဘိုးရော အဘွားမှာ ၎င်းတို့ကိုယ်တိုင်ဆောက်ခဲ့ပြီးမြတ်နိုးလှသော အိမ်ကြီးတွင်ပင်
သက်တမ်းစေ့မနေရပဲ ခေါင်းချခဲ့ကြသည်.

ထိုအချိန်တွင် ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ကျန်ရစ်သူ ဒေါ်ခင်ကြည်အား နိုင်ငံတော်မှ
စောင့်ရှောက်ရန်မေးမြန်းရာကန်စပ်နှင့် အိမ်အမျိုးအစားကို နှစ်ခြိုက်ကြောင်း
ပြောကြားခဲ့ပါသည်.
ထိုအချိန်က ရန်ကုန်တွင် အင်းယားကံစပ်၌ဆောက်ထားသော အိမ် သုံးလုံးတိတိသာရှိပါသည်.
တစ်ခုမှာ သတင်းစာ သမားတစ်ဦး၏အိမ်တစ်ခု မှာ မျက်နှာဖြူစာသင်ကျောင်းဖွင့်ထားသောအိမ်နှင့် တစ်ခုမှာ ကျွန်မတို့ အဘွား၏အိမ်ဖြစ်ပါသည်.
တချိန်ထဲ မှာပဲ တဖက်တွင်ဂရံပေါင်ထားကြောင်းသိရှိ၍ငွေကြေးအလုံအလောက်နှင့် ရွေးရန်ကြိုးစားရာ( ဒေါ်ခင်ကြည်၏ ပယောဂ တစ်စုံတရာမပါပါ)အခက်အခဲများကြောင့် မရွေးနိုင် ခဲ့ပဲ
ဦးနုမှ တဆင့်ဒေါ်ခင်ကြည် လက်ထဲရောက်ခဲ့သည်ဟုသာပြောလိုပါသည်

ဒေါ်အေးခင်၏သမီးရင်းကျွန်မ၏အဖွား ဒေါ်အုန်းကြည် မှာ အဖိုး ဦးကျင်သောင်းနဲ့ လက်ဆက်ခဲ့ပြီး
သားသမီး ၇ ယောက် အဖတ်တင်ခဲ့ပါတယ်.
ဒေးဒရဲသား အဖိုးနှင့်အဖွား၏ပထမသားသမီး ၅ ယောက်မြောက်ထိ
ခြံအမှတ် ၅၄ မှာ ပဲမွေးဖွားနေထိုင်ကြီးပြင်းခဲ့ရပြီးထို ၅ ဦးထဲက ၄ ဦးမှာ
ယခုထိ သက်ရှိထင်ရှားရှိနေပါတယ်. တစ်ဦးကတော့ ကွယ်လွန်သွားပါပြီ.
အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့ကျွန်မ အမေနဲ့ အဒေါ်ကိုတော့ အမှတ် ၅၄
ကနေရွှေ့ပြောင်းခဲ့ရပြီးမှ ဆရာစံလမ်းကအိမ်အသစ်တွင်မွေးဖွားခဲ့ပါသည်

ဤ အကြောင်းများဖော်ပြရာတွင်
*သမိုင်းရေးရာတွင်ဖယ်ချန်ခဲ့၍မရသောအမွေအနှစ်တစ်ခုအကြောင်းပိုမိုသိရှိစေချင်ခြင်း
*မိမိ အဘိုး အဘွား များဆောက်ခဲ့၍ ဂုဏ်ယူမိခြင်း
*ထိုအိမ်ကြီးသည် နိုင်ငံတွင် အလွန်အရေးပါသော အခန်းကဏ္ဍ များစွာတွင်
အထောက်အပံ့ဖြစ်ခဲ့ခြင်းကြောင့် မိမိဘဝတွင် အမှတ်တရဖြစ်ခဲ့ရခြင်းတို့သာ စိတ်ထဲရှိပါသည်.

မည်သည့် လူမှုရေး စီးပွားရေး နိုင်ငံရေး ကျော်ကြားရေးအကျိုးအမြတ် တစုံတရာမျှပါဝင်ပတ်သတ်လိုမှု တစိုးတစဉ်းမျှ မရှိပါကြောင်း ပြတ်သားစွာအသိပေးအပ်ပါတယ်ရှင်.

**ယခုကဲ့သို့ဖော်ပြရာတွင် မိမိတို့ အမျိုးသာ ခြံပိုင်ရှင်အစစ်အမှန်ဖြစ်သည်
ဟု ပြောလိုခြင်း လုံးဝမပါဝင်ပါ."မူလပိုင်ရှင်" သာဖြစ်ပါသည်.

Social Media ပေါ်တွင် အဓိပ္ပါယ်သွေလဲသွားစေသောအရေးအသားများအားတွေ့ရသဖြင့်
ထပ်မံဖြည့်စွက်လိုက်ပါသည်.
မည်သည့် interview ကိုမျှလဲ ဖြေကြားရန် အစီအစဉ်မရှိပါ.
ကျေးဇူးတင်ပါသည်ရှင်
ဝတ်ရည်ဖြူ


အဖွား ခြံအမှတ် ၅၄ တွင် အိမ်နောက်ခံနှင့်
 ကန်စပ်
 အဘိုးဦးကံမြင့်
 အဖိုးနဲ့အဖွား ခြံအမှတ် ၅၄ အိမ်မှာပဲ
မင်္ဂလာဆောင်စဉ်
 အဖွား ဒေါ်အုန်းကြည်
 ဒီနားလေးပဲ... နောက်မှာ.
 အဖိုးဦးကျင်သောင်း

အဖိုးနဲ့ အဖွား ခြံအမှတ် ၅၄ တွင် အင်ယားကန် နောက်ခံနှင့်

No comments:

Post a Comment